လူသတ်သမားကို မြင်ပြီး မပြေးနိုင်တော့တဲ့ သူငယ်ချင်းကို အတင်းဆွဲခေါ်ခဲ့ရတဲ့ အမျိုးသား

Youtube/ Netizen Watchdog

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ကြောက်မက်ဖွယ်ချိန်းဆောလူသတ်သမား attraction ဂိမ်း တစ်ခုရှိပါတယ်။ ၄င်း ဂိမ်းထဲကို အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ယောကျာ်းလေးသူငယ်ချင်းအုပ်စုနဲ့အတူ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အခန်းထဲရောက်တော့ အမျိုးသမီးဟာ လူသတ်သမားကို မြင်လိုက်ရပြီးတဲ့အခါ အရမ်းကြောက်လန့်သွားခဲ့ပြီး ကောင်းကောင်းတောင် မတ်တပ်မရပ်နိုင်ပဲ ဖြစ်ခဲ့တာကို ဗီဒီယိုထဲမှာ တွေ့မြင်ရပါတယ်။ ဒီဗီဒီယိုဟာ လတ်တလောမှာတော့ တရုတ်နိုင်ငံမှာ ကြည့်ရှုသူ အလွန်များနေကြောင်းလည်း သိရပါတယ်။

ဗီဒီယိုထဲမှာတော့ အဆိုပါအမျိုးသမီးပါဝင်တဲ့ ယောကျာ်းလေးအုပ်စုတစ်စုနောက်ကို လူသတ်သမားက  ချိန်းဆောကြီးကိုင်ပြီး နောက်ကနေ လိုက်နေတာပါ။ နောက်ခံကတော့ ဆေးရုံပုံစံပြင်ဆင်ထားတာ ဖြစ်ပြီး ဂိမ်းအဖွဲ့သားတွေကတော့ ည၀တ်အင်္ကျီအစင်းတွေကို ၀တ်ဆင်ထားတာပါ။ ချိန်းဆောအသံကြီးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထွက်လာလေလေ ၄င်းအုပ်စုဟာ ထိတ်လန့်တကြားပြေးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

READ
စာလုံး(၃)လုံးတည်းပါတဲ့သီချင်းနဲ့ AGT ပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်သွားတဲ့သူ
Youtube/Netizen Watchdog

တစ်ကြိမ်မှာတော့ အုပ်စုထဲပါဝင်တဲ့ အမျိုးသမီးဟာ မြေပြင်ပေါ်ကို တစ်ကြိမ်ပြုတ်ကျသွားခဲ့ပါတယ်။ အမျိုးသမီးဟာ ဒူးတုန်ပြီးကြောက်လွန်းလို့ ထင်ပါတယ်။ နေရာကနေတောင် မထနိုင်တော့ပါဘူး။ ဒါပေမယ့် အုပ်စုထဲပါလာတဲ့ အမျိုးသားသူငယ်ချင်းတစ်ယောက်က သူမကို လဲကျနေရင်းတန်းလန်းနဲ့ပဲ တရွတ်တိုက်ဆွဲခေါ်သွားတာကို တွေ့လိုက်ရပါတယ်။

ဂိမ်းပြီးသွားတဲ့အချိန်မှာတော့ အုပ်စုထဲက တစ်ယောက်က အခုလို ပြောပြပါတယ်။ “ချိန်းဆော အသံကြီးက ခြောက်ခြားစရာကြီး။ လမ်းကလည်း ကျဉ်းကျဉ်းလေး။ ကျွန်တော့သူငယ်ချင်း ကောင်မလေးက သေးသေးလေးလေ။ သူက ဆက်တောင် မပြေးနိုင်တော့ပဲ လဲသွားတာ။ ဒါနဲ့ ကျွန်တော်တို့ထဲက တစ်ယောက်ကပဲ သူ့ကို ဆွဲခေါ်လာခဲ့ရတာ…” ပြီးခဲ့တဲ့ အပတ်တုန်းကမှ လိုင်းပေါ်တက်လာတဲ့ ၄င်းဗီဒီယိုကို ကြည့်ပြီး အွန်လိုင်းပေါ်က လူတွေကတော့ ဂိမ်းထဲက ထွက်ပေါက်နေရာဟာ သူငယ်ချင်းတွေကြားက ခင်မင်ရင်းနှီးမှုကို စမ်းသပ်တဲ့နေရာလို့ဆိုခဲ့ကြကြောင်း nextshark သတင်းဌာနအရ သိရပါတယ်။

READ
အမြဲမူးရူးနေတဲ့ ရည်းစားကို အိပ်ပျော်နေတုန်းမိတ်ကပ်လိမ်းပေးပြီးပညာပြခဲ့တဲ့ ကောင်မလေး

လင်းလင်း (ShweMom)

SHARE