သူဌေးချီးမြှင့်တဲ့အန်ပေါင်းကို ညအိပ်ပြီးတောင် တန်းစီစောင့်ယူခဲ့ကြတဲ့ ၀န်ထမ်းများ

တရုတ်နိုင်ငံက Tencent Holdings ရဲ့ အမှုဆောင်ဥက္ကဌချုပ်ဖြစ်တဲ့ ပိုနီမားဟာ တရုတ်နှစ်သစ်ကူးမှာ ၀န်ထမ်းတွေနဲ့အတူ ကံကောင်းခြင်းတွေ မျှဝေလိုတာကြောင့် အနီရောင်စာအိတ်လေးတွေကို ပေးခဲ့ပါတယ်။ ၄င်းစာအိတ်လေးတွေကတော့ အများသိပြီးဖြစ်တဲ့အတိုင်း ငွေသားထည့်ထားတဲ့ အန်ပေါင်း(ဟုန်ပေါင်း) တွေဖြစ်ပါတယ်။ နန်ရှန်းခရိုင် ရှန်းကျန်းမြို့မှာရှိတဲ့ ကုမ္ပဏီရုံးခွဲအသစ်တွေမှာတော့ ၀န်ထမ်းပေါင်းများစွာတို့ဟာ အန်ပေါင်းရဖို့ စီတန်းကြရာမှာ အလွန်ရှည်လျားလှတဲ့ လူတန်းကြီးတစ်ခုတောင် ဖြစ်နေတာကို ဓာတ်ပုံတွေမှာ တွေ့ရမှာပါ။

nextshark

တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်လူမျိုးသူဌေးတွေက လက်အောက်ငယ်သား ၀န်ထမ်းတွေကို အန်ပေါင်းပေးတာဟာ ရိုးရာတစ်ခု ဖြစ်လို့နေပါတယ်။ အချို့ ၀န်ထမ်းတွေဟာဆိုရင် အန်ပေါင်းလိုချင်လွန်းလို့ အဆောက်အဦးအပြင်မှာ ယာယီတဲထိုးပြီးတောင် ညအိပ်စောင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ညအိပ်စောင့်တဲ့ ၀န်ထမ်းတွေကတော့ သူဌေးနဲ့ အထက်လူကြီးတွေဆီကနေ ဦးဦးဖျားဖျား အန်ပေါင်းလိုချင်တဲ့သူတွေပဲ ဖြစ်ပါတယ်။ လူတန်းကြီးဟာ ရှည်လျားလွန်းလို့ ကုမ္ပဏီရဲ့ ပင်မအဆောက်အဦးကြီး တစ်ဝိုက်အပြင် အဆောက်အဦးရဲ့ (၄၈) ထပ်ထိတောင် တသီတတန်းကြီး ရှိနေပါတယ်။

READ
သရဲတစ်ကောင်နဲ့ ချစ်တင်းနှောခဲ့ဖူးကြောင်း ထူးထူးခြားခြား ဝန်ခံခဲ့တဲ့အမျိုးသမီး
nextshark

အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ ဓာတ်ပုံတွေအရ ၀န်ထမ်းတွေဟာ ကြီးမားလှတဲ့ တရုတ်စာလုံး “ဖူ” သဏ္ဍာန်အတိုင်း တန်းစီနေကြတာ ဖြစ်ပြီး “ဖူ” စကားလုံးဟာ ကြီးပွားချမ်းသာခြင်းဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ ထူးခြားတာက တန်းစီနေတဲ့ ၀န်ထမ်းတွေဟာ ၄င်းတို့ရဲ့ ကံအလိုက် အန်ပေါင်းရတဲ့ ငွေသားပမာဏတွေ မတူညီကြပါဘူး။

nextshark
nextshark

“ကျွန်တော်က သုံးနာရီလောက် စောင့်လိုက်ရတယ်။ အထက်လူကြီးလေးယောက်ဆီက စုစုပေါင်း ယွမ်(၂၀၀) (ဒေါ်လာ ၃၀) လောက် ရပါတယ်…” လို့ တစ်ယောက်က ဆိုတဲ့အပြင် ၀န်ထမ်းတစ်ယောက်ကလည်း “ကျွန်တော်က သူဌေးဆီက ယွမ်(၁၀၀) (၁၅ ဒေါ်လာ) နဲ့ အထက်လူကြီးသုံးယောက်ဆီက ယွမ်(၅၀) (၇ ကျပ်ခွဲ) ရတယ်…” လို့ ပြောပြပါတယ်။ Tencent Holdings ရဲ့ ၀န်ထမ်းတွေကို အန်ပေါင်းချီးမြှင့်ပွဲမှာတော့ ငွေသားဘယ်လောက် သုံးစွဲခဲ့တယ်ဆိုတာနဲ့ ၀န်ထမ်းဦးရေ ဘယ်နှစ်ယောက် တန်းစီခဲ့တယ်ဆိုတာတော့ မသိရှိရပါဘူး။

READ
နယူးဂျာစီကပြင်းထန်တဲ့ ရထားတိမ်းမှောက်မှုကြောင့် နှစ်ဦးသေ၊114 ဦးဒဏ်ရာရ

လင်းလင်း (ShweMom)

Ref: nextshark

SHARE