သမက်နေရာလျှာက်ထားသူ ၁၀,၀၀၀ ကျော်သွားတဲ့အတွက် ဒေါသထွက်နေတဲ့ဒူးရင်းသီးသူဌေး

ထိုင်းနိုင်ငံမှ ဒူရင်းသီးသူဌေးဟာ တစ်ဦးတည်းသောသမီးလေးချောလေးအတွက် ကြင်ယာဖက်ကိုရှာဖွေလျက်ရှိပါတယ်။ အသက် ၅၈ နှစ်အရွယ် Amon Rodthong ဆိုသူဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Chumphon ဒေသမှာ ဒူးရင်းသီးစိုက်ခြံကြီးကို ပိုင်ဆိုင်ထားတဲ့သူဌေးကြီးပါ။ သူ့သမက်ဖြစ်မယ့်လူကိုတော့ ထိုင်းဘတ်ငွေ ၁၀ မီလီယံပေးမယ့်အပြင် ကား ၁၀ စီးနဲ့ အိမ်ကြီးတစ်လုံးကိုလည်း ပေးဦးမှာပါလို့ ကြေငြာခဲ့ပါတယ်။ ဒီအပြင် လုပ်ကိုင်စားသောက်ဖို့အတွက် သူပိုင်ဆိုင်တဲ့ ဒူးရင်းခြံတွေထဲ မီလီယံဒေါ်လာတန် အကြီးဆုံးခြံကြီးကိုလည်း ပေးဦးမှာပါ။

Facebook

သမီးဖြစ်သူ Kansita ဟာ အသက် ၂၆ နှစ်ရှိနေပြီဖြစ်ပြီး Assumption တက္ကသိုလ်မှ စာရင်းကိုင်မေဂျာနဲ့ ဘွဲ့ရရှိထားသူတစ်ဦးပါ။ နောက်ထပ်ဘွဲ့တွေကိုလည်း တရုတ်နိုငငံမှ Sun Yat-sen တက္ကသိုလ်မှာလည်း တက်ရောက်ဖူးခဲ့တယ်လို့သိရပါတယ်။ သူမဟာအခုအချိန်မှာတော့ မိသားစုစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဒူးရင်းသီးစိုက်ပျိုး၊ တင်ပို့ရောင်းချရေးလုပ်ငန်းမှာ ဖခင်ကိုကူညီရင်း ဦးဆောင်လုပ်ကိုင်နေပါပြီ။

Facebook

Kansita ဟာ သူမတစ်ဘဝလုံး ပညာရေးနဲ့ စီးပွားရေးသာ အာရုံစိုကနေရတဲ့အတွက် ရည်းစားရယ်လို့လည်း မယ်မယ်ရရမထားဘူးသူလေးပါ။ တက္ကသိုလ်ဘွဲ့တွေ၊ မာစတာဘွဲ့တွေမလိုအပ်ဘဲ သူ့အတွက်တော့ မိသားစုကိုဦးဆောင်စောင့်ရှောက်နိုင်ပြီး စီးပွားရေးအမျှော်အမြင်ရှိတဲ့ သမက်တစ်ယောက်ကိုသာ အလိုရှိတယ်လို့လည်း ဆိုပါတယ်။ လုံ့လရှိပြီး သူ့သမီးအပေါ် ကြင်ကြင်နာနာဆက်ဆံမယ့်လူမျိုးဆိုရင်ကို သူဌေးကြီး Amon Rodthong အတွက် လုံလောက်နေပါပြီ။ သူဌေးကြီးဟာ သမက်အဖြစ်ဝင်ရွေးသူတိုင်းဟာ သူ့ရဲ့အုပ်ထိန်းမှုအောက်မှာနေရမှာမို့ သူ့လိုမျိုး ချမ်းသာတဲ့လူလည်း ဖြစ်စရာမလိုဘူးလို့ဆိုပါတယ်။

READ
မိုက်ကရိုဝေ့အပူပေးအိတ်ပေါက်ကွဲမယ့်ဘေးကနေလွတ်မြောက်ခဲ့တဲ့ကလေးငယ်

သူဌေးကြီး Amon Rodthong ဟာ သမက်ရှာပုံတော်ဖွင့်တဲ့အကြောင်း သူ့ရဲ့ Facebook မှာ တင်ထားခဲ့တာကို Karnsita တစ်ယောက် Korea မှာ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ သွားလုပ်နေတဲ့အတွက် သတိမထားမိခဲ့ပါဘူး။ ဖခင်ကိုယ်တိုင်ကလည်း သူမကို အသိပေးခြင်းမရှိဘဲ ဒီလိုလုပ်ခဲ့တာပါ။ ပစ္စည်းတွေပေးပြီး သမီးကိုလက်ထပ်မယ့်လူ လိုက်ရှာနေတယ်ဆိုတာ သူမရဲ့သူငယ်ချင်းတွေကနေ တစ်ဆင့်ပြောမှ သိခဲ့ရတယ်လို့ ဆိုပါတယ်။ Karnsita ကတော့ ဖခင်ကိုစိတ်မဆိုးဘဲ အံ့သြပြီး ရယ်နေရတယ်လို့သာ ပေါ့ပေါ့ပါးပါးပြောခဲ့ပါတယ်။

Facebook

သို့ပေမယ့် ထိုင်းအမျိုးသားများကတော့ မိန်းမလည်းရ၊ စီးပွားရေးဈေးကွက်အကြောင်းလည်းနားလည်၊ ပိုင်ဆိုင်မှုတွလည်းရဆိုတော့ ဒီလိုရထောင့်ရခဲတဲ့အခွင့်အရေးမျိုးကို လက်လွှတ်ခံချင်ကြပုံမပေါ်ပါဘူး။ သမက်ရှာတဲ့ပိုစ့်ကို ၂၀၁၉ မတ်လ ၂ ရက်နေ့မှာ တင်ထားခဲ့ပေမယ့် မတ်လ ၅ ရက်နေ့မှာတော့ ပြန်ဖြုတ်ချခဲ့ပါတယ်။

အကြောင်းကတော့ သူဌေးကြီး Anon Rodthong ဆီကို သမက်အဖြစ်လာလျှောက်သူဟာ အယောက်ပေါင်း ၁ သောင်း ကျော်တောင်ရှိနေပြီမို့လို့ပဲဖြစ်ပါတယ်။ ပိုဆိုးတာက သူဌေး Anon Rodthong မှာ စားချိန်၊ အိပ်ချိန်နဲ့ နားချိန်တောင်မရှိတော့လောက်အောင်ကို ဖုန်းတွေတဂွမ်ဂွမ်ဆက်ပြီး သမက်လျှောက်တဲ့ကိစ္စချည်းပဲပြောနေတော့ အလုပ်လုပ်ချိန်လည်းမရှိ၊ အားလပ်ချိန်လည်းမရှိဘဲ ဖြစ်နေရပါတယ်လို့ဆိုပါတယ်။ သူ့ရဲ့ Facebook ပေါ်မှာပဲ “ဖုန်းတွေထပ်မဆက်ကြပါနဲ့တော့။ နားပါရစေဦး။” ဆိုပြီး ပိုစ့်တောင်တင်ခဲ့ရတဲ့အထိ ဆိုးရွားနေပုံပေါ်ပါတယ်။

READ
ကလေးမိဘတွေအတွက်ကြီးမားတဲ့သင်ခန်းစာဖြစ်စေခဲ့တဲ့၊ မောင်နှမ(၃)ဦး ရေနစ်သေဆုံးမှု
Facebook

သူဌေးကြီးရဲ့သမီးကတော့ “ကဲ ဧပြီ ၁ ရက်နေ့မှာ တွေ့ကြမယ်။ ကိုယ့်ရဲ့အဝတ်တွေနဲ့ လိုမယ့်ပစ္စည်းတွေကို ထုတ်ပြီး ကျွန်မရဲ့ဒူးရင်းခြံမှာ အလုပ်လာလုပ်ကြ” ဆိုပြီး လျှောက်ထားသူတွေကို ပြောခဲ့ပါတယ်။ ထပ်ပြီး “စစချင်းလာတဲ့လူမှန်သမျှ သုံးလလုပ်ရမယ်၊ သုံးလပြီးလို့ ထွက်ချင်တဲ့လူကထွက် ကျန်တဲ့လူတွေက နောက်ထပ်သုံးလဆက်လုပ်နဲ့ တစ်ယောက်တည်းကျန်တဲ့အထိ ဆက်သွားကြမယ်နော်” ဆိုပြီး Facebook မှာ ရေးထားပါတယ်။

Facebook

Source: Asia One

Penny

 

 

 

SHARE