Elon Musk ရဲ့ နည်းပညာကုမ္ပဏီမှ ထုတ်တဲ့ ဆန်းဆန်းပြားပြား ဘောင်းဘီတိုအနီ

Instagram- @elonmusk

Telsa ဆိုတဲ့ ကုမ္ပဏီကိုတော့ နည်းပညာနဲ့ သိပ္ပံပညာရပ်တွေကို စိတ်ဝင်စားသူဆိုရင်  တော်တော်လေး ရင်းနှီးနေမှာပါ။ နည်းပညာဆိုင်ရာ ပစ္စည်းတွေပဲ ထုတ်ပြီး ကုမ္ပဏီပိုင်ရှင်ကတော့ နည်းပညာဖခင်ကြီးလို့ တင်စားနေကြတဲ့ Elon Musk က ပိုင်တာပါ။

View this post on Instagram

Elon Musk in 2008 ♻️

A post shared by @ elonmusk on

CNN က ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်အရ Telsa ဟာ နည်းပညာနဲ့ ဘာမှမသက်ဆိုင်တဲ့ ပစ္စည်းတစ်ခုကို ရောင်းချခဲ့ပါတယ်တဲ့။ အဲဒါကတော့ ဘောင်းဘီတိုပါ။ အားကစားလုပ်ရင် ဝတ်ရတဲ့ ဘောင်းဘီတိုမျိုးဖြစ်ပြီး အရောင်ကလည်း အနီရောင်တစ်ရောင်ထဲပဲရှိနေပါတယ်။ နာမည်ကလည်း အဆန်း “Short shorts” ပါတဲ့လေ။ မြန်မာလိုဆို “ဘောင်းဘီတို တို” လို့တောင် ပြောရမလိုပဲ။ အဆန်းကြီး။

READ
(၆.၁၀.၁၈)မှ (၁၂.၁၀.၁၈)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ပြီးခဲ့တဲ့အပတ်တုန်းကပဲ Elon Musk ဟာ သူ့ရဲ့ Twitter ပေါ်မှာ အဲဒီ short shorts တွေကို အရေအတွက် အကန့်သတ်နဲ့ ရောင်းချပေးမယ်ဆိုပြီး  ကြော်ငြာခဲ့ပါတယ်။  ကြောငြာပြီးပြီးချင်းမှာပဲ လူတွေရဲ့ စိတ်ဝင်စားမှုတွေ အရမ်းမြင့်တက်လာခဲ့ပြီးတော့  ရောင်းရလွန်းလို့ Telsa website ကြီးတောင်မှပဲ ခဏလောက် ပျက်သွားခဲ့ပါတယ်တဲ့လေ။

ဒါတောင်  ရောင်းဈေးဟာ တစ်ထည်ကို ၆၉.၄၂၀ တောင်ရှိတာပါတဲ့။ Elon Musk ကတောင် “Dang, we broke the website.” လို့တောင် Twitter မှာ တအံ့တသြတင်ထားရပါတယ်။

Penny

SHARE