အိမ်ငှားခ မပေးတဲ့အပြင်၊ တစ်အိမ်လုံးကို အမှိုက်ပုံကြီးသဖွယ်ထားရစ်ခဲ့တဲ့ အိမ်ငှား

Facebook / Hang Dhamin

အိမ်ရှင်နဲ့အိမ်ငှားဆိုတာ အမြဲတမ်း ညူစူစောင်းမြောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားလေ့ရှိပါတယ်။ တချို့ကျတော့ အိမ်ရှင်ဘက်က ဇီဇာကြောင် ပစိပစပ်နိုင်တာမျိုးရှိပြီး၊ တစ်ခါတလေကျပြန်တော့လည်း အိမ်ငှားဘက်က ကိုယ်ပိုင်မဟုတ်တဲ့ အိမ်ကို လက်လွတ်စပယ် ပြုမူနေထိုင်လေ့ရှိပါတယ်။

Facebook / Hang Dhamin

အခုလည်း မလေးရှားနိုင်ငံ၊ ပီနန်က အိမ်ရှင်တစ်ယောက်ဟာ သူငှားထားတဲ့ အိမ်ကို အိမ်ငှားဘက်က အဖိုးအခ မပေးချေတဲ့အတွက် ဝင်ရောက်စစ်ဆေးခဲ့ရာ၊ အတော်လေးကို စိတ်ပျက်ဖွယ်ရာကောင်းတဲ့ မြင်ကွင်းကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီအိမ်ကို ငှားရမ်းနေထိုင်တဲ့ မိသားစုကို မတွေ့ခဲ့ရပေမယ့် တစ်အိမ်လုံး ရစရာမရှိအောင် စုတ်ပြတ်နေခဲ့တာပါ။

Facebook / Hang Dhamin

ဒီအကြောင်းကို အိမ်ပိုင်ရှင်ရဲ့သူငယ်ချင်းဖြစ်တဲ့ Hang Dhamin က လူမှုကွန်ရက်မှာ ပြန်လည်ဖြန့်ဝေခဲ့တာပါ။ ပုံတွေမှာ အားလုံးမြင်ရတဲ့အတိုင်းပဲ အိမ်တစ်လုံးနဲ့မတူတော့ပဲ စုပေါင်းအမှိုက်ပုံကြီးလို ဖြစ်နေတာကို တွေ့ရမှာပါ။ Hang ရဲ့ အဆိုအရ အိမ်ငှားမိသားစုဟာ အိမ်လခပေးဖို့ လပေါင်းများစွာ ပျက်ကွက်ခဲ့လို့ အခုလို ဝင်စစ်ခဲ့တာလို့ ပြောပါတယ်။

READ
ညီအစ်မတွေလို့ ထင်မှတ်ခံရတဲ့ သားအမိနှစ်ယောက်၊ တက္ကသိုလ်မှ ဘွဲ့အတူတူ ရရှိခဲ့
Facebook / Hang Dhamin

နောက်ပြီး အိမ်ငှားကို သော့တောင်းတော့လည်း သော့ပေးဖို့ ငြင်းဆန်ခဲ့ပါသတဲ့။ နောက်တော့ အိမ်ပိုင်ရှင်က ဘယ်လိုမှ သည်းမခံနိုင်တဲ့အဆုံး ရဲဘက်ကို အမှုဖွင့်ပြီး အိမ်တံခါသော့ကိုဖျက်ကာ ဝင်ရောက်စစ်ဆေးခဲ့တာပါ။ ပိုင်ရှင်ရဲ့စိတ်ထဲမှာလည်း အိမ်ကို ရှင်းလင်းပြီးတာနဲ့ အခြား အိမ်ငှားမိသားစုတစ်ခုကို ထပ်ငှားဖို့ စိတ်ကူးခဲ့ပေမယ့်၊ မြင်လိုက်ရတဲ့ မြင်ကွင်းက အမောစို့သွားစေတယ်လို့ ဆိုပါတယ်။

အထဲက တောင်ပုံရာပုံဖြစ်နေတဲ့ အမှိုက်တွေကြောင့် အိမ်တံခါးကိုတောင် ခက်ခက်ခဲခဲ ဖွင့်ခဲ့ရပါတယ်။ တစ်ချို့နေရာတွေမှာ အပေါ်မျက်နှာကျက်နဲ့ ထိလုမခန်း ဖြစ်နေပါတယ်။ ဒီလောက် ဆိုးရွားတဲ့ အိမ်ငှားမျိုးတော့ ဘယ်မှာမှ ရှိနိုင်မယ်မထင်ပါဘူး။ ကြောင်မကြီးတစ်ကောင်ကလည်း အမှိုက်ပုံထဲလာပြီး သားပေါက်ထားတယ်လို့ သိရပါတယ်။ အဲဒီအိမ်ကို သန့်ရှင်းရေးလုပ်ဖို့ အိမ်ရှင်ခမျာ ရက်တော်တော်ကြာအောင် အချိန်ပေးခဲ့ရပါတယ်။

Posted by Hang Dhamin on Monday, September 30, 2019

လင်းသူရိန်

SHARE