ထိုင်းစတိုင်လ် အမဲသားပင်စိမ်း ငပိထမင်းကြော်ချဉ်ငံစပ် ချက်နည်း

ဒီတစ်ခါတော့ ပင်စိမ်းနံ့လေးမွှေးပြီး အရမ်းကို စားလို့ ကောင်းတဲ့ ထိုင်းထမင်းသုပ် ချဉ်ငံစပ်လေးကို အိမ်မှာ ချက်စားချင်သူတွေအတွက် ချက်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ

  • ကြက်ဥ တစ်လုံး
  • ငပိ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • အမဲသား အနည်းငယ်
  • ပင်စိမ်း လက်တစ်ဆုပ်ခန့်
  • ထမင်း ၂ ပန်းကန်
  • ခရမ်းချဉ်သီး တစ်လုံး
  • ကြက်သွန်ဖြူ ၅ မွှာ
  • ငရုတ်သီးစိမ်း ၆ တောင့်
  • ဆီ အနည်းငယ်
  • ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား အနည်းငယ်
  • ပုဇွန်ခြောက်အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

  • အမဲသားကို နုတ်နုတ်စင်းထားပါ။ ကြက်သွန်ဖြူ ကိုထောင်းပါ။ ပင်စိမ်းကို လှီးထားပါ။
  • ခရမ်းချဉ်သီးတစ်လုံးကို နုတ်နုတ်စင်းထားပါ။ ငရုတ်သီးကိုထောင်းပါ။
  • ဒယ်အိုးမှာဆီကိုထည့်ပြီး အပူပေးပါ။
  • ဆီပူလျှင် ကြက်သွန်ဖြူနှင့် အမဲသား၊ ခရမ်းချဉ်သီးတို့ကိုထည့်ပါ။
  • အမဲသားကျက်လျှင် ကြက်ဥကိုထည့်ကြော်ပါ။
  • ကြက်ဥကျက်လျှင် ငပိကိုထည့်ပါ။ ငရုတ်သီးထောင်းကိုလည်း ထည့်ပါ။
  • ငပိနှင့်အခြားအစာပလာများ နှံ့စပ်အောင်မွှေပြီးလျှင် ထမင်းကိုထည့်ပါ။
  • ပြီးလျှင် ဆားနှင့်ကြက်သားမှုန့်ကို ထည့်ပါ။
  • သေသေချာချာ ရောမွှေပြီးလျှင် ပုဇွန်ခြောက်ကို ဖြူးလိုက်ပါ။
  • အနံ့အရသာနှင့်ပြည့်စုံသော ငပိထမင်းကြော် ချဉ်ငံစပ်လေးကို သုံးဆောင်နိုင်ပါပြီ။
READ
ရှူးရှဲ လျှာဂျွမ်းပြန် ငပိထောင်းလုပ်နည်း

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE