(၉) ရက်ကြာ ဂူထဲမှာ ရှင်သန်နိုင်ခဲ့တဲ့ ကလေးတွေကို ချင်းရိုင်အုပ်ချုပ်ရေးမှူး ချီးကျူး

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသရဲ့ မယ်ဆိုင်မြို့အနီးမှာရှိတဲ့ ကျောက်ဂူတစ်ခုထဲမှာ (၉) ရက်ကြာ ပိတ်မိနေခဲ့တဲ့ လူငယ် ဘောလုံးအသင်းကို ဇူလိုင်လ (၂) ရက်နေ့က အသက်ရှင်လျှက် ပြန်လည်တွေ့ရှိခဲ့ပြီးတဲ့နောက် သူတို့ရဲ့ဇွဲသတ္တိကို တာဝန်ရှိသူတွေက ချီးကျူးခဲ့ကြပါတယ်။

AFP

ဇွန်လ (၂၃) ရက်နေ့ကတည်းက အဲဒီကျောက်ဂူထဲကို အလည်အပတ်သွားရင်း ပျောက်ဆုံးနေခဲ့ကြတဲ့ အသက် (၁၁) နှစ်ကနေ (၁၆) နှစ်ကြား လူငယ်ဘောလုံးသမား (၁၂) ဦးနဲ့ အသက် (၂၅) နှစ်အရွယ် နည်းပြဆရာတို့ကို အားလုံးက အပူတပြင်းနဲ့ ရှာဖွေနေခဲ့ကြတာပါ။ ပုံမှန်လေ့ကျင့်ခန်း အစီအစဉ်တွေ ပြုလုပ်ပြီးတဲ့နောက် အဖွဲ့လိုက် ဂူထဲဝင်သွားခဲ့တဲ့ လူငယ်အသင်းဟာ လိုဏ်ဂူထဲကိုဝင်ရောက်လာတဲ့ ရေထုနဲ့ မမျှော်လင့်ပဲ ကြုံတွေ့ခဲ့ရပြီး ကျောက်ဂူထဲမှာ ပိတ်မိသွားခဲ့ရတာပဲဖြစ်ပါတယ်။

Thai Navy

ဇူလိုင်လ ၂ ရက်နေ့၊ ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်မှာတော့ လူငယ်တွေရှိတဲ့နေရာကို သိခဲ့ရပြီး နောက်ဆုံးမှာ သူတို့ကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ လူပေါင်း ထောင်ချီပါဝင်ခဲ့တဲ့ ရှာဖွေမှုမှာ နိုင်ငံတကာအကူအညီတွေလည်း ယူခဲ့ရပြီး ကယ်ဆယ်မှုကို နိုင်ငံတော်အဆင့်သတ်မှတ်ကာ ပြုလုပ်ခဲ့ကြတာပါ။

READ
အိမ်ထောင်ကျပြီး စိတ်ဆင်းရဲနောင်တမရချင်ရင် ဒီလိုယောကျာ်းအမျိုးအစားတွေကို ရှောင်ပါ
SkyNews

ကလေးတွေရဲ့ ဂူထဲက တည်နေရာကိုတော့ ယူကေ ကျွမ်းကျင်ရေငုပ်သမားနှစ်ဦးက အရင်ဆုံးရှာဖွေနိုင်ခဲ့တာပါ။ သူတို့ထဲက ရစ်ခ်စတန်တန်အမည်ရ အမျိုးသားဆိုရင် ရေငုပ်သမား သက်တမ်း (၃၅)နှစ်ခန့်ပင် ရှိပြီဖြစ်ပါတယ်။

Thai Navy

“မိုးက နေ့တိုင်းရွာနေခဲ့ပြီး ဂူထဲကို ရေထဲထပ်ဝင်နိုင်တာကြောင့် ကျွန်တော်တို့က ဒီကယ်ဆယ်ရေးကို အောင်မြင်နိုင်ချေနည်းတယ်လို့ပဲ တွေးထားခဲ့ကြတာပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ နည်းပညာကိရိယာတွေက သဘာဝတရားကို အံတုနိုင်ခဲ့ပါတယ်” လို့ ချင်းရိုင် အုပ်ချုပ်ရေးမှူး Narongsak Osottanakorn က ပြောကြားခဲ့ပါတယ်။

(၉) ရက်ကြာအခြေအနေမှာ လူငယ်တွေကို အသက်မရှင်နိုင်တော့ဘူးလို့ သုံးသပ်ချက်တွေရှိနေပေမယ့်လည်း ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကတော့ မိုးဆက်တိုက်ရွာသွန်းပြီး မြင့်တက်လာနေတဲ့ ရွှံ့ရေတွေကို ငုပ်လျိုးဖြတ်သန်းပြီးတဲ့နောက် အားလုံးကို ကယ်ဆယ်နိုင်ခဲ့တာပါ။ ချင်းရိုင်ဒေသ အုပ်ချုပ်ရေးမှူး သူ့အနေနဲ့ ကလေးငယ်တွေကို ရှာဖွေတွေ့ရှိမှုအပေါ် အင်မတန်ဝမ်းမြောက်ကြောင်းနဲ့ (၉) ရက်ကြာ အစာငတ်နေတဲ့အခြေအနေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ကလေးငယ်တွေရဲ့စိတ်ဓာတ်ကိုလည်း အသိအမှတ်ပြုကြောင်း ပြောဆိုလိုက်ပါတယ်။

READ
Fanတွေဆီ ဒေါ်လာ(၇၅၀၀)ဖိုး ပိုက်ဆံတွေ ပို့ပေးခဲ့တဲ့ YouTuber မလေး Tana Mongeau
Google Map
Thai Navy

ကလေး (၁၂)ဦးနဲ့ (၂၅)နှစ်အရွယ် နည်းပြတို့ကိုတော့ သက်ဆိုင်ရာတွေက အာဟာရနဲ့ ဆေးဝါးရိက္ခာ အနည်းဆုံး (၄)လစာ ထောက်ပံ့သွားမှာဖြစ်ကြောင်း သိရပြီး ရေတွေ စုပ်ထုတ်ဖို့ လုပ်နေစဉ်မှာပဲ ထို (၁၃)ဦးလုံးတို့ကို ရေငုပ်နည်း သင်ကြားပေးသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

“(၁၃)ဦးကို ရောဂါပိုးဝင်ရောက်ခြင်းနဲ့ အခြားဖျားနာမှုများမှလည်း ကာကွယ်ပေးဖို့ ဆေးဝါးတွေကိုလည်း ထောက်ပံ့သွားဖို့ ဆရာဝန်တွေက မှာကြားထားပါတယ်” လို့ အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားခဲ့ပါသေးတယ်။ လူငယ်ဘောလုံးအသင်းကိုရှာတွေ့ပြီးတဲ့နောက် ဆေးရုံကိုချက်ချင်းတင်ပို့ဖို့ စီစဉ်ခဲ့ကြပြီး ကယ်ဆယ်မှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မကြာမီ ထုတ်ပြန်လာဖို့ရှိနေပါတယ်။

thai pbs

Linn

Source : Washington Post , The Guardian , CNN

SHARE