Crushကို မက်ဆေ့ခ်ျပို့မယ်ဆို တစ်ဆင့်ခြင်းလုပ်ရမယ့်အဆင့်များ

လူမှုကွန်ယက်ဟာ Relationship တွေအတွက် အရေးပါလာပါတယ်။ Relationship ဆိုတာက ချစ်သူချင်းဆက်ဆံရေး တစ်ခုတည်းတင် ပြောတာမဟုတ်ပါဘူး။ အားလုံးသော လူမှုပတ်ဝန်းကျင်ဆက်ဆံရေးကို ဆိုလိုပါတယ်။ ဒီအထဲမှာ ကိုယ်က Love Relationship ကို အားသာတယ် ကြိတ် Crush နေတဲ့သူလည်း ရှိတယ်ဆိုရင် မက်ဆေ့ပို့တဲ့အခါ
အောက်ပါအဆင့်တွေအတိုင်း ပို့ကြည့်ဖို့ Shwemom က တိုက်တွန်းချင်ပါတယ်။

(၁) မိတ်ဆက်စကား စကားစပြောပါ

မက်ဆေ့ပို့မယ်ဆို မိတ်ဆက်စကား စပြောတတ်ဖို့က အရေးကြီးပါတယ်။ တစ်ချို့က အူတိအူကြောင်နဲ့ အကြောင်ကွက် ၀င်
နင်းကြပါတယ်။ တစ်နေရာရာမှာ မြင်ဖူးသလိုလို ပုံစံမျိုးပေါ့။ တစ်ချို့ကကျတော့ ဘူးတစ်လိုင်းနဲ့ ၀င်ရောတယ်။ ရုပ်ကလေးက ချစ်စရာ ကောင်းလိုက်တာဆိုတဲ့ပုံစံမျိုး။ တစ်ချို့ကတော့ ရိုးရိုးလေး ဟိုင်း ခင်ချင်လို့ပါ။ စသဖြင့်။ တစ်ချို့က ကျတော့ စီးပွားရေးကိစ္စလိုလိုဈ ပညာရေးကိစ္စလိုလို ၀င်ရောကြပါတယ်။ ဘာပဲဖြစ်ဖြစ် မှားတယ်လို့ မဆိုလို။ သူ့ဘက်က Reply ပြန်ရဖို့ လိုရင်းမဟုတ်လား။

(၂) ရိုးရှင်းတဲ့ဝါကျတွေကိုသာ သုံးပါ

ဖြစ်နိုင်ရင်တော့ လက်တွေ့နဲ့ မကင်းနဲ့ ရိုးရှင်းတဲ့ ၀ါကျတွေကို သုံးတာ ပိုအဆင်ပြေပါလိမ့်မယ်။ တစ်ချို့က အထင်ကြီးလေမ လားလို့ ကားဘယ်နှစ်စီးပိုင်တာ၊ သင်္ဘောလိုက်တုန်း ခဏနားနေတာ၊ နိုင်ငံခြားကို ကျောင်းသွားတက်တော့မှာလေ စသဖြင့် ရွှီးလုံးတွေနဲ့ လုံးချင်ကြပါတယ်။ အမှန်က ဘယ်သူမဆို ရိုးသားမှုကို ပိုချစ်ကြတာပါ။

READ
ပုရိသတို့လက်မလွှတ်သင့်သော မိန်းကလေးများရဲ့ အမူအကျင့်(၅) မျိုး

(၃) ရယ်စရာ/ပျော်စရာ ဖြစ်ပါစေ

ရယ်စရာ ပျော်စရာလေးတွေ ပြောတတ်တဲ့သူတွေကို သူစိမ်းတွေက ခင်မင်မှုပိုမြန်ကြပါတယ်။ ဟာသပညာဟာ မုန်းတဲ့သူ
တွေကို ချစ်အောင်ပြန်လုပ်နိုင်တဲ့ မရှိမဖြစ် တတ်ထားသင့်တဲ့ပညာပါဘဲ။ မမုန်းတဲ့သူကို ချစ်အောင်လုပ်ရတာကိုလည်း အခက်အခဲမရှိစေပါဘူး။ ဒါပေမယ့် ပေါတောတောကြီးလို့တော့ တစ်ဖက်သားသူကို မမြင်ပါစေနဲ့။

(၄) စောင့်ရမယ့်အချိန်/တုန့်ပြန်ရမယ့်အချိန်

ဟိုဘက်က မက်ဆေ့ကို စောင့်ရမယ့်အချိန်နဲ့ ကိုယ့်ဘက်က Reply ပြန်ရမယ့်အချိန်ကိုတော့ သိထားဖို့လိုပါတယ်။ ဒီလိုကိစ္စမျိုးကို ဘယ်နှစ်မိနစ်ဖြစ်သင့်တယ်ဆိုပြီး တိတိကျကျတော့ မှတ်သားထားလို့ မရပါဘူး။ ဥပမာ ကျွန်မ နေမကောင်း ဘူးဆိုတဲ့ မက်ဆေ့မျိုးဆို ချက်ချင်း Reply ပြန်ပြီး၊ ဆေးသောက်ပြီးပြီလား၊ ဆေးခန်းသွားမလား၊ လိုက်ပို့ပေးမယ်၊ ဘာစား
ချင်လဲ စဖြင့် Quick Respond ဖြစ်နေရပါမယ်။

(၅) မဖြေလို့ မရတဲ့မေးခွန်းလှလှလေးတွေ

မေးခွန်းကလည်း မေးတတ်ဖို့ လိုပါတယ်။ သူ လုံးဝ ပြန်မဖြေလို့မရနိုင်တဲ့ မေးခွန်းမျိုးကို ရွေးချယ်သင့်ပါတယ်။ ဒါပေမယ့် အကြပ်ကိုင်တဲ့ မေးခွန်းမျိုးတော့ မဖြစ်သင့်။ ဥပမာအားဖြင့် ထမင်းစားပြီးပြီလား-ဆိုတာ အူကြောင်ကြောင်နိုင်ပေမယ့် စားပြီးပြီး-မစားရသေးဘူး ဆိုတဲ့ တုန့်ပြန်မှုကတော့ ရမှာ သေချာပါတယ်။ ဒီတော့ ခင်မင်မှုသက်တမ်းအလိုက် မေးခွန်းလေး တွေ မေးတတ်ဖို့လည်း လိုပါတယ်။ အမြဲတမ်းထိုင်ပြီးတော့ မေးနေဖို့တော့ မလိုပါဘူး။

READ
အမေရိကန်သမ္မတဟောင်းအိုဘားမား ပြောပြတဲ့ လက်မထပ်ခင် စဉ်းစားသင့်တဲ့ မေးခွန်း(၃)ခု

(၆) ရေလာမြောင်းပေး

ကိုယ်နဲ့ အတော်ရင်းနီးပြီဆို သူ့ဘက်ကလည်း ကိုယ်အကြောင်းကို သိချင်လာမှာ မလွဲပါဘူး။ ကိုယ့်အကြောင်း တွေကို မေးလားစမ်းလာ လုပ်လာပြီဆို သူ သင့်ကို တဖြည်းဖြည်း စိတ်ဝင်စားလာနေပါပြီ။ ဒီတော့ သူ မကြာခင်မှာ ရေလာ ဖို့ မြောင်းဖောက်ပါလိမ့်မယ်။ ကိုယ်ဘက်က အချိန်အခါနဲ့သင့်တော်တဲ့ ရေတွေ စီးဆင်းဖို့ အဆင်သင့်ပြင်ထားပါ။

(၇) ချစ်စကားကြိုက်စကား

ကိုယ်ကြိုက်နေတဲ့သူကို ကြိုက်တဲ့အကြောင်း ပြောဖို့ အားလုံးမှာ အခွင့်ရေးတွေ ရှိပါတယ်။ မိန်းကလေးတွေဘက်ကတော့ ထားပါတော့။ တစ်ချို့က မိန်းကလေးက ဖွင့်ပြောတယ်လို့တောင် ကြားရပါသေးတယ်။ လူသက်သာတာပေါ့။ ဒါပေမယ့် ဖွင့်
ပြောဖို့ကတော့ ယောက်ျားတစ်ယောက်ရဲ့ တာဝန်လို့ ဆိုချင်ပါတယ်။ ဒီတော့ အချိန်အခါကို တွက်စစ်ပြီး ဖွင့်ပြောဖို့ အကောင်းဆုံးအချိန်ကို ဆုံးဖြတ်လိုက်ပါ။

နတ်စည်တော် (Shwemom)

source : lovepanky.com

SHARE