Gym တွေ ပိတ်လို့ ဒူးရင်းသီးရောင်းပြီး စီးပွားရှာနေတဲ့ Fitness Trainer များ

Image:Fb/Bsamfruitทุเรียนเดลิเวอรี่

ကိုရိုနာ ရဲ့ ဂယက်ကြောင့်  စီးပွာရေးလုပ်ငန်း အများစု အထိ နာ နေကြရပါတယ်။ခရီးသွားလုပ်ငန်း တွေ ကတော့ လုံးဝ ရပ်တန့်ပစ်လိုက်ရပါတယ်။ဒါ့အပြင် လူစုလူ ဝေးဖြစ်စေတဲ့ လုပ်ငန်းနဲ့ ရောဂါ ကူးစက်မှု လွယ်ကူ စေတဲ့ လုပ်ငန်း မျိုးတွေ ကို လုံးဝ ရပ်နားပစ်ဖို့ အာဏာပိုင်တွေ က အမိန့်ထုတ်ပြန်ထားပါတယ်။Gym အားကစားခန်း မ တွေ ဟာဆို ရင် လူစု လူ ဝေးလည်း ဖြစ်စေ သလို ချွေးတွေ နဲ့ ကစားရတာ၊အများသုံး ပစ္စည်းတွေ ဖြစ် တာ ကြောင့် ရောဂါ ကူး စက်မှု စတင်ချိန်တည်းက ပိတ်ခဲ့ရပါတယ်။ထိုင်းမှာတော့ Fitness Trainer တွေ က သူတို့ရဲ့ ဘ၀ ရပ်တည် ရေး အတွက် တခြား အလုပ်သစ်တစ်ခုကို လုပ်နေပါတယ်။

Image:Fb/Bsamfruitทุเรียนเดลิเวอรี่

အဲ့ဒါ ကတော့ ဒူးရင်းသီးရောင်းတဲ့ အလုပ်ပါ။ဒူးရင်းသီးကို ရောင်းတဲ့ နေရာမှာလည်း လူတွေ ပိုပြီး စိတ် ၀င်စား လာ အောင်၊ ဖောက်သည်တွေ အများကြီး ရလာဖို့ အတွက် အ ပေါ် ပိုင်း ဗလာကျင်းပြီး ရောင်းချ နေကြတဲ့ ပုံတွေ ဆိုရှယ်မီ ဒီယာ ပေါ်မှာ ထွက်ပေါ် လာခဲ့ပါတယ်။ရောင်း ကောင်းလို့ ချောချော လှလှ လေးတွေကို ခန့်ပြီး စား ပွဲ ထိုး ခိုင်း တဲ့ ၊ဈေးရောင်းခိုင်းတာ မျိုးတွေ အရင်ကလည်း အများကြီးရှိခဲ့ဖူးပါတယ်။ရလဒ် ကလည်း တော်တော် လေးေ ကာင်း ခဲ့ဖူးပါတယ်။

READ
မူးယစ်ဆေးနဲ့ပတ်သက်သူ 97% ကို ဖိလစ်ပိုင်ရဲမှ ပစ်ခတ်သတ်ဖြတ်ခဲ့
Image:Fb/Bsamfruitทุเรียนเดลิเวอรี่

အခုလည်း အဲ့ဒီလိုပါပဲ။ဗလာ တောင့် တောင့်နဲ့ Fitness Trainer  တွေ ကို သုံးပြီး ဒူးရင်းသီးရောင်းရင် တော့ ရောင်း ကောင်းမှာပဲ ဆိုပြီး ဒူးရင်းသီး ဆိုင်ပိုင်ရှင်က သူတို့ တွေကို ငှားပြီး ဈေးရောင်းခိုင်းခဲ့တာပါ။အ ပေါ် ပိုင်းကိုပါ ဗလာ ကျင်း ပြီး ဒူးရင်းသီးကို ဆိုင်မှာ လဲ ရောင်းသလို မှာချင်ရင်လည်း အိမ် အ ရောက် လိုက် ပို့ ပေး နေတာပါ။

Image:Fb/Bsamfruitทุเรียนเดลิเวอรี่

ဆိုင်ပိုင်ရှင် ရဲ့ အ ရောင်းတက်ဖို့ ကြံစည်လိုက်တဲ့ စိတ်ကူး ကတော့ အောင်မြင်တယ်လို့ ပြောရမှာပါ။ပျိုပျို မေ တို့ ကြားမှာ တော့ ဗလာ တောင့်တောင့် နဲ့ ကိုကို တွေ ရောင်းတဲ့ ဒူးရင်းသီးက အရမ်းကို ရေပန်စားသွားခဲ့ပါတယ်။Comment တွေ မှာေ တာ့ သစ်သီးစားပေးဖို့ လို နေပြီ။ဒီလို ဒူးရင်းသီးမျိုး ကို သဘော ကျတယ်ဆိုပြီး အမျိုးမျိုးမှတ် ချက် ပေးခဲ့ ကြပါတယ်။

วันนี้ทุเรียนกรอบนอกนุ่มใน พร้อมให้คุณลูกค้าอุดหนุนแล้วครับ

Posted by Bsamfruitทุเรียนเดลิเวอรี่ on Tuesday, April 28, 2020

Source:worldofbuzz/Fb/Bsamfruitทุเรียนเดลิเวอรี่

SHARE