ရွေးကောက်ပွဲရှုံးပြီးနောက် တရားခံတွေကို အကုန်လွှတ်ပေးခဲ့တဲ့ တရားသူကြီး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ရီပါပလစ်ကန်အမတ် တရားသူကြီးတစ်ဦးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ပြန်လည်ရွေးကောက်ပွဲအတွင်းမှာ ဒီမိုကရက်တွေကို ရှုံးနိမ့်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့အရောက်မှာတော့ ထိုတရားသူကြီး ဂလန်းဒဗလင်ဟာ ရှုံးမဲမဲပြီး လူထုကို အရွဲ့တိုက်တယ်လို့ ထင်ရတဲ့ အမှုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ဂလန်းဟာ အသက်မပြည့်သေးတဲ့ ကလေးရာဇ၀တ်သား အယောက်(၁၂) ယောက်လောက်ကို လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဂလန်းဟာ အရင်တုန်းက ပြစ်ဒဏ်ပေးတဲ့အခါမှာ ညှာတာမှုမရှိတဲ့ ဥပဒေကို တင်းတင်းကြပ်ကြပ်လိုက်နာတဲ့ တရားသူကြီးအဖြစ် လူသိများခဲ့ပါတယ်။ ဒါကြောင့် အခုလို အပြစ်ရှိတဲ့ ရာဇ၀တ်သားကလေးတွေကို ပြစ်ဒဏ်တစ်စိုးတစ်စိမှ မပေးပဲ မေးခွန်းအနည်းငယ်သာ မေးပြီး ပြန်လွှတ်ခဲ့တဲ့အတွက် လူပြောစရာ ဖြစ်ခဲ့တာပါ။ အပြစ်သားကလေးတွေထဲမှာ သေးသေးမွှားမွှားပြစ်မှုမျိုး ကျူးလွန်သူတွေအပြင် ပြင်းထန်တဲ့ ရာဇ၀တ်မှုတွေကို လွန်ကျူးထားသူတွေလည်း ပါဝင်ပါတယ်။

Glenn Devlin

တရားရုံးတွင်းက မျက်မြင်သက်သေတွေရဲ့ ပြောပြချက်မှာတော့ တရားသူကြီး ဂလန်းဟာ ကလေးတစ်ယောက်ချင်းစီကို မေးခွန်းတစ်ခုမေးတယ်လို့ ဆိုပါတယ်။ ဂလန်းက တကယ်လို့ လွှတ်လိုက်မယ်ဆိုရင် အပြင်မှာ လူသတ်မှာလားလို့ ကလေးတွေကို မေးတာဖြစ်ပါတယ်။ မသတ်ပါဘူးလို့ ပြန်ဖြေရုံနဲ့ ကလေးတွေကို တရားသူကြီးဂလန်းဟာ ထပ်မံစစ်ဆေးမေးမြန်းတာမျိုးမလုပ်တော့ပဲ အကုန်လွှတ်လိုက်တာဖြစ်တယ်လို့ မျက်မြင်တွေက ပြောပြပါတယ်။

READ
စားခါနီးမှပန်းကန်ထဲမှာ ပြန်လည်အသက်ဝင်လာတဲ့ငါး

လက်ရှိမှာ ဂလန်းရဲ့ ကလေးတရားခံတွေကို တရားသေလွှတ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ American Civil Liberties Union (ACLU) က ဆက်လက်စုံစမ်းနေပါတယ်။ တရားသူကြီးတစ်ဦးကတော့ ဘယ်အသက်အရွယ်မှာမဆို ပြစ်မှုကျူးလွန်သူတွေကို အပြစ်မပေးပဲ ဒီအတိုင်းထားတာကို ဆန့်ကျင်ပါကြောင်း၊ ဒီလိုကလေးတွေဟာ လူ့ပတ်ဝန်းကျင်အတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း သူ့အမြင်ကို ဖော်ပြခဲ့ပါသေးတယ်။

Google

တရားသူကြီး ဂလန်းကတော့ အခုလိုလုပ်ရပ်ဟာ မဲဆန္ဒပေးသူတွေက ဖြစ်ချင်နေခဲ့တဲ့ အရာပဲလေလို့ ရွဲ့သလိုလိုနဲ့ ဆိုခဲ့ပေမယ့် နောက်ထပ် ထပ်မံပြီး မှတ်ချက်ပေးထားတာတော့ မရှိခဲ့ပါဘူး။ ဂလန်းရဲ့ နေရာကိုတော့ ဒီမိုကရက်အမတ် တရားသူကြီး နာတာလီယာအုတ်က လက်လွှဲယူမှာဖြစ်ပါတယ်။ ဂလန်းရဲ့ ကလေးတရားခံတွေကို လွှတ်ပေးတဲ့ အမှုကို လာမယ့် ဇန်န၀ါရီလ(၄) ရက်နေ့မှာ ပြန်လည်ရုံးတင်စစ်ဆေးမယ်လို့ သိရပါတယ်။

Facebook/ Natalia Oakes

လင်းလင်း (ShweMom)

Ref: Dailymail, BBC

SHARE