မသေခင်ရက်ပိုင်းအလိုမှ မဲပေးချင်တဲ့ဆန္ဒ ပြည့်ဝသွားခဲ့တဲ့ (၈၂) နှစ်အရွယ် အဖွားအို

အမေရိကန် တက္ကဆက်ပြည်နယ်နေ အဖွားတစ်ဦးဟာ မသေခင် ရက်ပိုင်းအလိုမှာမှ သူမရဲ့ နှစ်ရှည်လများ ဆန္ဒမဲပေးချင်ခဲ့တဲ့ ရည်ရွယ်ချက်တစ်ခုဟာ ပြည့်ဝသွားခဲ့ပါတယ်။ အဖွားဟာ အသက်(၈၂) နှစ်မှာမှ ပထမဆုံးအကြိမ် မဲပေးဖူးတာဖြစ်ပါတယ်။ မဲမပေးဖြစ်မချင်း နိုင်ငံသားကောင်း မပီသဘူး တာဝန်မကျေဘူးလို့ ခံစားနေရတဲ့ အဖွားရဲ့ စိတ်ဆန္ဒဟာ သူမမသေခင် (၄) ရက်အလိုမှာ ပြည့်ဝသွားခဲ့တာ ဖြစ်ပါတယ်။

Courtesy of Leslie Moore

ဂရေစီအမည်ရတဲ့ အဖွားဟာ မဲပေးအပြီး ရက်အနည်းငယ်အကြာမှာတော့ သူမနေအိမ်မှာပဲ ချစ်ခင်ရတဲ့ မိသားစုတွေ ၀န်းရံပြီး ကွယ်လွန်သွားခဲ့တာပါ။  ဂရေစီရဲ့ မြေးမဖြစ်တဲ့ အသက်(၃၃) နှစ်အရွယ် လက်စလေကတော့ အဖွားဖြစ်သူဟာ မဲပေးတဲ့အလုပ်ကို အရမ်းတန်ဖိုးထားခဲ့ကြောင်း ပြောပြပါတယ်။ ဂရေစီဟာ အရင်တုန်းက မိသားစုတာဝန်တွေနဲ့ ပိနေတာကြောင့် မဲပေးဖို့ မဆင်မပြေခဲ့ပါဘူး။ ဂရေစီနဲ့ သူမရဲ့ အမျိုးသား ဖီးလစ်တို့ဟာ အသက်(၁၅) နှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ ဂရေစီတို့ ဇနီးမောင်နှံမှာ သားသမီး(၇) ဦး ရှိပါတယ်။ ဖီးလစ်ကတော့ လွန်ခဲ့တဲ့ (၁၁) နှစ်ကတည်းက ဆုံးပါးသွားခဲ့ပါပြီ။

READ
GCSE ရလဒ်သိခဲ့ရပြီးနောက်မှာ သတ်သေသွားခဲ့တဲ့ ၁၆နှစ်ကျောင်းသူလေး
THE PHILLIPS FAMILY

အရင်တုန်းကတော့ ဂရေစီနဲ့ ဖီးလစ်တို့ဟာ ဆန္ဒမဲပေးချင်ကြပေမယ့် ကလေးတွေကို ကြည့်ရှုဖို့ လူမရှိတဲ့အပြင် အစိုးရရုံးသွား ဘာသွားနဲ့ အလုပ်ရှုပ်မှာစိုးတာကြောင့် တစ်ခါမှ မဲမပေးဖြစ်ခဲ့ကြပါဘူး။ လက်စလေက သူမရဲ့ အဖွားဖြစ်သူဟာ မဲဆန္ဒတစ်ခါမှ မပေးဖူးပေမယ့် နိုင်ငံရေးသတင်းတွေကိုတော့ မျက်ချည်မပြတ် စောင့်ကြည့်လေးရှိကြောင်း ပြောပြပါတယ်။ ဂရေစီဟာ အမျိုးသားဖြစ်သူ ကွယ်လွန်ပြီးနောက်ပိုင်းမှာ သူမအနေနဲ့ တစ်ခါမှမဲမပေးလိုက်ရပဲ ကွယ်လွန်သွားမှာကို စိုးရွံ့နေခဲ့ပါတယ်။

THE PHILLIPS FAMILY

I have something to say….Way back in 1951 a young boy 17 yrs old and a young girl 15 yrs old fell in love and got…

Posted by Gracie Moffitt Phillips on Thursday, November 1, 2018

ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကတော့ ဂရေစီဟာ ကျန်းမာရေးကြောင့် ဆေးရုံတက်ခဲ့ပါတယ်။ ဆေးရုံကဆင်းပြီး နောက်ပိုင်းမှာလည်း ရောဂါမသက်သာတာကြောင့် နေအိမ်မှာပဲ ဆက်လက်ဆေးကုသမှုခံယူနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ ဂရေစီဟာ သူမရဲ့ နောက်ဆုံးဖြစ်ချင်တဲ့ ဆန္ဒလေးပြည့်ဝနိုင်ခဲ့ပါတယ်။ ဂရေစီဟာ မဲရုံဆီ ကားနဲ့ သွားခဲ့ပြီး ဆန္ဒမဲပေးခဲ့ပါတယ်။ အခုအကြိမ်က ဂရေစီရဲ့ ပထမဆုံးမဲပေးတဲ့ အကြိမ်လည်း ဖြစ်ပါတယ်။ မဲပေးပြီး နောက်(၄) ရက်အကြာမှာတော့ ဂရေစီဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အဖွားအနေနဲ့ သူအရမ်းဖြစ်ချင်ခဲ့တဲ့ ဆန္ဒပြည့်မြောက်သွားတာကြောင့် အခုလို စိတ်ချလက်ချသွားနိုင်ခဲ့တာလို့ ယူဆရပါတယ်။

READ
နို့ချိုတိုက်ကြွေးနေတဲ့ဓာတ်ပုံတွေတင်ခဲ့လို့ ဝေဖန်ခံနေရတဲ့ကမ္ဘာအလှဆုံးကလေးမိခင်
Leslie Moore

လင်းလင်း (ShweMom)

Ref: time

SHARE