စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်ခဲ့သူတွေကို သင်ခန်းစာ ကောင်းကောင်းပေးခဲ့တဲ့ ထိုင်းအစိုးရ

[email protected]

အမှိုက်ပစ်တယ်ဆို ဘယ်နေရာမှာမဆို သတ်မှတ်ထားတဲ့နေရာတွေ၊ အမှိုက်ပုံတွေမှာပဲ ပစ်သင့်ပါတယ်။ ကိုယ်ကတော့ အမှိုက်ကို ဒီအတိုင်းပစ်လိုက်တယ်ဆိုပေမယ့် ကိုယ်ပစ်လိုက်တဲ့အမှိုက်ကြောင့် ကိုယ့်ပတ်ဝန်းကျင်ဘယ်လောက်တောင် ညစ်ပတ်သွားနိုင်ဆိုတာကို ဘယ်သူမှ မစဉ်းစားမိပါဘူး။ အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်ပါဆိုတဲ့ စကားကိုကြားရင် လွယ်ကူပြီး လိုက်နာနိုင်တယ်လို့ ထင်ရပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ လိုက်နာဖို့ ခဲယဉ်းလို့ စည်းကမ်းမဲ့ အမှိုက်ပစ်ရင် ဒဏ်ငွေဘယ်လောက်ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကျွန်တော်တို့နိုင်ငံက အများပြည်သူသွားလာနေတဲ့နေရာတွေမှာ တွေ့ရှိနေရတာပဲ ဖြစ်ပါတယ်။

[email protected]

အခုလည်း ထိုင်နိုင်ငံရှိ Khao Yeai ပန်းခြံကြီးမှာ စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့ လူတွေကို ပြုမူတဲ့ စည်းမျဉ်းစည်းကမ်းတွေကတော့ တော်တော်လေးကို မိုက်ပါတယ်။ အဲဒါကတော့ လူတစ်ယောက်ဟာ အမှိုက်ကို စည်းကမ်းမဲ့စွန့်ပစ်လိုက်တာနဲ့ သူပစ်လိုက်တဲ့ အမှိုက်တွေကို အစိုးရကနေပြီးတော့ ပါကင်ထုပ်ပြီး အဲဒီလူရဲ့ အိမ်ကို ပို့ပေးလိုက်တာပဲ ဖြစ်ပါတယ်။ အဆိုပါ Khao Yeai ပန်းခြံထဲမှာ CCTV တွေကို နေရာအနှံ့မှာ တပ်ထားတာဖြစ်ပြီး လူတစ်ယောက်က အမှိုက်ကို သတ်မှတ်ထားတဲ့ နေရာမှာ မပစ်တာနဲ့ CCTV မှတ်တမ်းကနေ တိုက်ရိုက်တွေ့ရှိနိုင်မှာပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီလူရဲ့ လိပ်စာကို စုံစမ်းပြီး သူပစ်လိုက်တဲ့အမှိုက်တွေကို ပါဆယ်ထုတ်ပြီး လိပ်စာအတိုင်းပို့ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး Khao Yeai ပန်းခြံထဲမှာ စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့လူအများစုဟာ အဆိုပါပန်းခြံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတွေ ဖြစ်နေကို အများဆုံးတွေ့ရတာပဲ ဖြစ်ပါတယ်။

ขยะที่นักท่องเที่ยวทิ้งไว้ในอุทยาน ขณะนี้บรรจุลงกล่อง พร้อมส่งคืนถึงบ้านเจ้าของขยะเรียบร้อยครับ…

Posted by TOP Varawut – ท็อป วราวุธ ศิลปอาชา on Tuesday, September 15, 2020

“လူတွေက တော်တော်လေးတော့ ခက်ပါတယ်။ ဘယ်လောက်ပဲ သတိပေးစာတွေ ထုတ်ပြန်ထားထား၊ စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့လူတွေကတော့ ပစ်မြဲပါပဲ။ ဒါ့ကြောင့် ဒီလိုလူတွေကို ဒဏ်ရိုက်ရင်လည်း ခဏပါပဲ။ ကျွန်တော်ဖြစ်စေချင်တာက သူတို့စိတ်ထဲမှာ သူတို့လုပ်ရပ်အတွက် အရှက်ရသွားစေချင်တာပါ။ ဒါ့ကြောင့် အခုလို လုပ်ရတာပါ။ ရှက်တဲ့စိတ်တစ်ကယ်ရှိတဲ့လူဆိုရင်တော့ ဒီလိုလုပ်ရင် ကျိန်းသေအရှက်ရစေမှာပါ”လို့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသားခရီးသွားဝန်ကြီးဖြစ်သူ Varawut Silpa-archa က ပြောကြားခဲ့ပါတယ်။

READ
မတော်တဆမှုနဲ့ မသေဆုံးခင် လူ(6)ယောက်ကို ကိုယ်လက်အင်္ဂါ စွန့်လှူခဲ့သူ
[email protected]

Pyi Hein Kyaw

SHARE