“တကယ်တော့ ပတ်ဝန်းကျင်ဆိုတာ ဝတဲ့လူတွေကို မုန်းတာ” ဆိုပြီးပြောလာခဲ့တဲ့ မော်ဒယ်မလေး

Instagram- @tessholliday

Tess Holliday ဆိုတာ ဟောလိဝုဒ်ရဲ့ နာမည်ကြီး plus size မော်ဒယ်မလေးတစ်ယောက်ပါ။ သူမအနေနဲ့ မိမိရဲ့ ပုံပန်းသွင်ပြင်နဲ့ပတ်သက်ပြီးလည်း အကောင်းမြင်စိတ်မွေးဖို့ အမြဲတမ်း လှုပ်ရှားမှုတွေမှာ ပါဝင်နေသူတစ်ယောက်ပါ။

 

 

View this post on Instagram

 

A post shared by T E S S H🍒L L I D A Y (@tessholliday) on

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့တုန်းကတော့ Tess Holliday ဟာ သူမရဲ့ Twitter မှာ post တစ်ခု တင်လာခဲ့ပါတယ်။ ဗီဒီယိုထဲမှာ သူမကို စတော်ဘယ်ရီသီးလေးတွေအပြည့်နဲ့ အလှဆင်ထားတဲ့ ပန်းရောင်ဂါဝန်လေးနဲ့ လှပနေတာကို မြင်တွေ့ရမှာပါ။ ဇနဝါရီလတုန်းက အော်စကာဆုပေးပွဲကို Tess Holliday ဟာ အဲဒီစတော်ဘယ်ရီဂါဝန်လေးကို ဝတ်ဆင်ခဲ့ပေမယ့် ဖက်ရှင်သုံးသပ်သူတွေကရော လူတွေကပါ Tess Holliday ရဲ့စတော်ဘယ်ရီဂါဝန်ဟာ တွေ့ဖူးသမျှတွေထဲမှာရုပ်အဆိုးဆုံး ဂါဝန်ပဲဆိုပြီး မှတ်ချက်ပေးကာ ကဲ့ရဲ့ဝေဖန်မှုတွေ ပြုလုပ်ခံထားခဲ့ရတာပါ။

 

 

View this post on Instagram

 

A post shared by T E S S H🍒L L I D A Y (@tessholliday) on

ဒါပေမဲ့လည်း အဲဒီဂါဝန်ဟာ လက်ရှိအချိန်မှာတော့ ကမ္ဘ့အလှဆုံး ဂါဝန်အဖြစ်ခေတ်စားနေခဲ့ပါတယ်။ Tiktok မှာ ခန္ဓာကိုယ်ခပ်လှလှကောင်မလေးက ဝတ်ပြထားတဲ့ ဗီဒီယိုမှစကာ လူတွေကြားထဲ ဒီစတော်ဘယ်ရီဂါဝန်လေးဟာ အနုပညာဆန်စွာလှပနေကြောင်း ချီးကျူးမှုတွေရခဲ့ကာ မိန်းကလေးတိုင်း ရှိကိုရှိထားသင့်တဲ့ ဂါဝန်တစ်ထည်လို့တောင် ပြောစမှတ်တွင်နေခဲ့ကြတာပါ။ နောက် ဂါဝန်ဈေးကွက်ကလည်း တော်တော်လေး ကျယ်ပြန့်လာခဲ့ပါတယ်။

READ
DOTSတွင် ဆောင်းဟေကို ဝတ်ခဲ့ပြီးနောက် နာမည်ကြီးလာတဲ့ ဖက်ရှင်များ

 

 

View this post on Instagram

 

A post shared by T E S S H🍒L L I D A Y (@tessholliday) on

 

 

 

View this post on Instagram

 

A post shared by T E S S H🍒L L I D A Y (@tessholliday) on

ဒီကိစ္စနဲ့ပတ်သက်ပြီး Tess Holliday ဟာ တော်တော်လေး စိတ်ထိခိုက်နေပုံပါပဲ။ ဘာကြောင့်လဲဆိုတော့ သူအရင်ဆုံး ဝတ်တုန်းကတော့ အရုပ်ဆိုးဆုံး ဂါဝန်အဖြစ် ဝေဖန်ကဲ့ရဲ့ခံရပြီးမှ ဒီဂါဝန်တစ်ခုတည်းကိုပဲ ခပ်ပိန်ပိန်ပါးပါးကောင်မလေးတစ်ယောက်က ဝတ်ပြလိုက်တော့မှ ကမ္ဘာ့အလှဆုံး ဂါဝန်တွေဘာတွေဖြစ်သွားတော့ သူ့ခင်ဗျာလည်း ခံစသင့်ပါတယ်လေ။ ဒါကြောင့်ပဲ Tess Holliday ဟာ Twitter မှာ အခုလို ပြောလာခဲ့တာပါ။

READ
ဆွဲဆောင်မှုရှိတဲ့ အလှကို ပိုင်ဆိုင်ထားသူလေး အိန်ဂျယ်လမုန်

“Our society hates fat people, especially when we are winning.” တဲ့။ စကားလုံးလေးကတော့ တော်တော်လေးကို လှပပါတယ်။ တကယ်တော့ပတ်ဝန်းကျင်ဆိုတာ ဝတဲ့လူတွေကို စိတ်တူကိုယ်တူမုန်းကြတာတဲ့။ အထူးသဖြင့် သူတို့အောင်မြင်တဲ့အချိန်မှာပေါ့လို့ Tess Holliday က ပြောထားပါတယ်။

 

 

View this post on Instagram

 

A post shared by T E S S H🍒L L I D A Y (@tessholliday) on

penny

SHARE