Tesla ကုမ္ပဏီထုတ် ကားတွေမှာ ဗီဒီယိုဂိမ်းတွေဆော့ကစားနိုင်ပြီ..

Tesla ကုမ္ပဏီရဲ့ CEO Elon Musk က Tesla ထုတ် ကားတွေမှာ ဂိမ်း အသေးစားလေးတွေဆော့ကစားနိုင်အောင် ထည့်သွင်းသွားမယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။

Elon Musk က ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က လော့အိန်ဂျလိစ့်မြို့မှာ ကျင်းပတဲ့ ဗီဒီယို ဂိမ်းဒီဇိုင်နာ Todd Howard ရဲ့ ပွဲမှာTesla cars: Fallout Shelter ဆိုတဲ့ ဂိမ်းသစ်အကြောင်း ဂုဏ်ယူဝံ့ကြွားစွာနဲ့ မိတ်ဆက်ခဲ့ပါတယ်။ Tesla ကားတွေမှာ ပါဝင်လာမယ့် ဂိမ်းတွေဟာ အရင်ခေတ်တုန်းက ဆော့ခဲ့ရတဲ့ ဂိမ်းအသေးစားမျိုးလေးတွေကို ဒီနေ့ခေတ် ဂရစ်ဖစ်နဲ့  မြှင့်တင်ထားတာမျိုးဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၃၆,၀၀၀ ကနေ စမှာဖြစ်ကြောင်း သိရပါတယ်။

READ
ပါစတာခေါက်ဆွဲခြောက်တွေကို သုံးပြီး ကွန်ပြူတာတည်ဆောက်ပြသွားတဲ့ ဉာဏ်ကြီးရှင်
YouTube

ကား စတီယားရင်ကို ကွန်ထရိုလာအဖြစ် အသုံးပြုရမှာဖြစ်ပြီး ကား ယာဉ်မောင်းခုံမှာ ထိုင်မယ့် သူအတွက် ဒီဇိုင်ထွင်တဲ့ ပုံစံဖြစ်ပါတယ်။ သေကုန်မှာပေါ့ဆိုပြီး အတွေးမစောနဲ့ဦး…. ဂိမ်းတွေက ပါကင်ရပ်ထားမှသာ ဆော့လို့ရမှာဖြစ်ပါတယ်။ ယာဉ်မောင်းအနေနဲ့ စောင့်ရပြုရတာတွေမှာ ပျင်းမနေရအောင် ရည်ရွယ်ဟန်ရှိပါတယ်။

တစ်ဆက်တည်းမှာပဲ Tesla ကားတွေမှာ ဆော့ကစားနိုင်တဲ့ ဂိမ်းတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

9. “Super Breakout”

Tesla

8. “Cuphead”

Tesla

7. “Centipede”

Tesla

6. “Missile Command”

Tesla

5. “Lunar Lander”

Tesla

4. “Beach Buggy Racing 2”

Tesla

3. “Fallout Shelter”

Tesla

2. “Asteroids”

Tesla

1. “Tempest”

Tesla

Matthew (ShweMOM)

SHARE