ဓာတ်ပုံရိုက်နေတုန်း အန္တရာယ်များတဲ့ အဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ခရီးသွား

ငယ်ရွယ်တဲ့ အမျိုးသမီး ခရီးသွားတစ်ယောက်ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်က အထင်ကရ နေရာတစ်ခုမှာ ဓာတ်ပုံရိုက်ဖို့ ပို့စ်ထုတ်နေတုန်း ရင်ထိတ်ဖွယ် အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။

မည်သူမည်ဝါ အတိအကျ မဖော်ပြထားတဲ့ သူမဟာ Nusa Lembongan ကျွန်းပေါ်ရှိ Devil’s Tear ဆိုတဲ့ နေရာမှာ ဓာတ်ပုံရိုက်ဖို့ လုပ်နေချိန် ရုတ်တရက် လှိုင်းလုံးအကြီးကြီးတစ်လုံးက စပရိုက်စ် ၀င်လာပြီး ရိုက်ခတ်တာကို ခံခဲ့ရပါတယ်။ ပင်လယ်ထဲကို လွင့်ကျ မသွားတာပဲ ကံကောင်းတယ်လို့ဆိုရမှာပါ။

Instagram

လှပတဲ့ နောက်ခံရှုခင်းနဲ့ ဓာတ်ပုံရိုက်ဖို့  အမျိုးသမီးငယ်ဟာ ပြုံးရွင်စွာနဲ့ လက်နှစ်ဖက်ကို ကားမြှောက်ရင် ပိုစ့်ထုတ်နေခဲ့တာပါ။ ရုတ်တရက်ဆိုသလိုပဲ လှိုင်းလုံးတစ်ခုက မြင့်တက်လာပြီး သူမနဲ့ တခြားသူတွေ ရိုက်နေတဲ့ နေရာဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ၀င်ရိုက်ခတ်သွားခဲ့တာဖြစ်ပါတယ်။

READ
ဝက်ဝံညိုကြီးတစ်ကောင် လက်ဆက်ပေးခဲ့တဲ့ ရုရှနိုင်ငံက ထူးဆန်းတဲ့မင်္ဂလာပွဲ

အော်ဟစ်သံတွေ ဆူလောင်သွားတဲ့ အဲ့ဒီအချိန် လဲကျသူကလည်း လဲကျပေါ့… ကင်မရာနောက်ကလူကတော့ သူ့ပစ္စည်းတွေကို ရေမစိုသွားအောင် ကာကွယ်ဖို့ ကြိုးစားနဲ့ အုတ်အော်သောင်းနင်းတွေ ဖြစ်ပျက်ခဲ့တာပါ။

Instagram

ဒီလို အန္တရာယ်များတဲ့ အဖြစ်အပျက်မှာ ဒဲ့တိုက်ချခံရတဲ့ အမျိုးသမီးငယ်ဟာ ကံကောင်းစွာနဲ့ ဘာ ဒဏ်ရာကြီးကြီးမားမားမှ မရရှိခဲ့ဘဲ ပွန်းပဲရုံလောက်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ့နောက် တစ်ကိုယ်လုံး ရွဲရွဲစိုနေတဲ့ သူမကို ၀ိုင်းဝန်း ဂရုစိုက်နေတာကိုလည်း တွေ့ရပါတယ်။

Instagram

ဒီ မှတ်တမ်း ဗီဒီယိုဟာဆိုလည်း ပြီးခဲ့တဲ့ အပတ်က Facebook ပေါ်ရောက်ရှိခဲ့ပြီး တော်တော်လေး ပျံနှံ့သွားခဲ့တယ်။ တရုတ်ဆိုရှယ်မီဒီယာတွေမှာဆို ပိုပြီး ပျံနှံ့တယ်လို့လည်း သိရပါတယ်။ ဘာလီ အခြေစိုက် အင်စတာဂရမ် ပေ့ခ်ျတစ်ခုကလည်း မှတ်တမ်းဗီဒီယိုကို ပြန်လည် ဖော်ပြခဲ့ပြီး ဖြစ်ပွားမှုအတွင်း ဒဏ်ရာရနေတဲ့ အမျိုးသမီးကို သူမရဲ့ ဓာတ်ပုံဆရာက ပွေ့ချီလာတဲ့ ဓာတ်ပုံတွေကိုပါ ဖော်ပြခဲ့တယ်။

READ
Social Mediaပေါ်မှာနာမည်ကြီးနေတဲ့ ငါးနှစ်အရွယ်Little Heartbreakerလေး

Source: Next Shark, Daily Mail

Matthew (ShweMOM)
SHARE