မိန်းမလိုချင်နေကြောင်းကို ဗီနိုင်းထောင်ပြီး ပေါ်တင်ကြေညာခဲ့တဲ့အမျိုးသား

Malay Mail

ဒီနေ့ခေတ်မှာ ချစ်သူရှာတဲ့၊ ကြင်ဖော်ရှာတဲ့ Dating App တွေ ဘယ်လောက်ပဲ ခေတ်စားနေတယ်ပြောပြော နည်းပညာပိုင်းကို လိုက်မမီတဲ့ တချို့တွေအတွက်တော့ အဲဒါတွေက အသုံးမ၀င်ပါဘူး။ ကိုယ်တိုင်ကလည်း အဲဒီလို App တွေကို မသုံးတတ် ၊ မိန်းမ ကလည်း လိုချင်နေ ၊ ဒါပေမယ့် ရည်းစားတောင်မှ မရှိ။ ဒီလိုအခြေအနေတွေဆိုရင် ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မှာပါ။ ဘေးလူတွေ အားကိုးနေရင်လည်း မိန်းမ ရဖို့ လမ်းမမြင်ဘူးလေ။

မလေးရှားနိုင်ငံ၊ တီရန်ဂါနူ ပြည်နယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ကတော့ မိန်းမလိုချင်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး စွန့်စားမှုကြီးတစ်ခုကို ပြုလုပ်လိုက်ပါတော့တယ်။

အသက် (၃၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဇီယို ဆိုသူ အမျိုးသားဟာ သူနေထိုင်တဲ့ ပြည်နယ်အတွင်းမှာ ဇနီးသည်တစ်ဦးကို ရှာဖွေနေတဲ့အကြောင်း ကြေညာတဲ့ ဗီနိုင်း တွေ ရိုက်နှိပ်ပြီး နေရာအနှံ့မှာ လိုက်ချိတ်ထားခဲ့တာပါ။

READ
မင်္ဂလာဆောင်ဓာတ်ပုံတွေကို အဆန်းထွင်ရိုက်ကူးခဲ့ကြတဲ့ ရုရှားစုံတွဲများ
Malay Mail

ပြည်နယ်အတွင်းက လူစည်ကားရာ နေရာတွေမှာ အဇီယို ရဲ့ ဗီနိုင်းတွေကို တွေ့နေရပြီး အဲဒီဗီနိုင်းပေါ်မှာ သူ့ရဲ့ ဓာတ်ပုံ၊ အသက်၊ ကိုယ်အလေးချိန်၊ အလုပ်အကိုင်တွေနဲ့အတူ ဆက်သွယ်လို့ရမယ့် ဖုန်းနံပတ်တွေကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။

အဇီယို က အလုပ်အကိုင်နေရာမှာ ကျပန်းလုပ်ကိုင်သူ လို့ ရေးသားထားတာဖြစ်ပြီး အဲဒီ ဗီနိုင်းတွေ ချိတ်ဆွဲလို့ နာရီပိုင်းအကြာမှာပဲ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံရရှိခဲ့ကြောင်း အဇီယိုက Malay Mail ကို ပြောပါတယ်။

“ကိုယ့်ကိုယ်ကိုယ်ကြေညာတဲ့အနေနဲ့ ဒီလိုလုပ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ။ အနီးအနားရွာတွေမှာ ရှိကြသူတွေအနေနဲ့ စိတ်ဝင်စားကြပြီး ကျွန်တော့်ကို ဆက်သွယ်လာမယ်ဆိုတာ ယုံကြည်ထားပါတယ်”လို့ အဇီယို က ဆိုပါတယ်။

Malay Mail

အဇီယို ရဲ့ လုပ်ရပ်က အများအမြင်မှာ ရယ်စရာ ဖြစ်နေခဲ့ပေမယ့်လည်း သူလိုချင်တာကို ပြောင်ပြောင်တင်းတင်းဖော်ပြရဲတဲ့ စိတ်ဓာတ်ကိုတော့ သဘောကျတယ်လို့ မှတ်ချက်ပေးသူတွေ ရှိနေပါတယ်။

READ
ပျော်ရွှင်ခြင်းပမာဏကို မြင့်တင်ပေးမယ့် တိရစ္ဆာန်လေးတွေရဲ့ ချစ်စဖွယ်ဓာတ်ပုံများ

ကဲ…သင်လည်း မိန်းမလိုချင်နေပြီလား။ အဇီယို လို ကြေညာလိုက်တော့လေ….။

Linn

SHARE