ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ထိုင်းမင်းသမီးချောလေး Bua Nalinthip

IG/buanalinthip

ထိုင်းမလေးတွေကတော့ လူတိုင်းကို နှစ်ခါပြန် ငေးကြည့်ရလောက်အောင် လှရက်နိုင်လွန်းသူတွေ ဖြစ်ပါတယ်။ အခုလည်း ပရိသတ်တွေရဲ့ သဘောကျ နှစ်ခြိုက်မှုကို ရနေတဲ့ ထိုင်းရုပ်သံဇာတ်လမ်းတွဲ ဖြစ်တဲ့ Tra Barb See Chompoo က သရုပ်ဆောင် မင်းသမီးလေးကလည်း အခုဆို လူကြိုက်အရမ်းများနေတဲ့ တစ်ယောက် ဖြစ်လို့ နေပါတယ်။

https://www.instagram.com/p/B42GIcygeDD/

သူမရဲ့ နာမည်အရင်းကတော့ Nalinthip Sakulongumpai ဖြစ်ပါတယ်။ ဒါပေမယ့် သူမကို Bua လို့ လူသိများပါတယ်။ သူမရဲ့ မွေးနေ့ကတော့ ၁၉၉၀ ခုနှစ် သြဂုတ်လ ၁၂ ရက် ဖြစ်လို့ အခုဆို ၂၉ နှစ် ရှိနေပါပြီ။ အရပ်ကတော့ ၅ ပေ ၄ လက်မမို့ မပုလွန်း မရှည်လွန်းတဲ့ အရပ်ပိုင်ရှင်လေး ဖြစ်ပါတယ်။

READ
ရဲရဲတောက် ကျော့ရှင်းလှပနေတဲ့ ပါးချိုင့်မင်းသမီးလေး

https://www.instagram.com/p/B_jg1RoAo_4/

https://www.instagram.com/p/CAMjviqAPnH/

Thai TV3 နဲ့ စာချုပ်ချုပ်ဆိုထားပြီး ၂၀၁၈ မှာ ရိုက်ကူးခဲ့တဲ့ Tra Barb See Chompoo ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကြောင့် မင်းသားဖြစ်သူနဲ့အတူ သူမကို လူသိများကျော်ကြားသွားခဲ့ပါတယ်။ အခုဆို လူဦးရေ တစ်သန်းကျော် သူမရဲ့ IG ကို follow လုပ်ထားကြပါတယ်။ သူမရဲ့ IG မှာ နေ့တိုင်းလိုလို သူမရဲ့ ပုံလေးတွေကို တင်လေ့ ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

https://www.instagram.com/p/B-_GOyWgGW3/

လက်ရှိအချိန်မှာတော့ ကမ္ဘာ့ကပ်ရောဂါကြောင့် အိမ်တွင်းပုန်းနေပါတယ်နော်။

Kham

SHARE