အိမ် ၁ လုံး၊ ကား ၁၀ စီး နဲ့ ဘတ်ငွေ ၁၀ မီလီယံတန် သမက်ရွေးချယ်ပွဲကို ဖျက်သိမ်းလိုက်ပြီ

Facebook

အသက် ၅၈ နှစ်အရွယ် Amon Rodthong ဆိုသူဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Chumphon ဒေသမှာ ဒူးရင်းသီးစိုက်ခြံကြီးကို ပိုင်ဆိုင်ထားတဲ့ဒူးရင်းသီးသူဌေးကြီးပါ။ သူ့ရဲ့ တစ်ဦးတည်းသောသမီးဖြစ်တဲ့ Kansita နဲ့ လက်ထပ်ဖို့လူကို ရွေးချယ်နေပြီး အရွေးချယ်ခံရတာနဲ့တပြိုင်နက် ထိုင်းဘတ်ငွေ ၁၀ မီလီယံပေးမယ့်အပြင် ကား ၁၀ စီးနဲ့ အိမ်ကြီးတစ်လုံးကိုလည်း ပေးဦးမှာပါလို့ ကြေငြာခဲ့ပါတယ်။ ဒီအပြင် လုပ်ကိုင်စားသောက်ဖို့အတွက် သူပိုင်ဆိုင်တဲ့ ဒူးရင်းခြံတွေထဲ မီလီယံဒေါ်လာတန် အကြီးဆုံးခြံကြီးကိုလည်း ပေးဦးမယ်ဆိုပြီး သူဌေးကြီးရဲ့ Facebook မှာ ၂၀၁၉ ခုနှစ် မတ်လ ၂ ရက်နေ့တုန်းက တင်ခဲ့တာဖြစ်ပါတယ်။

Facebook

သို့ပေမယ့် သိပ်မကြာခင် မတ်လ ၅ ရက်နေ့မှာတင် post ကို ပြန်ဖြုတ်ချပစ်ခဲ့ရပါတယ်။ သူဌေးကြီး Anon Rodthong ဆီကို သမက်အဖြစ်လာလျှောက်သူများဟာ အယောက်ပေါင်း ၁ သောင်း ကျော်တောင်ရှိနေခဲ့ပါပြီ။ ပိုဆိုးတာက သူဌေး Anon Rodthong မှာ စားချိန်၊ အိပ်ချိန်နဲ့ နားချိန်တောင်မရှိတော့လောက်အောင်ကို ဖုန်းတွေတဂွမ်ဂွမ်ဆက်ပြီး သမက်လျှောက်တဲ့ကိစ္စချည်းပဲပြောနေတော့ အလုပ်လုပ်ချိန်လည်းမရှိ၊ အားလပ်ချိန်လည်းမရှိဘဲ ဖြစ်နေရတယ်လို့ဆိုပါတယ်။ သူ့ရဲ့ Facebook ပေါ်မှာပဲ “ဖုန်းတွေထပ်မဆက်ကြပါနဲ့တော့။ နားပါရစေဦး။” ဆိုပြီး ပိုစ့်တောင်တင်ခဲ့ရတဲ့အထိ သူ့ဇာတ်သူမနိုင်ပဲ ဖြစ်သွားခဲ့တာပါ။

READ
ပြသထားတဲ့ ပန်းချီကားတစ်ဝက်က အတုတွေဖြစ်နေလို့ လူပြောစရာဖြစ်ခဲ့တဲ့ ပန်းချီပြခန်း
Facebook

ထိုင်းအမျိုးသားများကတော့ မိန်းမလည်းရ၊ စီးပွားရေးဈေးကွက်အကြောင်းလည်းနားလည်၊ ပိုင်ဆိုင်မှုတွလည်းရဆိုတော့ ဒီလိုရထောင့်ရခဲတဲ့အခွင့်အရေးမျိုးကို လက်လွှတ်မခံကြဘဲ လျှောက်ထားခဲ့ကြတပါ။ သမက်လောင်းတစ်ယောက်ရှိရမယ့် အရည်အချင်းတွေကလည်း တက္ကသိုလ်ဘွဲ့တွေ၊ မာစတာဘွဲ့တွေမလိုအပ်ဘဲ သူ့အတွက်တော့ မိသားစုကိုဦးဆောင်စောင့်ရှောက်နိုင်ပြီး စီးပွားရေးအမျှော်အမြင်ရှိတဲ့ သမက်တစ်ယောက်ကိုသာ အလိုရှိတယ်လို့လည်း ဆိုပါတယ်။ လုံ့လရှိပြီး သူ့သမီးအပေါ် ကြင်ကြင်နာနာဆက်ဆံမယ့်လူမျိုးကို လိုလားပြီး သူဌေးကြီးလိုလည်း မချမ်းသာရဘူးဆိုပြီး စည်းကမ်းချက်တွေထုတ်ထားတဲ့အတွက်လည်း လာရောက်လျှောက်ထားသူတွေ များပြားသွားခဲ့ဟန်တူပါတယ်။

နောက်ပြီး လက်ထပ်ပေးမယ့် သူဌေးသမီးကလည်း ထက်ထက်မြက်မြက်နဲ့ ဥစ္စာပေါ၊ ရုပ်ချောတဲ့အပြင် ဘွဲ့ရပညာတတ်ပြီး မိသားစုစီးပွားရေးကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်လည်ပတ်စေသူတစ်ဦးပါ။

Facebook

သမီးဖြစ်သူ Kansita  ကတော့ “ကဲ ဧပြီ ၁ ရက်နေ့မှာ တွေ့ကြမယ်။ ကိုယ့်ရဲ့အဝတ်တွေနဲ့ လိုမယ့်ပစ္စည်းတွေကို ထုတ်ပြီး ကျွန်မရဲ့ဒူးရင်းခြံမှာ အလုပ်လာလုပ်ကြ” ဆိုပြီး လျှောက်ထားသူတွေကို ပြောခဲ့ပါတယ်။ ထပ်ပြီး “စစချင်းလာတဲ့လူမှန်သမျှ သုံးလလုပ်ရမယ်၊ သုံးလပြီးလို့ ထွက်ချင်တဲ့လူကထွက် ကျန်တဲ့လူတွေက နောက်ထပ်သုံးလဆက်လုပ်နဲ့ တစ်ယောက်တည်းကျန်တဲ့အထိ ဆက်သွားကြမယ်နော်” ဆိုပြီး Facebook မှာ ရေးခဲ့ပါသေးတယ်။ သို့သော် သမက်လောင်းရွေးပွဲကိုတော့ ဒူရင်းသီးသူဌေးဘက်မှပဲ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

READ
ဖောက်ပြန်နိုင်ခြေအရှိဆုံးသူတွေရဲ့ တူညီလေ့ရှိတဲ့အရည်အသွေးတစ်ခုကို စိတ်ပညာရှင်များပြော
Facebook

ပွဲကိုဖျက်သိမ်းလိုက်တဲ့အကြောင်းအရင်းကိုတော့ လျှောက်တဲ့လူတွေသိပ်များသွားလို့ လက်ခံမတွေ့ဆုံနိုင်တော့တာလို့ဆိုကာ ရုတ်တရက်ဖျက်သိမ်းခဲ့တာပါ။

Source: Asia One

Penny

SHARE