သမီးဖြစ်သူရဲ့ အချစ်ကို ရယူနိုင်မယ့်သူကို ပိုင်ဆိုင်မှုအများအပြား လွှဲပေးမယ့် ဒူးရင်းသူဌေး

သင်သာဒီအချက်နှစ်ချက်နဲ့ ကိုက်ညီခဲ့မယ်ဆိုရင်တော့ ဒူရင်းသီးသူဌေးသမက်ဖြစ်ဖို့ အခွင့်အရေးကောင်းပါပဲနော်။ သူဌေးကြီးထုတ်ထားတဲ့ စည်းကမ်းချက်တွေကတော့ သူ့သမီးလေးကို စက္ကန့်မလပ်ပျော်အောင်ထားနိုင်ပြီး လုပ်ငန်းအတွက်အားကိုးရလောက်မယ့် ရိုးသားကြိုးစားတဲ့လူမျိုးဖြစ်ရပါမယ်တဲ့။

ထိုင်းနိုင်ငံမှ ဒူရင်းသီးသူဌေးဟာ သူ့ရဲ့ အသက် (၂၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ တစ်ဦးတည်းသောသမီးလေးအတွက် ကြင်ယာဖက်ကိုရှာဖွေလျက်ရှိပါတယ်။ သမီးရဲ့အချစ်ကိုရအောင်ကြိုးစားနိုင်ခဲ့မယ်ဆိုရင်တော့ ငွေတွေအပြင် အိမ်နဲ့ကားတွေကိုလည်း ပေးဦးမှာပါ။

Viral Press

အသက် ၅၈ နှစ်အရွယ် Amon Rodthong ဆိုသူဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Chumphon ဒေသမှာ ဒူးရင်းသီးစိုက်ခြံကြီးကို ပိုင်ဆိုင်ထားတဲ့သူဌေးကြီးပါ။ သူ့သမက်ဖြစ်မယ့်လူကိုတော့ ထိုင်းဘတ်ငွေ ၁၀ မီလီယံပေးမယ့်အပြင် ကား ၁၀ စီးနဲ့ အိမ်ကြီးတစ်လုံးကိုလည်း ပေးဦးမှာပါလို့ ကြေငြာခဲ့ပါတယ်။

အသက် (၂၆) နှစ်ရှိနေပြီဖြစ်တဲ့ Karnsita ဟာ ဖခင်နဲ့အတူတူ မိသားစုစီးပွားရေးဖြစ်တဲ့ ဒူးရင်းသီးစိုက်ပျိုးတင်ပို့လုပ်ငန်းကို လုပ်ကိုင်နေပါတယ်။ သမီးကညာ အခါမလင့်ကောင်း ဆိုတဲ့စကားအတိုင်း အသက် (၂၆) နှစ်အရွယ်သမီးကို မိဘဝတ်အတိုင်း အိမ်ထောင်ချပေးရမှာဖြစ်တဲ့အတွက် သူ့စိတ်ကြိုက်သမက်လောင်းကို ရွေးချယ်ချင်ဟန်တူပါတယ်။

READ
ယောဂကျင့်စဉ်စနစ်မှားယွင်းခဲ့လို့ တစ်ဘဝလုံး အကြောသေသွားနိုင်တဲ့ ကလေးငယ်
Viral Press

အပေါ်မှာဖော်ပြထားတဲ့ပိုင်ဆိုင်မှုတွေအပြင် သူဌေးကြီးဟာ သူပိုင်ဆိုင်တဲ့ ဒူးရင်းခြံတွေထဲ မီလီယံဒေါ်လာတန် အကြီးဆုံးခြံကြီးကိုလည်း လုပ်ကိုင်စားသောက်ဖို့အတွက် ပေးဦးမှာပါ။ တက္ကသိုလ်ဘွဲ့တွေ၊ မာစတာဘွဲ့တွေမလိုအပ်ဘဲ သူ့အတွက်တော့ မိသားစုကိုဦးဆောင်စောင့်ရှောက်နိုင်ပြီး စီးပွားရေးအမျှော်အမြင်ရှိတဲ့ သမက်တစ်ယောက်ကိုသာ အလိုရှိတယ်လို့လည်း ဆိုပါတယ်။ လုံ့လရှိပြီး သူ့သမီးအပေါ် ကြင်ကြင်နာနာဆက်ဆံမယ့်လူမျိုးဆိုရင်ကို သူဌေးကြီး Amon Rodthong အတွက် လုံလောက်နေပါပြီ။

Viral Press

သမီးဖြစ်သူ Karnsita အနေနဲ့ကလည်း မိသားစုစီးပွားရေးကို ဦးဆောင်လုပ်ကိုင်နိုင်တဲ့ အရည်အချင်းရှိသူဖြစ်ပြီး တရုတ်နဲ့အင်္ဂလိပ်ဘာသာစကားတို့ကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တဲ့ ပညာတတ်အမျိုးသမီးတစ်ယောက်ပါ။ ရည်းစားရယ်လို့တောင် မယ်မယ်ရရမထားဖူးခဲ့ဘဲ ပညာရေးနဲ့စီးပွားရေးဘက်မှာပဲ ဆောက်ချလုပ်ကိုင်နေသူဖြစ်တဲ့အတွက် အချစ်ရေးနဲ့ပတ်သက်လာရင် ဖခင်ရဲ့စိတ်တိုင်းကျအတိုင်း နာခံမယ့်လူစားမျိုးပါ။

Facebook
Viral Press

သူဌေးကြီး Amon Rodthong ဟာ သမက်ရှာပုံတော်ဖွင့်တဲ့အကြောင်း သူ့ရဲ့ Facebook မှာ တင်ထားခဲ့တာကို Karnsita တစ်ယောက် Korea မှာ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ သွားလုပ်နေတဲ့အတွက် သတိမထားမိခဲ့ပါဘူး။ ဖခင်ကိုယ်တိုင်ကလည်း သူမကို အသိပေးခြင်းမရှိဘဲ ဒီလိုလုပ်ခဲ့တာပါ။ ပစ္စည်းတွေပေးပြီး သမီးကိုလက်ထပ်မယ့်လူ လိုက်ရှာနေတယ်ဆိုတာ သူမရဲ့သူငယ်ချင်းတွေကနေ တစ်ဆင့်ပြောမှ သိခဲ့ရတယ်လို့ ဆိုပါတယ်။ Karnsita ကတော့ ဖခင်ကိုစိတ်မဆိုးဘဲ အံ့သြပြီး ရယ်နေရတယ်လို့သာ ပေါ့ပေါ့ပါးပါးပြောခဲ့ပါတယ်။

READ
ရုံးခန်းမှာ အလုပ်လုပ်နေစဉ် သရဲတွေသောင်းကျန်းလို့ အိမ်ပြန်ပြေးခဲ့ရတဲ့ အမျိုးသမီး

သူဌေးကြီးရဲ့ သားမက်လောင်းဖြစ်ချင်ရင်တော့ ထိုင်းနိုင်ငံတောင်ပိုင်း Chumphon ပြည်နယ်ရဲ့ Laung Suan မြို့နယ်ထဲက Uay Chai ဈေးမှာ သူဌေးကြီးရဲ့ ဒူးရင်းဆိုင်တွေ လက်လီ၊ လက်ကားရောင်းချနေပါတယ်။ အဲ့ဒီဈေးမှာ သူဌေးကြီး ကို လူကိုယ်တိုင် သွားတွေ့ပြီး ကိုယ့်အကြောင်းကိုယ် မိတ်ဆက်ကာ အလုပ် ကြိုးစားကြောင်း သက်သေပြရုံပါပဲ။ Karnsita ကိုယ်တိုင်ကလည်း အလုပ်ကြိုးစားပြီး သဘောကောင်းတဲ့လူမျိုးကို သူမရဲ့ ဖခင်သာ ရှာဖွေပေးနိုင်ခဲ့ရင် မဆိုးပါ ဘူး ပြောထားတယ်ဆိုတော့ ……

Viral Press

Source: Daily Mail, World of Buzz, Lad Bible

Penny

 

SHARE