ဒေ၀ါလီခံတော့မယ်ဆိုတဲ့ သတင်းတွေကို Thai Airways ငြင်းဆို

Image:thaiairways.com

Thai Airways  က တော့ နာမည်ကြီး လေကြောင်းလိုင်းတ စ်ခုပါ။(၁၉၈၈)ခုနှစ်တည်းက စတင်ထူထောင် ခဲ့တဲ့ လေ ကြောင်း လိုင်းပါ။နာမည်ကြီး လေ ကြောင်းလိုင်း တစ်လိုင်း ဖြစ်တဲ့ Thai Airways   ဒေ၀ါလီ ခံလိုက်ပြီ၊ဒေ၀ါလီ ခံ ဖို့ ပြင်ဆင် နေပြီဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ် ခဲ့ပါတယ်။ဒါပေမယ့်လည်း ဒါတွေ ဟာ ကောလာဟလ တွေ ပါလို့ Thai Airways ရဲ့ ၀က်ဘ် ဆိုက် မှာ   ငြင်းဆိုလိုက်ပါတယ်။ဒါပေမယ့် အ ကြွေး တွေနဲ့ ငွေ ရေး ကြေး ရေး ဒုက္ခ ရောက် နေတယ်ဆိုတာက တော့ မှန် ကန် တယ်လို့ BBC မှာ ဖော်ပြ ထားပါတယ်။

Image:wikicommon

အကြွေးတွေနဲ့ နစ် နေတဲ့ Thai Airways  ရဲ့ လေယာဉ် တွေ  ကောင်း ကင် မှာ ဆက်လက်ပျံ သန်း နိုင်ဖို့ အတွက်  ကြိုးစား ရုန်းကန် နေရပါတယ်။အစိုးရ ဆီကို ထိုင်း ဘတ် (၅၈.၁)ဘီလီယံ၊ အမေရိကန် ဒေါ်လာ (၁.၈၁) ဘီလီယံ  ကို ထောက်ပံ့ ချေး ငွေ အဖြစ် ထုတ် ချေး ပေးဖို့  တောင်းခံ ခဲ့ပါတယ်။ဒါပေမယ့် ထိုင်း အစိုးရ က ဒေ၀ါလီခံ မယ့် အရေး ကို ရှောင်နိုင်ဖို့ ပြန်လည် ထူထောင် ရေး အစီအစဉ် ကို ပြောင်းလဲ ဖို့ ပြောခဲ့ပါတယ်။ဘဏ္ဍာ ရေး အကြပ်အ တည်းနဲ့ ရင်ဆိုင် နေရတာက တော့ Thai Airways  တစ်ခု တည်း မဟုတ်ပါဘူး။ကိုဗစ် ကြောင့် ခရီးသွားလုပ်ငန်း က လုံးဝ ထိခိုက် ပျက်စီးခဲ့ရပါတယ်။ခရီးသွားလာ ခွင့်တွေ ပိတ်ပင် ထားတာမို့  ဒီ လုပ်ငန်းနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ နိုင်ငံ တကာက  လေ ကြောင်း လိုင်းတွေ အားလုံး ဒီ ဒုက္ခ နဲ့ ရင်ဆိုင် နေရတာပါ။ဒါပေ မယ့် Thai Airways   က တော့ ကိုဗစ် မတိုင် ခင်တည်းက ကို စီးနင်းတဲ့ ခရီးသည် အ ရေ အတွက် နည်းပါး လာလို့ ဘဏ္ဍာ ရေး ပြဿနာ နဲ့ ရင် ဆိုင် ခဲ့ရတာပါ။(၂၀၁၉)ခုနှစ်တုန်းက ဆိုရင် ထိုင်းဘတ် (၁၂)ဘီလီယံ အရှုံး ပေါ် ခဲ့ပါတယ်။

READ
တစ်လလျှင် ပေါင် 7000 ကျော် ရရှိနေကြောင်း ထုတ်ဖော်ခဲ့တဲ့ Webcam မော်ဒယ်မလေး
Image:thaiairways.com

ဒေ၀ါလီခံဖို့ လုပ် နေတယ်ဆိုတာ မျိုး ကတော့ လုံးဝ မဟုတ်သလို၊အဲ့လို အစီအစဉ်မျိုး မရှိပါဘူးလို့ Thai Airways ရဲ့  ၀က်ဘ် ဆိုက်မှာ ဖော်ပြ ခဲ့ပါတယ်။ လေ ကြောင်း လိုင်းရဲ့ ရှယ်ယာ (၅၁)ရာခိုင်နှုန်းကိုတော့ အစိုးရ က ပိုင်ဆိုင် တာပါ။မေလ (၁၉) ရက်နေ့က ၀န်ကြီး များ စည်း ဝေးပွဲ အပြီးမှာတော့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က အစိုးရ အနေနဲ့ Thai Airways ဒေ၀ါလီခံ မယ့် အရေး ကို ရှောင်နိုင်ဖို့ အတွက် ရှု ထောင့် ပေါင်းစုံ က နေ သုံးသပ် လေ့လာ ခဲ့ပြီး နောက်မှာတော့ ပြန်လည် ထူ ထောင် ရေး  လုပ်ဖို့ကိုပဲ ဆုံးဖြတ်ခဲ့ကာ လေ ကြောင်းလိုင်း ရဲ့ လုပ်ငန်း တွေ ကို ဆက်လည် လည်ပတ်သွားမယ်လို့ ပြောခဲ့ပါတယ်။Thai Airways  မှာတော့ လေယာဉ် အစီးရေ (၈၀) လောက်ရှိပြီး ၀န်ထမ်း က တော့ 22,000  ရှိပါတယ်။လက်ရှိ အခြေ အ နေ အရ အနည်း ဆုံး ဇွန် (၃၀) လောက်အ ထိ နိုင်ငံ တကာ လေယာဉ် ပျံသန်း မှု တွေ ကို ပြန်စ နိုင်မှာ မဟုတ်ပဲ ရပ်နား ထားရအုံးမှာပါ။

READ
ဘောလုံးတစ်သင်းစာမက သားယောက်ျားတွေချည်း မွေးထားလို့ သမီးလေးလိုချင်တဲ့စုံတွဲ
Image:thaiairways.com

#SHWEMOM

SHARE