အမျိုးသားတွေရဲ့ မျိုးပွားနှုန်းကို အထောက်အကူပေးမယ့် ထူးထူးခြားခြား အအေးခံစက်

အမျိုးသားတွေရဲ့ မျိုး အောင်ခြင်းကို တိုးတက်စေဖို့ ရည်ရွယ်ပြီး ဝှေးစေ့ အအေးပေးစက်တစ်မျိုးကို ဒီနှစ်ထဲမှာ ကုမ္ပဏီတစ်ခုက ထုတ်လုပ်ရောင်းချဖို့ရှိကြောင်းသိရပါတယ်။

လျှို့ဝှက်ပြီး စိတ်ချရတဲ့ ဒီအစွပ်အကာ နှစ်ခုကို ၀တ်ဆင်ထားခြင်းက အအေးဓာတ်ပေးတဲ့ အခင်းအထိုင်ထက်တောင် ပိုအေးမြစေမှာ ဖြစ်တယ်လို့ သိရတယ်။ ဒီကိရိယာကို CoolTec ဆိုတဲ့ နည်းပညာ ကုမ္ပဏီက တီထွင်ပြုလုပ်ပြီးတော့ CoolMen လို့ အမည်ပေးထားပါတယ်။

unilad

အမျိုးသားတွေရဲ့ မျိုး အောင်ခြင်းနှုန်းကို တိုးမြှင့်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ဒီဇိုင်ထွင်ခဲ့တာဖြစ်ပြီး ဝှေ့စေ့ကို အေးအောင်ထားခြင်းက သုတ်ပိုး ထုတ်လုပ်နှုန်းကို တိုးပွားစေတဲ့အတွက်ကြောင့် အခုလို ထုတ်လုပ်ခဲ့တာဆိုတာသိရပါတယ်။

dailymails

အမျိုးသားတွေရဲ့ ကိုယ်အပူချိန်ဟာ မျိုးပွားမှုမှာ ၆၀ ရာခိုင်နှုန်းလောက် သက်ရောက်မှုရှိကြောင်း၊ အပူချိန် (၁) ဒီဂရီ စင်တီဂရိတ်တိုးတိုင်း သုတ်ပိုး (၄၀) ရာခိုင်နှုန်းလောက် လျော့ပါးသွားကြောင်း CoolTec ရဲ့ အဆိုအရ သိရပါတယ်။

READ
(၂၀၁၈)Gerber ကလေးဓာတ်ပုံပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ရောဂါဝေဒနာရှင်လေး

ဒီ ကိရိယာက အပူချိန်၊ သုံးစွဲတဲ့ အချိန်အတိုင်းအတာနဲ့ လှုပ်ရှားမှုတိုင်း (ထိုင်၊အိပ်၊ ကာယလှုပ်ရှားမှု စသဖြင့်) ကို အသုံးပြုသူရဲ့ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး ဒေတာတွေကို မှတ်သား အသုံးချနိုင်ပါတယ်။  အဲ့ဒီနောက် ဒေတာတွေပေါ် အခြေခံပြီး ဘာဖြစ်နေသလဲဆိုတာကို မနုဿဗေဒရှင်တွေက ခွဲခြမ်းစိပ်ဖြာပေးမှာဖြစ်ပါတယ်။

ဒါ ကမ္ဘာမှာ ပထမဆုံးသော ဝှေးစေ့အိတ်ရဲ့ အပူချိန်ကို လျှော့ချပေးနိုင်ပြီး ထိန်းညှိပေးနိုင်တဲ့ ကိရိယာသစ် တစ်ခုဖြစ်ပါတယ်။ မျိုးမပွားနိုင်ဘဲ မြုံနေတဲ့ ပြဿနာတွေကို တခြားကြီးကြီးကျယ်ကျယ်လုပ်စရာမလိုဘဲ ကုစားနိုင်မယ်လို့ သိရပါတယ်။

အ၀တ်အစား အကျပ်တွေဝတ်တာ၊ ကားအကြာကြီးမောင်းရတာ၊ ကွန်ပျူတာရှေ့အထိုင်များတာ၊ ချွေးထုတ်ခန်း ခဏခဏသွားတာတွေက အမျိုးသားတွေအတွက် မျိုးပွားရေးမှာ ထိခိုက်စေတဲ့ အချက်များဖြစ်ပါတယ်။ ဒီကိရိယာကို မသိမသာနဲ့ အတွင်းခံတွေအောက်မှာ လုံးဝအပျောက်ထားနိုင်အောင် ဒီဇိုင်ထွင်းထားတယ်ဆိုတာ ဖော်ပြလိုက်ရပါတယ်။

READ
သစ်ကို လက်ရာမြောက်ထွင်းထုပြီး စက်ဘီးတီးထွင်ကြတဲ့ ဖိလစ်ပိုင်လူမျိုးနွယ်တစ်စု

Source: Unilad , DailyMail

Matthew (ShweMOM)
SHARE