အတန်းအ၀င် နှုတ်ဆက်တာကအစ ကလေးရွေးချယ်မှုကိုတန်ဖိုးထားတဲ့ မူကြိုဆရာမ

Facebook/Nattaya Nat

အာစရိယဆရာတစ်ယောက် ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဆရာတစ်ယောက်အနေနဲ့ ၀ါသနာ၊ စေတနာ၊ အနစ်နာခံမှုတွေကို ပေးဆပ်ပါမှ ထက်မြက်ပြီး စာရိတ္တကောင်းမွန်တဲ့ အနာဂတ်လူငယ်လေးတွေကို မွေးထုတ်ပေးနိုင်မှာပါ။ အထူးသဖြင့် မူကြို၊ သူငယ်တန်းကလေးတွေကို စာသင်ပြပေးရတဲ့ ဆရာ၊ဆရာမတွေမှာဆိုရင် ပိုလို့တောင် တာဝန်ကြီးပါသေးတယ်။ ကလေးတွေ ကျောင်းနေပျော်ပြီး စာတော်အောင် နည်းလမ်းအမျိုးမျိုးကို ကြံဆတွေးတောကြရပါတယ်။

Facebook/Nattaya Nat

ထိုင်းနိုင်ငံက Banpruewai ကျောင်းမှာ စာသင်ကြားပေးနေတဲ့ မူလတန်းပြဆရာမလေး နာတာရာနက် ကလည်း သူမရဲ့ ကျောင်းသူကျောင်းသားလေးတွေ ကျောင်းလာချိန်မှာ ပိုပြီးပျော်ရွှင်ရအောင် နည်းလမ်းလေးတစ်ခု အသုံးချခဲ့ပါတယ်။ အဲဒါကတော့ အသက်(၂၅) နှစ်အရွယ် ဆရာမလေး နာတာရာက မနက်ခင်းကျောင်းလာတဲ့ ကျောင်းသူကျောင်းသားတွေကို မိမိစိတ်ကြိုက်ဆရာမကို နှုတ်ဆက်ခွင့်ရအောင် ရွေးချယ်စရာလေးတွေ ပေးထားတာပါ။

Facebook/Nattaya Nat

ကလေးတွေဟာ အတန်းထဲဝင်ခါနီး ဆရာမကို နှုတ်ဆက်တဲ့အခါ နည်းလမ်း(၄) မျိုးထဲက တစ်မျိုးရွေးပြီး နှုတ်ဆက်စေနိုင်ပါတယ်။ ဒီနည်းလမ်းလေး (၄) ခုကိုတော့ ရုပ်ပုံလေးတွေအဖြစ် ရေးဆွဲပြီး စာသင်ခန်းအ၀င်ဝမှာ ကပ်ထားပါတယ်။ ကလေးတွေဟာ ပွေ့ဖက်မယ်၊ လက်ဆွဲနှုတ်ဆက်မယ်၊ လက်သီးချင်းတိုက်မယ်၊ လက်ဝါးခြင်းရိုက်မယ်၊ ဒီလေးခုထဲက တစ်ခုကိုရွေးပြီး ဆရာမနဲ့ နှုတ်ဆက်ရမှာ ဖြစ်ပါတယ်။

READ
ထောင်ထဲမှာ မမျှော်လင့်ပဲ ပြန်လည်ဆုံတွေ့ခဲ့တဲ့ သားအဖနှစ်ယောက်ရဲ့ ကြေကွဲဖွယ်အဖြစ်

ဒါကတော့ ဆရာမလေးနဲ့ ကျောင်းသူကျောင်းသားလေးတွေရဲ့တစ်နေ့တာစာသင်ဖို့အစမပြုခင် နှုတ်ဆက်ကြတဲ့ ဗီဒီယိုဖိုင်လေးပါ။

~สวัสดีตอนเช้า #ลูกลิง🐒💕

Posted by Nattaya Nat on Thursday, 20 June 2019

ဒီဗီဒီယိုဖိုင်လေးက တစ်ပတ်အတွင်းမှာပဲ ကြည့်ရှုသူပေါင်း သန်းနဲ့ချီရှိခဲ့ပါတယ်။ ဆရာမလေးက ချစ်ဖို့ကောင်းတာကြောင့်လည်း ဒီလောက်ထိ အွန်လိုင်းမှာလျင်လျင်မြန်မြန် ပြန့်နှံ့သွားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သူမရဲ့ အတန်းသူ အတန်းသားတွေကတော့ ဆရာမလေးရဲ့ စာသင်ပုံကို ကြိုက်နှစ်သက်ကြပါတယ်တဲ့။ တစ်နေ့တာလုံး စာသင်တာ ပျင်းနေရတာမျိုးမရှိပဲ ရယ်မောပျော်ရွှင်နေရတဲ့အတွက် ကလေးတွေက ဆရာမလေးနာတာရာကို ချစ်ခင်ကြတယ်လို့လည်း ထိုင်းပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

လင်းလင်း (ShweMom)

SHARE