ထိုင်းနိုင်ငံဆန္ဒပြပွဲတွေအတွင်း CIA ဖြစ်နေကြတဲ့ လမ်းဘေးဈေးသည်များ

ACW_Freepiks

ထိုင်းနိုင်ငံက လမ်းဘေးဈေးသည်တွေဟာ အခုဆို CIA ဆိုတဲ့ nickname တစ်ခုရနေပါပြီ။ သူတို့ဟာ ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေ၊ ရဲတွေမရောက်သေးခင် ဆန္ဒပြမယ့်နေရာကိုအရင်ရောက်ပြီး ဈေးရောင်းနေကြတာပါ။ ဈေးသည်တွေထဲမှာတော့ ငါးသားလုံးရောင်းတဲ့သူ၊ ကြက်ကြော်ရောင်းတဲ့သူကစပြီး ဒင်းဆမ်း၊ အုန်းသီးရေခဲမုန့်စတဲ့ ဈေးသည်အမျိုးမျိုးပါဝင်ပါတယ်။ အစိုးရနဲ့ဘုရင်စနစ်ကို ထိုင်းနိုင်ငံသူနိုင်ငံသားထောင်ပေါင်းများစွာက လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြဆန့်ကျင်နေတာကြောင့် လမ်းဘေးဈေးသည်တွေလည်း အရောင်းအဝယ်သွက်လာကြတာပါ။

ဆန္ဒပြတဲ့သူနည်းနည်းပါးပါး ရောက်ပြီဆိုတာနဲ့ ဈေးသည်တွေက လက်တွန်းလှည်းလေးတွေကိုယ်စီနဲ့ အရင်ဆုံးရောက်လာကြပါတယ်။ “ကျွန်တော်တို့က နေ့တိုင်းသတင်းကိုနားစွင့်တယ်။ ဆန္ဒပြမယ့်သူတွေက ကျွန်တော်တို့ကို ချစ်စနိုးနဲ့ CIA လို့ခေါ်တယ်။ သူတို့အဲ့လို နာမည်ပေးပြီးတော့ ကျွန်တော်တို့ဈေးသည်တွေချည်းပဲ chat group တစ်ခုဖွဲ့ဖြစ်တယ်။”  လို့ ၂၉နှစ်အရွယ် ဈေးသည်ဖြစ်တဲ့ Petch ကပြောပါတယ်။ Chat group ရဲ့နာမည်ကိုတော့ CIA Mobile Fishballs for Protests လို့ နာမည်ပေးထားပါသေးတယ်။

ဈေးသည်တွေဟာ ဆန္ဒပြအုပ်စုတွေဆီက သတင်းတွေကိုသေချာရယူပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းတွေနဲ့ ဆန္ဒပြပွဲနေရာတွေကို ဈေးသည်အချင်းချင်းသတင်းပေးပါတယ်။ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့၂၈နှစ်အရွယ် Ploy ကတော့ “ဈေးသည်တွေက ကျွန်မတို့ထက်တောင်စောရောက်နေသေးတယ်။” လို့ပြောပြပါတယ်။

READ
သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဇာတ်စင်ပေါ်က ကြက်သီးထဖွယ်ရာ အဖြစ်အပျက်

ဇူလိုင်လကနေစတင်ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံက ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့အပတ်တုန်းက တော်တော်လေးအရှိန်အဟုန်ကြီးလာတာပါ။ ဆန္ဒပြသူတွေကိုတော့ အရင်စစ်အာဏာရှင်ဟောင်းဖြစ်ပြီး လက်ရှိမှာထိုင်းဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Prayuth Chan-ocha ကနှိမ်နင်းနေတာပါ။ ဈေးသည်အချို့အတွက်ကတော့ အခုလိုဆန္ဒပြပွဲတွေထဲဈေးလိုက်ရောင်းတာက သူတို့ဝမ်းရေးအတွက် သက်သက်ချည်းပဲလည်းမဟုတ်ပါဘူး။

“စစ်သားတွေနဲ့ ရဲတွေကိုဈေးမရောင်းပါ။ Prayuth ထွက်သွား” ဆိုတဲ့စာကိုတော့ အအေးတွန်းလှည်းလေးတစ်ခုမှာ ချိတ်ဆွဲထားတာပါ။ ဒီလှည်းပိုင်ရှင်ကတော့ အသက်၄၄နှစ်အရွယ် Komsan Moonsan ရဲ့လှည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ကလည်း  သူက မီးသတ်ပိုက်ဒဏ်ခံလိုက်ရပါသေးတယ်။

READ
မင်္ဂလာပွဲလာအမျိုးသားပရိသတ်က သတို့သမီးရဲ့ အ၀တ်အစားတွေကို ၀ိုင်းချွတ်ခဲ့ကြ

“ကျွန်တော်ဒီရောက်လာတာက ဆန္ဒပြနေသူတွေကို ဈေးရောင်းတဲ့အပြင် အားလည်းအားပေးမလို့ပါ။ ကျွန်တော်က Prayuth ကို သိပ်မုန်းတာ။” လို့ Komsan Moonsan ကဆိုပါတယ်။ ဒါ့အပြင် အရင်က တစ်နေ့ဘတ်၂ထောင်လောက်ရှာနိုင်ရာက Prayuth အုပ်ချုပ်မှုအောက်မှာတော့ ဘတ်၇၀၀ပဲရှာနိုင်တော့တဲ့အကြောင်းလည်း ပြောပြပါတယ်။ အခုလိုဆန္ဒပြပွဲတွေမှာတော့ သူက တစ်နေ့ကို ဘတ်၁၀၀၀လောက်ရပါတယ်။ ၂၀၁၄ ခုနှစ်မှာ Prayuth က စစ်တပ်ကိုအာဏာသိမ်းလိုက်ပြီးကတည်းက ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ စီးပွားရေးဖွံ့ဖြိုးမှုအနှေးဆုံးဖြစ်ခဲ့ကြောင်းလည်း nationalpost အရသိရပါတယ်။

ShweMom

SHARE