ချစ်သူကောင်မလေး သင့်ကိုအချစ်တိုးစေမယ့် Text Message များ

ဒီတစ်ခါမှာတော့ အမျိုးသားပရိသတ်ကြီးအတွက် Shwemom က အခြေအနေနဲ့အချိန်အခါပေါ် မူတည်ပြီး ချစ်သူကောင်လေးဆီကို ဘယ်လို မက်ဆေ့ ပိုရမလဲ၊ Reply ပြန်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလို အခြေအနေနဲ့ လိုက်ဖက်တဲ့ မက်ဆေ့လေးတွေ အပြန်အလှန် ပို့ခြင်းအားဖြင့် သင့်ချစ်သူ သင့်ကို လက်ရှိချစ်နေတာထက် နှစ်နှစ်ကာကာ ပိုချစ်စေပါလိမ့်မယ်။

(၁) ချင်ချင်း စာမပြန်မိရင်- မက်ဆေ့ရောက်တာကို သိတယ် ချစ်ရေ .. အလုပ်ကလည်း ဒီနေ့မှ သိပ်ရှုပ်တာပဲ၊ ဒါပေမယ့် အချိန်တိုင်း သတိရနေတယ်ဆိုတာလေးတော့ သိစေချင်တယ် … အားတာနဲ့ စကားတွေ တစ်ဝကြီးပြောမယ်။
(၂) သူမဘက်က စာမပြန်ခဲ့ရင် – မင်းဆီက စာမပြန်တော့ ၀မ်းနည်းမိတယ်၊ အနီးအနားမှာသာဆို လက်ကလေးဖြစ်ဖြစ် ကိုင်ထားချင်မိတာ။
(၃) အလျှင်းသင့်ရင် – သူငယ်ချင်းတွေကတော့ ငါ့ကို တော်တော်အမြင်ကပ်နေပြီ၊ မင်းအကြောင်း ပြောလွန်းလို့တဲ့။
(၄) သီချင်းလေးတစ်ပုဒ် သိပ်ကောင်းတယ်၊ ကိုယ်တို့နှစ်ယောက်နဲ့ လိုက်ဖက်မယ့် သီချင်းလေး … အတူတူတွေ့ရင် ကိုယ် Share ပေးမယ်။

(၅) မင်းမပါဘဲ လမ်းလျှောက်ရတာကို မုန်းတယ်၊ ဒီလို ညတွေဆို အိပ်လို့လည်း မပျော်ဘူးဟာ။
(၆) အလုပ်က သိပ်ပင်ပန်းတယ်၊ ဒါပေမယ့် မင်းကို တွေ့လိုက်ရတဲ့အခါ အားတွေအလိုလို ပြန်ပြည့်လာတယ်။
(၇) မင်း ဘယ်လောက်လှတယ်ဆိုတာကို ငါသိသလောက် မင်း မသိနိုင်ပါဘူး။
(၈) ငါတို့ ခဏခဏ စုံတွေ့ကြတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ငါတို့ တကယ်ပဲ တစ်ပူးတွဲတွဲနဲ့ တွေ့ခဲ့ကြတယ်ဆိုတာ မယုံနိုင်သေးဘူး၊ မင်းလက်ကလေးတွေ ကိုင်ထားရတဲ့ အခိုက်အတန့်ဟာ သိပ်ကို တိုလွန်းတယ်။

READ
အတွင်းခံအကြပ်နဲ့ အိပ်သည့်အမျိုးသားများ မျိုးဗီဇမအောင်မြင်မှုကို ဖြစ်ပေါ်စေနိုင်

(၉) တို့တစ်တွေ တစ်ချိန်ချိန်မှာတော့ မခွဲမခွာ လူ့သက်တမ်းတစ်ခုအတိုင်းအတာအထိ အတူတူနေရမှာပါ။
(၁၀) မင်းကို လာကြိုရတဲ့ ခံစားမှုက ငါ့အတွက်တော့ အရမ်းရင်ခုန်စေတယ်၊ မင်းလည်း သဘောကျတယ်မလား ?
(၁၁) မင်းက ငါရဲ့ စိတ်ကို ပြောင်းလဲစေတယ်။ ဒါပေမယ့်  ငါ့အနာဂတ်မှာ မင်း မပါဘဲ ဘယ်လိုနေရမလဲဆိုတဲ့ တွေးပူတတ်တဲ့စိတ်ကိုတော့ မင်း မပြောင်းလဲနိုင်ပါဘူး။
(၁၂) တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုဆိုတာ ဂရုစိုက်စရာ မလိုတဲ့အရာပါဘဲ၊ မင်းက ဒီဆင်းရဲ့ဒုက္ခတွေကို မေ့စေတယ်လေ။

(၁၃) မင်း ချိန်းတဲ့ဆီကို လာမယ်မလား၊ ဒါမှမဟုတ် ငါ့ကို တစ်ညလုံး ခြေပစ်လက်ပစ် လွမ်းခိုင်းတော့မှာလား ?
(၁၄) မင်းသာ ငါ အမြဲအတူရှိဖို့ တောင့်တမိတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပါ။
(၁၅) မင်းကို တွေ့လိုက်တာနဲ့၊ ငါတကယ်ချစ်ရတဲ့သူနဲ့ ငါ ချစ်သူဖြစ်ခွင့်ရနေတာပဲဆိုတဲ့ ကျေနပ်မှုကို၊ မင်းကိုလည်း ခံစားစေချင်လိုက်တာ။
(၁၇) မင်းနဲ့ မတွေ့ရဘဲ အိပ်ယာဝင်လိုက်ရတဲ့ ညတွေကို မလိုချင်ပါဘူး ချစ်သူ။

READ
အခုအချိန်ထိ လူပျိုကြီးဖြစ်နေရခြင်း အကြောင်းရင်း (၅) ချက်

(၁၇) အလုပ်ကို မင်းကို ငါ ခေါ်သွားချင်တယ်၊ အလုပ်မှာ မင်းမရှိဘဲ ရှစ်နာရီလောက် ဖြုန်းတီးလိုက်ရတာ သိပ်ကို နာကျင်လွန်းလို့။
(၁၈) နောက်တစ်နေ့မှာ မင်း ဘယ်လိုပုံစံလေးနဲ့ လှနေဦးမလဲဆိုတာ ငါ့အတွက်တော့ အတော်လေးကို ဆောက်တည်ရာမရ ဖြစ်စေတဲ့ ခံစားမှုပါဘဲ၊ ဒီလိုနဲ့ မနက်ဖြန်တိုင်းကို ငါ ချစ်တတ်လာခဲ့တာ ကြာပါပြီ။
(၁၉) ငါတို့ မင်္ဂလာဆောင်ကြတယ်လို့ ငါ အိပ်မက်မက်တယ်၊ ငါ အိပ်ယာက မနိုးထပါရစေနဲ့လို့ ဆုတောင်းမိတဲ့အထိ မင်္ဂလာပွဲကြီးက ကြီးကျယ်လွန်းတယ်။
(၂၀) မင်းရဲ့ အပြုအမူလေးတွေက စိတ်ဖိအားတွေရဲ့ ထွက်ပေါက်ပါဘဲ၊ ကိုယ် အဆင်မပြေတဲ့အခါတိုင်း မင်းအပြုံးလေးတွေကို ပြန်မြင်ယောင်ရင်း နှစ်နှစ်ကာကာ ပြုံးတတ်လာခဲ့တယ်။

နတ်စည်တော် (Shwemom)

source : thoughtcatalog.com

SHARE