အားပြင်းတဲ့ လေဆင်နှာမောင်းကြီးထဲ ရောက်ရှိသွားခဲ့တဲ့ အမျိုးသမီးရဲ့ ထိတ်လန့်စဖွယ် ဗီဒီယို

ကနေဒါနိုင်ငံ၊ ဂါတီနီယူ မှာနေထိုင်တဲ့ ကာဆန်ဒရာ ဆိုတဲ့ အမျိုးသမီးကတော့ သူနေထိုင်ရာမြို့ကနေ အာကန်ဆက် မြို့ကို ခရီးသွားနေတုန်း အားပြင်းတဲ့ လေဆင်နှာမောင်းကြီးတစ်ခုနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတော့တယ်။

လမ်းခရီးမှာ လေရော မိုးပါ သည်းထန်လာခဲ့တဲ့နောက် ခရီးသွားတွေဟာ သူတို့ရဲ့ ကားတွေကို လမ်းပေါ်မှာ ဆက်လက်မောင်းနှင်နိုင်ခြင်းမရှိတော့ပဲ ရပ်တန့်ထားခဲ့ရတာပါ။

အဲဒီနောက်မှာတော့ ကာဆန်ဒရာက သူမရဲ့ အရှေ့ဖက် အနီးအနားမှာ တိုက်ခတ်နေတဲ့ လေဆင်နှာမောင်းကြီး တစ်ခုကို မြင်တွေ့ခဲ့ရပြီး လုံးဝကို ထိတ်လန့်သွားခဲ့ပါတယ်။

Unilad

‘ဒါပေမယ့်လည်း အဲဒီအချိန်မှာ ထွက်ပြေးဖို့ထက် ကားထဲမှာနေတာက ပိုပြီး လုံခြုံတယ်လို့ ကာဆန်ဒရာက ယူဆခဲ့ပုံပေါ်ပြီး လေဆင်နှာမောင်းကြီး ရွေ့လျားနေတာကို ကားထဲကနေ ထိုင်ကြည့်နေခဲ့ပါတယ်။

ကာဆန်ဒရာက သူမရဲ့ ဖုန်းကင်မရာကနေ လေဆင်နှာမောင်းတိုက်ခတ်နေပုံကို မှတ်တမ်းတင်လိုက်ပြီး စက္ကန့်အနည်းငယ်အကြာမှာပဲ လေဆင်နှာမောင်းကြီးဟာ သူ့ဖက်ကို ရွေ့လာပါတော့တယ်။

READ
ပေါင်တန်ဖြောင့်စင်းပြီး ရုပ်အလွန်လှတဲ့ ကျောင်းသူတွေကို ကင်ဂျုံအန်က ရွေးချယ်လေ့ရှိဟုဆို

အနားမှာရှိတဲ့ သစ်ပင်တွေ ပြုတ်ထွက်လုနီးပါး လှုပ်ရမ်းကုန်ကြသလို၊ ကားတစ်စီးလုံးလည်း လေဆင်နှာမောင်းရဲ့ အရှိန်ကြောင့် လှုပ်ခါသွားခဲ့တာပါ။ (၂၅) စက္ကန့်သာ ကြာမြင့်တဲ့ ဒီ ဗီဒီယို ဖိုင်လေးက တကယ့်ကို အသည်းယားစရာပဲဖြစ်ပြီး ကာဆန်ဒရာဟာ သူမရဲ့ ကားထဲမှာကြောက်လန့်တကြား အော်ဟစ် ငိုယိုနေခဲ့တာပါ။ ဒါပေမယ့် လေဆင်နှာမောင်းရဲ့အရှိန်က ကားတစ်စီးလုံးကို ဆွဲတင်သွားနိုင်တဲ့အရှိန်မျိုးမဟုတ်လို့ ကာဆန်ဒရာတစ်ယောက် ကံကောင်းသွားခဲ့ပြီး ဒီထက့်နည်းနည်းအားပြင်းတဲ့ လေဆင်နှာမောင်းမျိုးသာဆိုရင် ကားရော၊ လူပါ လေပွေကတော့ထဲ ပါသွားဖို့ ရှိနေတာပါ။

လေဆင်နှာမောင်း လွန်သွားပြီးတဲ့နောက် ကာဆန်ဒရာရဲ့ကားထဲမှာတွေ့ရတဲ့ မြက်ပင်တွေနဲ့ သစ်ပင်ငယ်လေးတွေပါ…။ Photo : Unilad

အင်တာနက် စာမျက်နှာတွေပေါ်မှာတော့ ဒီ ဗီဒီယိုဖိုင်က နာမည်ကြီးသွားခဲ့ပြီး တကယ့်ကို ထိတ်လန့်စရာအဖြစ်အပျက်ပဲလို့ အားလုံးက မှတ်ချက်ပေးခဲ့ကြပါတယ်။

ကာဆန်ဒရာက ဒီ ဗီဒီယိုဖိုင်ကို သူမရဲ့ တွစ်တာပေါ်မှာ တင်ခဲ့တာဖြစ်ပြီး ကံကောင်းပေလို့သာ အသက်ဘေးက လွတ်ခဲ့ရတာလို့ မှတ်ချက်ရေးထားခဲ့ပါတယ်။

READ
စွန့်ပစ်ခံရတဲ့ ခွေးလေးကို မိခင်အရင်းလို စောင့်ရှောက်ထားတဲ့ မျောက်မကြီး

Linn

Source : Unilad

 

 

SHARE