ထိုင်းနိုင်ငံက Shopping Mall ထဲမှာ လူတွေကို ပစ်ခတ်ရင်း ရွှေဆိုင်ကို လုယက်ခဲ့တဲ့ ဓားပြ

Royal Thai Police Crime Suppression Division via AP

ဘဏ်ဓားပြတိုက်တာတို့၊ အိမ်ဓားပြတိုက်တာတို့မှာ များသောအားဖြင့် ဓားပြတွေက လူသတ်တာကို အတက်နိုင်ဆုံး ရှောင်ကြပါတယ်။ နောက်ဆုံး မတက်သာတဲ့ အခြေအနေမှာမှ သူတို့ လွတ်မြောက်အောင် ဓားစာခံကို ခုတုံးလုပ်ပြီး လွတ်မြောက်ရာကို ရှာဖွေကြတာပါ။

ဒါပေမယ့် မနေ့ည(၉.၁.၂၀၂၀)က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ Lopburi မှာ ဖြစ်သွားတဲ့ ဓားပြမှုကတော့ တော်တော်လူမဆန်တဲ့ ဓားပြမှုလို့ ပြောလို့ရပါတယ်။ ဓားပြတွေဟာ ရွှေပစ္စည်းတွေ ယူသွားတဲ့အပြင် လူတွေကိုပါ ပစ်သတ်ခဲ့ပါတယ်။

 

Twitter/alkhaleejtoday

မျက်နှာဖုံးစွပ်ထားတဲ့ ဓားပြတစ်ယောက်ဟာ ထိုင်းနိုင်ငံ၊ Lopburi မှာရှိတဲ့ Robinson Mall ကို ဓားပြဝင်တိုက်ခဲ့ပါတယ်။ အဆိုပါဓားပြဟာ ပစ္စည်းတွေ ယူသွားရုံသာမက လူတွေကိုပါ သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ လူ(၃)ယောက်  သေဆုံးပြီး လူ(၅)ယောက် အပြင်းအထန် ဒဏ်ရာရှိခဲ့တယ်လို့လည်း သိရပါတယ်။

READ
မြေးဦးယောက်ျားလေး မွေးနိုင်ခဲ့တဲ့ ချွေးမကို ယွမ်သန်း(၁၀၀) ချီးမြင့်ခဲ့တဲ့ ကာစီနိုသူဌေးကြီး

ဆိုင်ဝန်ထမ်း(၂)ယောက်ကတော့ ပစ်ခတ်ခံရတဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ကလေးငယ်လေးကတော့ ကံဆိုးစွာနဲ့ ဆေးရုံရောက်မှသာ သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ ပစ်ခတ်ခံရတဲ့ အထဲမှာ နိုင်ငံခြားသားတစ်ဦးပါဝင်ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

“သေနတ်သမားဟာ တကယ်ကျွမ်းကျင်တဲ့ လက်နက်ကိုင်တစ်ယောက်ဖြစ်ဖို့များပါတယ်။ CCTVမှတ်တမ်းအရဆိုရင် လူကို ပစ်သတ်ခဲ့တဲ့ ပုံစံက တကယ်ကို သေနတ်နဲ့ အမြဲထိတွေ့မှုရှိနေတဲ့ ပုံစံပါပဲ။အခုလက်ရှိထိတော့ မဖမ်းမိသေးပါဘူး။ ကျွန်တော်တို့ ဖမ်းမိအောင် အပြင်းအထန်ကြိုးစားပြီး ရှာဖွေနေတယ်”လို့ ဒီအမှုကို ကိုင်တွယ်နေတဲ့ ရဲအရာရှိ Kritsana Pattanacharoen က Bangkok Post သတင်းစာကို ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင်လည်း သေနတ်သမားကို ဖမ်းဆီးဖို့ သဲလွန်စရရှိထားပြီး အမြန်ဆုံး ဖမ်းမိသွားမယ်လို့ ကတိပေးနိုင်ကြောင်းလည်း ပြောခဲ့ပါတယ်။

กล้องวงจรปิด รูปพรรณสัณฐานคนร้าย #กราดยิงปล้นร้านทอง

ช่วยกันแชร์! 📣 คลิปอีกมุม! พฤติกรรม รูปพรรณสัณฐานคนร้าย #กราดยิงปล้นร้านทองใครมีคลิป-ภาพ ที่ถ่ายไว้ได้ ตำรวจฝากแจ้งเบาะแส ได้ที่ โทร.191 หรือ 1599 ตลอด 24 ชั่วโมง

Posted by Thairath – ไทยรัฐออนไลน์ on Friday, January 10, 2020

” ရဲတပ်ဖွဲ့ဟာ သေနတ်သမားရှိမယ်လို့ သံသယရှိတဲ့ နေရာတိုင်းကို ကင်းလှည့်နေပါပြီ။ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်တွေ အရလည်း တရားခံက ဘယ်သူလဲဆိုတာ ကျွန်တော်တို့ သိနေပါပြီ။ လက်ဗွေရာတွေကို စစ်ဆေးဖို့အတွက် ဓာတ်ခွဲခံရလဒ်ကို စောင့်ဆိုင်းနေရလို့ မဖော်ထုတ်သေးတာပါ”

READ
အသက် ၂၄ နှစ်အရွယ်ကင်ဆာရောဂါသည် ရထားရှေ့ရပ်ပြီး မိမိကိုယ်ကိုအဆုံးစီရင်ခဲ့

Pyi Hein Kyaw

SHARE