လူနာကို အသက်စွန့်ကုသခဲ့တဲ့ ဆရာဝန်၊ သူ သေဆုံးပြီးနောက် မျက်ကြည်လွှာပါလှူခဲ့

ဆရာဝန်ရဲ့ အဓိကအကျဆုံးအလုပ်ကတော့ လူနာကို သေဆုံးခြင်းကနေ တက်နိုင်သမျှ ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ ပင်မအလုပ်ကြီးပါ။ တရုတ်နိုင်ငံ Jiangsu စီရင်စုမှာ တာဝန်ကျတဲ့ ဒေါက်တာ Chen ကတော့ အသည်းအသန် နေမကောင်းဖြစ်နေတဲ့ကြားက သူ့ရဲ့ နောက်ဆုံးလူနာကို ရအောင်ဆေးကုခဲ့သူဖြစ်ကြောင်း Viral4real မှာ ဖော်ပြထားပါတယ်။

ဒေါက်တာ Chen ဟာ ခွဲစိတ်အထူးကုပါရဂူတစ်ယောက်ဖြစ်ပြီး၊ ဆေးရုံရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမသေဆုံးခင်မှာ ခွဲစိတ်မှုပေါင်း ထောင်ချီနဲ့ လူတွေရဲ့ အသက်ကို ကယ်ဆယ်ခဲ့ပြီး၊ လုပ်သက် နှစ်ပေါင်း 30 ကျော် ရှိခဲ့ပါတယ်။

Viral4real

ဒေါက်တာ Chen ဟာ ဆေးကုသမှုကို အလွန်လေးစားလိုက်နာသူဖြစ်ပြီး၊ ဆေးရုံခွဲစိတ်မှုမှန်သမျှကို အောက်ငယ်သားတွေနဲ့ လွှတ်ပေးထားတာမျိုး တစ်ခါမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ သူသေဆုံးချိန်မှာ အသက် 52 နှစ်သာ ရှိသေးပြီး၊ ပန်ခရိယကင်ဆာကို ကာလရှည် ခံစားနေရသူပါ။

နောက်ဆုံး သူကိုယ်တိုင် ရောဂါကြောင့် ဆေးရုံမှာ ဘုံးဘုံးလဲနေပေမယ့် သူကြည့်ရမယ့် နောက်ဆုံးလူနာကို တက်နိုင်သလောက် ၀င်ရောက်ကုသပေးရင်း ဆေးပညာနဲ့တစ်ကွ သူချစ်တဲ့ လုပ်ဖော်ကိုင်ဘက်တွေကို စွန့်လွှတ်သွားခဲ့ပါတယ်။ သူသေဆုံးတော့ သူရဲ့ မျက်ကြည်လွှာတွေကို မျက်ကြည်လွှာလိုအပ်နေတဲ့ အလှူခံပုဂ္ဂိုလ်တစ်ဦးဦးအတွက် လှူဒါန်းခဲ့ပါသေးတယ်။

READ
ဖက်ရှင်ပြပွဲမှာအကြောင်းတစ်ခုကြောင့် အမျိုးသမီးမော်ဒယ်တွေကိုမသုံးဖြစ်ခဲ့တဲ့ဆော်ဒီ
Viral4real

ဒါပေမယ့် မျက်ကြည်လွှာလှူဒါန်းမှုကို Chen မသေဆုံးခင်မှာ မိခင်ကို အပြည့်အ၀စီမံဖို့ ခွင့်ပြုခဲ့တာပါ။ သူက ” အမေရေ ဆေးပညာလောကကြီးကို ကျနော် ပေးဆပ်ရတာ မ၀သေးပေမယ့် ကျနော်အခြေအနေအရ ကြာကြာ နေရမယ်မထင်ပါဘူး .. ဒီတော့ ကျနော် ဖြစ်စေချင်တာလေးတွေကို ကျနော် နောင်ဘ၀မှာ နောင်တမရစေဖို့ အမေကပဲ ဆက်လုပ်ပေးမယ်လို့ ယုံကြည်ပါတယ် … ကျနော်မျက်ကြည်လွှာကို လိုအပ်တဲ့သူတွေဆီမှာ လှူပေးစမ်းပါ “လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာ Chen ရဲ့ မျက်ကြည်လွှာတွေကို အသက် 40 အသက် 50 အသီးသီးကို ရောက်နေကြပြီဖြစ်တဲ့ အမြင်အာရုံချို့ယွင်းနေသူ နှစ်ဦးထံ ပြောင်းလဲတပ်ဆင်ပေးနိုင်ခဲ့ပါတယ်။ ဒေါက်တာ Chen သေဆုံးသွားပေမယ့်၊ သူ့ကိုတော့ ကျန်ရစ်သူ ပြည်နယ်သူ ပြည်နယ်သားတွေက အာဇာနည်တစ်ယောက်အဖြစ် မှတ်ယူနေကြပါတယ်။

နတ်စည်တော် (Shwemom)

READ
ကမ္ဘာကြီးက အလုံးလည်းမဟုတ်၊ အပြားလည်းမဟုတ်၊ ဒိုးနပ်မုန့်ပုံစံသာဖြစ်သည်ဟု သီအိုရီများထွက်ပေါ်

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE