အိမ်တွေမှာ တရားဝင်ဆေးခြောက် စိုက်ပျိုးခွင့်ပြုဖို့ ဥပဒေပြင်ဆင်ဖို့ရှိနေတဲ့ ထိုင်းအစိုးရ

unsplash/Rick Proctor

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးခြောက်တရားဝင်သုံးစွဲဖို့ ခွင့်ပြုထားတဲ့ နိုင်ငံပါ။ ဇွန်လမှာလည်း အာရှရဲ့ ပထမဆုံးဆေးခြောက်ဆေးခန်းကို ဘန်ကောက်မြို့မှာ ဖွင့်လှစ်ခဲ့ပါသေးတယ်။ ဒါတင်မကေသေးပါဘူး။ အခုဆိုရင် ထိုင်းအစိုးရဟာ ဆေးခြောက်နဲ့ပတ်သက်လို့ တင်းကြပ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တဖြည်းဖြည်းပြေလျော့လာဖို့ ရှိနေပါတယ်။

အွန်လိုင်းသတင်းစာမျက်နှာ vice မှာ တွေ့ရတဲ့သတင်းအရ ထိုင်းနိုင်ငံဟာ ပြည်သူတွေကို ဆေးဖြစ်ဝါးဖြစ် အိမ်မှာ ဆေးခြောက်စိုက်ပျိုးခွင့်ပြုဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။ Bhumanjaithai ပါတီက သူတို့အနေနဲ့ ယခုရက်သတ္တပတ်မှာ အိမ်တွင်းဆေးခြောက်စိုက်ပျိုးမှူဥပဒေကို အတည်ပြုပေးမယ့် ဥပဒေမူကြမ်းတင်သွင်းဖို့ ပြင်ဆင်နေကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ အခုလိုဥပဒေမူကြမ်းတင်သွင်းဖို့ကိစ္စဟာ ပါတီအနေနဲ့ ဆေးခြောက်ရဲ့ စီးပွားရေးဆိုင်ရာ၊ ဈေးကွက်ဆိုင်ရာ အကျိုးအမြတ်တွေကို လေ့လာသုံးသပ်ပြီးနောက်ပိုင်း ထွက်ပေါ်လာတာပါ။

unsplash/Get Budding

ပါတီဟာ ပြီးခဲ့တဲ့မတ်လတုန်းကလည်း ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲအတွင်း ဆေးခြောက်ဈေးကွက်ဖွင့်လှစ်ဖို့ ကမ်ပိန်းပြုလုပ်ခဲ့ပါသေးတယ်။ ပါတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ Supachai Jaisamut ကတော့ ၄င်းဥပဒေမူကြမ်းဟာ နိုင်ငံရဲ့မူးယစ်ဥပဒေကို ပြုပြင်ပြောင်းလဲစေမှာဖြစ်ပြီး ဥပဒေမူကြမ်းထဲမှာတော့ အိမ်တစ်အိမ်မှာ တစ်ပိုင်တစ်နိုင်သုံးစွဲဖို့အတွက် အများဆုံး ဆေးခြောက်ပင်() ပင်ကို စိုက်ပျိုးခွင့်ပြုမှာဖြစ်ကြောင်း ဆိုထားပါတယ်။ ဒီဥပဒေကို အတည်ပြုဖို့အတွက်ကတော့ အနည်းဆုံးလွှတ်တော်အမတ် ဦးရေ(၅၀၀) လောက်က ထောက်ခံမှ ဖြစ်မှာပါ။ နိုင်ငံတော်နဲ့ အစိုးရမဟုတ်တဲ့ အရာရှိကြီးများ၊ ထိုင်းရိုးရာဆေးကုဆရာဝန်တွေနဲ့ တိုင်းရင်းဆေးဆရာဝန်တွေကိုတော့ အိမ်တွင်းဆေးခြောက်စိုက်ပျိုးမယ့်ဥပဒေကို ထောက်ခံပေးကြဖို့ ပါတီက တိုက်တွန်းထားပါတယ်။

unsplash/Thought Catalog

ပါတီအနေနဲ့ ဒီဥပဒေနဲ့အတူ မူးယစ်ဆေးပင်များလေ့လာရေးသိပ္ဗံကိုလည်း ဖွင့်လှစ်ဖို့ ကြံစည်ထားကြောင်း သိရပါတယ်။ မူးယစ်ဆေးပင်များ လေ့လာရေးသိပ္ဗံမှာဆိုရင်တော့ ဆေးခြောက်တွေကို သုတေသနပြုလုပ်ခြင်း၊ စိုက်ပျိုးခြင်း၊ ဓာတ်ခွဲခြင်း၊ ပြည်ပသို့တင်ပို့ရောင်းချခြင်း၊ စတဲ့စမ်းသပ်ချက်တွေပါ ပြုလုပ်ဖို့အတွက် ဖြစ်ပါတယ်။ Thai Holistic Health Foundation မှ အတွင်းရေးမှူး Rosana Tositrakul ကတော့ အိမ်စိုက်ဆေးခြောက်ဥပဒေကိုသာ တရားဝင်အသိအမှတ်ပြုလိုက်မယ်ဆိုရင် ဈေးကွက်ဟာ ပိုပြီးတော့ အပြိုင်အဆိုင်ဖြစ်လာမယ့်အကြောင်းနဲ့ အထူးသဖြင့်တော့ ရိုးရာတိုင်းရင်းဆေးသမားတော်တွေအတွက် ပိုအဆင်ပြေစေမှာဖြစ်တယ်လို့ Bangkok post ကို ရှင်းပြခဲ့ပါတယ်။

အခြား အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ လာအိုနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကတော့ ထိုင်းနိုင်ငံရဲ့ခြေလှမ်းအတိုင်း လိုက်နာသင့် မနာသင့်ကို ဆွေးနွေးလျက် ရှိနေပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံကတော့ ဆေးခြောက်နဲ့ပတ်သက်ပြီး အမြင်သဘောထားတွေလည်း မတူညီကြပါဘူး။ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကလည်း စင်္ကာပူနိုင်ငံမှာ တိုက်ခန်းထဲ ဆေးခြောက်စိုက်ပျိုးခဲ့တဲ့ အမျိုးသား()ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE