ဆယ်လီတွေရဲ့ ဖက်ရှင်ကို တုပဖန်တီးရင်း နာမည်ကြီးလာသူလေး

နာမည်ကြီးဆယ်လီတွေရဲ့ ဖက်ရှင်ကို သူမရဲ့ စတိုင်ပုံစံ နဲ့ တုပရင်း အင်တာနက်ပေါ်မှာ နေ့ချင်းညချင်း နာမည် ကြီး လာခဲ့တဲ့ ထိုင်းမလေးရဲ့ အကြောင်းကို ဖော်ပြချင်ပါတယ်။ သူမကတော့ ဆယ်လီတွေဝတ်ဆင်ခဲ့တဲ့ တန်ဖိုးကြီးဝတ်စုံကိုတော့ သူမက ကိုယ့်နည်းကိုယ့်ဟန် နဲ့ ဟာသမြောက်စွာ တုပပြီး ပြန်လည်ဖန်တီးခဲ့တာပါ။

ဒီလို Idea ဆန်းလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမရဲ့ နာမည်ကတော့ Sine Benjaphorn ဖြစ်ပြီး အသက်ကတော့ (၂၈) နှစ်ပါ။ plus-size model ဖြစ်တဲ့ သူမ ဟာ ဘန်ကောက်အနောက်ဖက်မှာရှိတဲ့  Ratchaburi ပြည်နယ်မှာ ကိုယ်ပိုင် အ၀တ်အစားဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ်။ ထိုင်းမင်းသမီးချော Chompoo Araya ကိန်းစ် ရုပ်ရှင်ပွဲ တော်မှာ ၀တ်ဆင်ခဲ့တဲ့ မက်မွန်ရောင်ဝတ်စုံကို သူမက ပြန်လည်ဖန်တီးခဲ့ရာကနေ နာမည်ကြီးခဲ့တာပါ။

Benjaphorn ကတော့  ဒီဝတ်စုံကို Araya ရဲ့ ပုံကိုကြည့်ပြီး တု ပ ဖန်တီး ထားတယ်လို့ ပြောခဲ့ပါတယ်။သူမ ဖန် တီးထားတဲ့ ၀တ်စုံကတော့ တကယ့် အသားကောင်းတဲ့ ပိတ်စ အထည်စတွေနဲ့ ဖန်တီးထား တယ်လို့ ထင်ရင် တော့ မှားပါလိမ့်မယ်။ပုစွန် Crackers(ဘီစကွက်ပွကြွပ်)အိတ်တွေကို ၀ယ်ပြီး စုချုပ်ထားတာပါ။နောက်ဆုံး ရလဒ် ကတော့ အပေါ်မှာ ပြထားတဲ့ အတိုင်းပါပဲ။ Araya ရဲ့ ၀တ်စုံနဲ့ တစ်ထပ်တည်း နီးပါး တူတဲ့ ၀တ်စုံကို ဖန်တီးနိုင်ခဲ့ပါတယ်။ Araya ဗိုက်ကြီးတုန်းက ၀တ်ဆင်ခဲ့တဲ့ ဖက်ရှင်နဲ့ သူမရဲ့တခြားဖက်ရှင်ဒီဇိုင်းတွေကိုလည်း သူမက တုပဖန်တီးခဲ့ပါေ သးတယ်။

READ
ရင်ထဲထိစေမယ့် လေးနက်တဲ့အကြောင်းလေးတွေနဲ့ ဓာတ်ပုံလေးများ

မင်းသမီးရဲ့ ပုံနဲ့ သူမရဲ့ ပုံကို နှိုင်းယှဉ်ထားတဲ့ ပုံကို အွန်လိုင်းပေါ် မှာ တင်လိုက်ပြီး ခဏလေး အတွင်းမှာပဲ Benj aphorn ရဲ့ post ဟာ Fb မှာ အရမ်းကို ရေပန်းစားသွားခဲ့ပါတယ်။သူမရဲ့ ဒီဇိုင်းနဲ့ ဟာသ မြောက်စွာ တင်ပြထားမှု၊ ဖန်တီးထားမှုကို အားလုံးက ချီးကျူးခဲ့ပါတယ်။” ကျမလည်း အရမ်းလန့်သွားတယ်..ဒီလောက်လူအများကြီးက ကျမပုံကို ရှယ်ကြလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး..အခုဆိုရင် သတင်း Channel တွေတိုင်းမှာ ကျမ ပါနေပြီ..” လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဒီဝတ်စုံက သူမအတွက် ပထမဆုံးမဟုတ်ပါဘူး။ ဟိုးအရင်တုန်းကလည်း ဆယ်လီတွေ ၀တ်တဲ့ ၀တ်စုံတွေကို တုပ ဒီဇိုင်းဖန်တီးခဲ့ဖူးပါတယ်။သူမဟာ “Roar” MV ထဲမှာ Katy Perry ၀တ်တဲ့ ပုံစံမျိုး၊ Claire Danes ရဲ့ လူပြော များတဲ့ Zac Posen ဂါဝန်ပုံစံမျိုးကိုလည်း တုပဖန်တီးခဲ့ဖူးပါတယ်။သူမရဲ့ fb အကောင့်မှာ ၀န်းရံ သူတွေ များနေပြီး မေ(၁၆)ရက်နေ့ မှာတော့ (151,110 Followers) တောင် ရှိနေတာကိုတွေ့ရပါတယ်။

READ
ကမ္ဘာ့အဆင်းရဲဆုံး သမ္မတလို့ အခေါ်ခံရတာကို ဂုဏ်ယူတဲ့ ဥရုဂွေးနိုင်ငံရဲ့ သမ္မတဟောင်း

Source mashable

SHARE