ကင်ညာနိုင်ငံမှာ ထိတ်လန့်ခြောက်ခြားဖွယ် အခိုက်အတန့်နဲ့ ကြုံဆုံခဲ့ရတဲ့ ဇနီးမောင်နှံ

အမေရိကန်နိုင်ငံသား ဇနီးမောင်နှံတစ်စုံဟာ ကင်ညာနိုင်ငံရဲ့ ကျေးလက်လမ်းမတစ်ခုပေါ် သွားရင်းလာရင်း ဓားကိုင် မျက်နှာဖုံးစွပ် လူတစ်စုနဲ့ ဆုံခဲ့ပြီး သူတို့ရဲ့ အန္တရာယ်ကနေ သီသီလေးလွတ်မြောက်ခဲ့ကြပါတယ်။

facebook

Bryant Swenson နဲ့ သူရဲ့ဇနီး Lauren တို့က အမေရိကန်နိုင်ငံ Utah ပြည်နယ်ကဖြစ်ပြီး လက်ရှိမှာတော့ Nairobi မြို့မှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက် ကြုံတွေ့ခဲ့ရတာကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ (၃၀) ရက်နေ့တုန်းက ဖြစ်ပြီး ကင်ညာနိုင်ငံ Maai Mahiu ဒေသအနီးက ဖုန်ထူတဲ့ လမ်းမတစ်ခုပေါ်မှာ ဖြစ်ပါတယ်။

first power fitness

လမ်းခုလတ် တစ်နေရာအရောက်မှာ ဗန်ကာတစ်စီးနဲ့ ရှေ့မှာ တွေ့ရပြီး အဲ့ဒီကားနဲ့ နီးလာချိန်မှာတော့ ဓားတွေကိုင်ထားတဲ့ မျက်နှာဖုံးအုပ် လူ (၃) ယောက်ဟာ ရုတ်ချည်းပေါ်လာခဲ့ပါတယ်။ လုယက်မယ့် ပုံစံတွေရှိတာကြောင့် ချက်ချင်းဆိုသလို ကားကို အနောက်ပြန်ဆုတ်ခဲ့ပြီး မှန်တွေကို တင်ဖို့ လုပ်လိုက်ပါတယ်။ အဲ့ဒီ့ အချိန် လူစုကလည်း ခုနက ဗန်ကာအစား ပစ်မှတ်ပြောင်းပြီး သူတို့ကားဆီ ချဉ်းကပ်ဖို့ တိုက်ခိုက်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။

READ
အင်စတာဂရမ်ပေါ်မှာပုံတင်ရုံနဲ့ 1နှစ်ဝင်ငွေ ပေါင်(130,000)ရရှိနေတဲ့အမေရိကန်မော်ဒယ်
first power fitness

Swenson လည်း ကားကို အနောက်တော်တော်ရောက်အောင် ဆုတ်ပြီး ရပ်လိုက်ပါတယ်။ အဲ့ဒီ့လူစုကလည်း ပြေးလာပြီး ကားနဲ့ နီးကပ်လာချိန်မှာတော့ အရှေ့တည့်တည့် လမ်းကြမ်းပေါ်တောက်လျှောက် မောင်းချပြီး ထွက်ပြေးလွတ်မြောက်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။ ဖြစ်စဉ်တစ်ခုလုံးကိုတော့ ကားရဲ့ ကင်မရာကနေ ပြန်ယူနိုင်ခဲ့တာပါ။

first power fitness

ရဲတွေ ရောက်လာတာပြီး ရင်ဆိုင်မှုဖြစ်ပွားတယ်လို့ ယူဆရတဲ့ သေနတ်သံ တစ်ချို့ကိုလည်း ဗီဒီယိုရဲ့ အဆုံးမှာ ကြားရပါသေးတယ်။ သူတို့ ဇနီးမောင်နှံမှာ သားသမီး (၃) ယောက်ရှိပြီး Utah ပြည်နယ် Cedar မြို့ကနေ့ ကင်ညာနိုင်ငံရဲ့ မြို့တော် Nairobi ကိုပြောင်းရွေ့လာခဲ့ကြတာ (၃) နှစ်ဝန်းကျင်ရှိပါပြီ။ သူတို့မိသားစုဟာ အားကစားရုံဖွင့်ထားတယ်လို့လည်း သိရပါတယ်။

သူတို့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ် ဗီဒီယိုမှတ်တမ်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁) ရက်နေ့က Facebook ပေါ်မှာ Brayant ကိုယ်တိုင်ပဲ တင်ခဲ့ပါတယ်။

READ
အမျိုးသားတစ်ယောက်ကို ဂေးလို့ စွပ်စွဲပြီး တိုက်ပေါ်ကနေတွန်းချ သတ်လိုက်တဲ့ IS
first power fitness

ဒီ ဖြစ်စဉ်က သူတို့ Kijabe ကို သွားတဲ့လမ်းပေါ်မှာ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ (၃) ယောက်ထဲက (၁) ယောက်မှာဆို သေနတ်ပါ ပါသေးပြီး အချိန်မှီ မထုတ်နိုင်ခဲ့တာ ကံကောင်းကြောင်း Bryant က ပြောပါတယ်။ အဲ့ဒီနေရာက အလွန်ကြမ်းတာကြောင့် အခုလို ချုံခိုတိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ကြတာဖြစ်မယ်ဆိုပြီးလည်း သူအမြင်ကို ပြောပြခဲ့ပါတယ်။

သူတို့ အဲ့လူစုကို ကျော်ဖြတ်လာခဲ့ပြီး အရှေ့နည်းနည်းလွန်တဲ့အခါမှာ ခြေကျင်လျှောက်လာနေတဲ့ ၀တ်စုံပြည့် ရဲ (၂) ဦးကိုလည်း တွေ့ခဲ့ရကြောင်း၊ အဆုံးမှာ ကြားရတဲ့ သေနတ်သံတွေက ယင်းတို့ရဲ့ ရင်ဆိုင်မှုဖြစ်ကြောင်း၊ အပစ်အခတ်တွေကြားထဲ ရှိမနေဘဲ လွတ်ခဲ့တာ ကံကောင်းကြောင်း ပြောပြခဲ့ပါတယ်။

Source: Daily Mail

Matthew
SHARE