လိင်တူလက်ထပ်ခွင့်ကို ဥပဒေနဲ့ တရားဝင် လက်ခံထားကြတဲ့တိုင်းပြည် ၂၇ ခု

weniliou/shutterstock

လိင်တူချစ်ကြိုက်ခြင်းဆိုတာ တကယ်တော့ လူနှစ်ယောက်ရဲ့လွတ်လပ်ပိုင်ခွင့်တစ်ခုပဲဖြစ်ပါတယ်။ အမြင်မကျယ်ကြသေးခင်တုန်းက LGBTQ တွေကို ရှုတ်ချခ့ကြပေမယ့်လည်း ၂၁ ရာစုအနောက်ပိုင်းမှာတော့ လိင်တူချစ်သူတွေ်နဲ့ LGBTQ လောကသားတွေကိုပါ အမြင်ကျယ်ကျယ်နဲ့ လက်ခံပေးလာခဲ့ကြတာကို တွေ့ရပြီး တချို့သောနိုင်ငံတွေဟာဆိုရင်လည်း ဥပဒေအကြောင်းအရ လက်ထပ်ထိမ်းမြားခွင့်ကို တရားဝင်အဖြစ်ပါ သတ်မှတ်ခဲ့ကြပါတယ်။ ဒီလိုလက်ခံထားခဲ့တဲ့ နိုင်ငံတွေပေါင်းဟာ လက်လှမ်းမီသလောက်တော့ ၂၇ နိုင်ငံရှိတယ်လို့ Insider မှ ဖော်ပြချက်အရသိရပြီး အဲဒီအထဲကမှ ၁၀ နိုင်ငံလောက်ရဲ့ အကျဉ်းချုပ်အချက်အလက်လေးတွေကို ဖော်ပြရင်း နောက်ဆုံးမှာတော့ ကျန်တဲ့နိုင်ငံတွေရဲ့နာမည်နဲ့ တရားဝင်လက်ထပ်ခွင့်ရခဲ့တဲ့ ခုနှစ်တွေကို ဖော်ပြပေးသွားမှာပါ။

(၁) အာရှနိုင်ငံတွေထဲ လိင်တူလက်ထပ်ထိမ်းမြားခွင့်ကို ပထမဆုံးတရားဝင်ဥပဒေပြဌန်းကာ ခွင့်ပြုခဲ့တာကတော့ ထိုင်ဝမ်ပါ။ ၂၀၁၉ ခုနှစ် မေလ ၂၄ ရက်ကမှ ပူပူနွေးနွေးကြေငြာခဲ့တာပဲဖြစ်ပါတယ်။

weniliou/shutterstock

(၂) ၁၉၉၉ ခုနှစ်လောက်ကတည်းက ကနေဒါရဲ့ပြည်နယ်တော်တော်များများမှာ ဟိုတစ်နေရာ၊ ဒီတစ်နေရာနဲ့လိင်တူချစ်သူတွေကို တရားဝင်ထိမ်းမြားခွင့်ပြုထားခဲ့ပမေယ့်လို့ တစ်နိုင်ငံလုံးအနေနဲ့ လွတ်လပ်ခွင့်ရသွားခဲ့တာကတော့ ၂၀၀၅ ခုနှစ်မှာပါ။

BalkansCat/shutterstock

(၃) စပိန်လွှတ်တော်ဟာလည်း ၂၀၀၅ ခုနှစ်မှာပဲ ဘယ်လိုလိင်တိမ်းညွန့်စိတ်ရှိသူမဆို ကြိုက်တဲ့လူနဲ့ကြိုက်သလိုလက်ထပ်နိုင်ပြီဆိုပြီး ကြေငြာခဲ့ပါတယ်။

Sonia Bonet/shutterstock

(၄) နော်ဝေးကတော့ ၁၉၉၃ ခုနှစ်ကတည်းက လိင်တူချစ်သူတွေအတွက် အခွင့်အရေးတွေပေးနေခဲ့ပြီး တစ်နိုင်ငံလုံးအအနေဲ့ တရားဝင်ဖြစ်ဖို့အတွက်တော့ ၁၅ နှစ်တောင် ကြာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ကြပြီး ၂၀၀၉ ခုနှစ် ဇန်နဝါရီလထဲမှာတော့ လိင်တူလက်ထပ်မှုကို တရားဝင်ခွင့်ပြုစေခဲ့ပြီး ကလေးမွေးစားခြင်းနဲ့ အငှားကိုယ်ဝန်ဆောင်ခြင်း၊ ဖန်ပြွန်သန္ဓေသားစနစ်တွေကိုပါ ပူးတွဲခွင့်ပြုပေးခဲ့ပါတယ်။

READ
တိရစ္ဆာန်ပေါင်းများစွာတို့ရဲ့ အသက်ကိုကယ်တင်ပေးနေတဲ့ ကမ္ဘာပေါ်ကတံတားများ
Yaroslav Melnik

(၅) Iceland ကတော့ ၂၀၁၀ ခုနှစ်မှာ ခွင့်ပြုပေးခဲ့ပြီး ဒီဥပဒေထွက်ထွက်ခြင်းမှာပဲ Iceland ရဲ့ ဝန်ကြီးချုပ် Jóhanna Sigurðardóttir ဟာ နှစ်အကြာတွဲခဲ့တဲ့ Jonina Leosdottir နဲ့ အမျိုးသမီးချင်း လက်ထပ်ထိမ်းမြားခဲ့ပါသေးတယ်။

Gustavo Frazao/shutterstock

(၆) ၂၀၁၀ ခုနှစ်မှာ တရားဝင်ဥပဒေပြဌန်းခဲ့တဲ့ အာဂျင်တီးနားဟာဆိုရင်လည်း လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုခဲ့တဲ့ ပထမဦးဆုံး Latin American နိုင်ငံတစ်ခုပါ။

Gaby Campo/shutterstock

(၇) နယူးဇီလန်ကတော့ ၂၀၁၃ ခုနှစ်မှာ ခွင့်ပြုခဲ့ပြီး ပထမဆုံးသော Asia-Pacific နိုင်ငံပဲဖြစ်ပါတယ်။

Marek Szandursk/shutterstock

(၈) ပြင်သစ်မှာတော့ သမ္မတ Francois Hollande ဟာ လိင်တူလက်ထပ်ခွင့်လွတ်လပ်ရေးကို ၂၀၁၃ ခုနှစ်မှာ ကိုယ်တိုက်လက်မှတ်ထိုးကာ ခွင့်ပြုခဲ့ပါတယ်။

Alan Gamble/shutterstock

(၉) အင်္ဂလန်နဲ့ Wales တို့ကတော့ UK ရဲ့ ပထမဦးဆုံးသော လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုခဲ့တဲ့ တိုင်းပြည်တွေပါ။ ၂၀၁၄ ခုနှစ်မှာ ဥပဒေကို အသက်သွင်းခဲ့ပါတယ်။

lonndubh/shutterstock

(၁၀) အမေရိကန်ကတော့ ၂၀၁၅ ခုနှစ်မှာ တရားဝင်ခဲ့ပေမယ့် ပြည်နယ်အခု ၅၀ နဲ့ ကိုလမ်ဘီယာပြည်နယ်တို့ ရှိတဲ့အနက် ယခုလက်ရှိအထိတော့ ၃၇ ပြည်နယ်သာ ဥပဒေအသက်ဝင်နေပါတယ်။

READ
သင်လုံးဝ သတိထားမိမှာ မဟုတ်တဲ့ ထူးထူးဆန်းဆန်း အချက်အလက်များ
Andrei Orlov/shutterstock

ကျန်တဲ့နိုင်ငံတွေကတော့..

(၁၁) ၂၀၀၁ ခုနှစ်မှာ နယ်သာလန်

(၁၂) ၂၀၀၃ ခုနှစ်မှာ ဘယ်လ်ဂျီယံ

(၁၃) ၂၀၀၆ ခုနှစ်မှာ တောင်အာဖရိက

(၁၄) ၂၀၀၉ ခုနှစ်မှာ ဆွီဒင်

(၁၅) ၂၀၁၀ ခုနှစ်မှာ ပေါ်တူကီ

(၁၆) ၂၀၁၂ ခုနှစ်မှာ ဒိန်းမတ်နိုင်ငံ

(၁၇) ၂၀၁၃ ခုနှစ်မှာ ဥရုဂွေး

(၁၈) ၂၀၁၃ ခုနှစ်မှာ ဘရာဇီးလ်

(၁၉) ၂၀၁၄ ခုနှစ်မှာ စကော့တလန်

(၂၀) ၂၀၁၅ ခုနှစ်မှာ Luxembourg

(၂၁) ၂၀၁၅ ခုနှစ်မှာ Ireland

(၂၂) ၂၀၁၅ ခုနှစ်မှာပဲ Greenland

(၂၃) ၂၀၁၆ ခုနှစ်မှာ ကိုလမ်ဘီယာ

(၂၄) ၂၀၁၇ ခုနှစ်မှာ ဂျာမနီနဲ့

(၂၅) မြေထဲပင်လယ်ကျွန်းတွေထဲကတစ်ခုဖြစ်တဲ့ Malta ဟာဆိုရင်လည်း ၂၀၁၉ အစောပိုင်းမှာတုန်းက တရားဝင်ခွင့်ပြုချက် ထုတ်ပေးခဲ့ပြီး 

(၂၆)၂၀၁၉ ခုနှစ်မှာ Finland

(၂၇) ၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှာ သြစတေးလျတို့ပဲဖြစ်ပါတယ်။

Penny

 

SHARE