ထိုင်းလူမျိုးတို့ စွဲစွဲထင်ထင်ရှိနေတဲ့ အကျော်ကြားဆုံး သရဲမပုံပြင်

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းစပ် ဖြစ်တဲ့အတွက် မြန်မာရိုးရာယဉ်ကျေးမှုတွေနဲ့ တစ်ချို့သော ကိစ္စရပ်တွေမှာ အတော်လေး တိုက်ဆိုင်ကြပါတယ်။ အလောင်းမင်းတရားကြီးလက်ထပ်မှာ အယုဒ္ဓယအထိ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရာဇ၀င်ကလည်း အလွန်ထင်ရှားပြီး၊ နှစ်အတန်ကြာ မြန်မာတို့ရဲ့ စိုးမိုးမှုအောက်မှာ ရှိနေခဲ့တယ်လို့ ဆိုရမှာပါ။

မြန်မာနိုင်ငံမှာ ပန်းဘဲမောင်တင့်တယ်၊ မင်းကြီးမင်းလေး စတဲ့ ဇာတ်လမ်းတွေမှာ လူစင်စစ်ကနေ နတ်စိမ်းဖြစ်သွား တယ်ဆိုတဲ့ အယူအဆတွေကလည်း ထိုင်းနိုင်ငံမှာ ကျန်ရစ်ခဲ့ပုံရပြီး၊ ၎င်းတို့ကိုယ်ပိုင် အစိမ်းသူရဲပုံပြင်တွေ အမြောက်အ များ ပေါ်ထွက်လာစေတယ်လို့ ယူဆရပါတယ်။ အခု ဖော်ပြမယ့် ထိုင်းနိုင်ငံက သရဲပုံပြင်ကတော့ ထိုင်းတို့ အသည်းစွဲ ဖြစ်ပါတယ်။

mâe naâk

သရဲအမည် mâe naâkလို့ အမည်ရတဲ့ အမျိုးသမီးသရဲကတော့ phrá ká nhǒng အမည်ရတဲ့ ဘန်ကောက်က နယ်မြေ
တစ်ခုမှာ ကျင်လည်ကျက်စားတယ်လို့ ယုံကြည်ကြပါတယ်။ ဒီအဖြစ်အပျက် ဖြစ်စဉ်တုန်းကတော့ phrá ká nhǒng
ဒသဟာ လုံးဝ မဖွံ့ဖြိုးသေးပါဘူး။ naâk အကြောင်း ဗွီဒီယိုဇာတ်ကားတွေ အများကြီး ရှိခဲ့တယ်လို့ သိရပါတယ်။

READ
တိရစ္ဆာန်တွေအကြောင်း ထူးထူးခြားခြားဗဟုသုတ(၁၀)ခု

naâk ရဲ့ခင်ပွန်း mâak ဟာ ဘုရင့်တပ်မတော်မှာ အမှုထမ်းဖို့ မြို့တော်မှာ တစ်နှစ်တိတိ စစ်ပညာသင်ကြားဖို့ ဆင့်ခေါ်ခံ ခဲ့ရပါတယ်။ ဇနီးသည် naâk ဟာ နှစ်လအရွယ် ကိုယ်ဝန်နဲ့ ကြောက်ရွံ့စွာ ကျန်ရစ်ခဲပါတယ်။ ဒါပေမယ့် တာဝန်ထမ်း
ဆောင်နေတဲ့ mâak ဟာ ပေါ်မလာခဲ့ပါဘူး။  naâk ဟာ လင်ဖြစ်သူကို မျှော်ရင်း အစားလည်း ကောင်းကောင်း မစားခဲ့လို့ ကလေးမွေးဖွားခဲ့ပါတယ်။ ကျန်းမာရေးလည်း မကောင်းလို့ မီးတွင်းထဲမှာပဲ ကလေးရောမိခင်ပါ နှစ်ယောက်စလုံး ဆုံးပါးပြီး သရဲဖြစ်သွားပါတယ်။

အနီးအနားပတ်ဝန်းကျင်တွေက naâk သေဆုံးတယ်ဆိုတာသိပေမယ့် naâk ဟာ လူယောင်ဖန်ဆင်းပြီး ပြောတဲ့သူတွေ ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ရင်း လင် mâak ပြန်လာတဲ့အချိန်ကို စောင့်နေခဲ့ပါတယ်။ နောက်ဆုံးမှာ maak ပြန်လာခဲ့ပါတယ်။

သူဟာ ဇနီးရဲ့ အဖြစ်ကို အိမ်ရောက်ကတည်းက ရိပ်မိသိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ လင်နဲ့မယား ရက်ပေါင်းများစွာ အတူနေ ဖြတ်သန်းရင်းမှ mâak က သူရဲ့ဇနီးသည်အဖြစ်ကို သိရှိခဲ့တာလို့လည်း ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် maak ဟာ ချစ်သူဇနီးကို ချစ်လွန်းလို့ ဘာမှ မပြောခဲ့ပါဘူး။

READ
မိန်းကလေးများက အတ္တကြီးသူ၊အသုံးချတတ်သူများကိုပိုမိုသဘောကျဟုတွေ့ရှိ

နောက်ဆုံးမှာတော့ ရွာသားတွေက အတင်းဝိုင်းဝန်း ပြောတဲ့အခါမှ naak ဟာ လင်ဖြစ်သူနဲ့ ခွဲရတော့မယ်ဆိုတာ သိပြီး၊ ပွဲတွေ တောက်လျှောက်ကြမ်းခဲ့ပါတယ်။ တစ်ရွာလုံးလည်း ကြောက်ရွံ့တုန်လှုပ်နေရပြီး naak ကို ဘယ်သူက ကယ်ချွတ်
နိုင်မလဲလို့ မျှော်နေခဲ့ရပါတယ်။ နောက်ပိုင်းမှာ naak ဟာ သူတို့တစ်တွေချင်း ဘ၀ချင်း ခြားနားခဲ့ပြီဆိုတာကို လက်ခံခဲ့ပါတယ်။

အဲဒီနောက်မှာတော့ လင်ဖြစ်သူရဲ့ ကြိုးစားမှုနဲ့ naâk ဟာ မိစ္ဆာသရဲမှ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ သရဲဘ၀ကို ဆရာတော် Somdej Phra Puttajarn ရဲ့ ဦးဆောင်မှုနဲ့အတူ ရောက်သွားတယ်လို့ ဖော်ပြထားပါတယ်။ ထိုင်းလူမျိုး
တွေကတော့ naâk ရဲ့ ၀ိဉာဉ်ဟာ အခုအချိန်ထိ ရှိနေပြီး၊ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ ရှိနေတဲ့သူတွေကို အကူအညီတွေ အများကြီး ပေးနေတယ်လို့ ယုံကြည်နေကြပါတယ်။

နတ်စည်တော် (Shwemom)

source : ressources.learn2speakthai.net

SHARE