ဗိုက်ပူ ရဲဝတုတ်တွေကို ထိုင်းမှာ Camp သွင်းပြီး ၀ိတ်ချခိုင်းနေ

၀၀တုတ်တုတ်နဲ့ ဗိုက်ပူနေတဲ့ ရဲတွေကတော့ ထိုင်းနိုင်ငံမှာ ဒီအတိုင်းမထားတော့ပါဘူး။သင်ဟာ ထိုင်းရဲတစ်ယောက် ဖြစ် မယ်၊ ၀နေဗိုက်ပူနေရင်တော့ အရင်ကလို ငါ့ခန္ဓာကိုယ်နဲ့ ငါဝ တာဘာဖြစ်လဲ ဆိုပြီး လုပ်နေ လို့ မရတော့ ပါဘူး။ ထိုင်း နိုင်ငံမှာတော့ ကိုယ်အလေးချိန်အရမ်းများနေတဲ့ ရဲတွေကို စခန်းသွင်းပြီး ၀ိတ်ချခိုင်းနေတယ်လို့ သိရပါတယ်။ဝနေ တဲ့ ရဲ တွေကို Fat Camp ကိုပိုပြီး သူတို့ အတွက် “Belly Destruction”. ဆိုတဲ့ ဗိုက်ဖြုတ်တဲ့ အစီအစဉ်တစ်ခု လုပ်ပေး ပါတယ်။

แจ้งข่าวการเปิดสอบ นายสิบตำรวจ

နှစ်ပတ်ကြာမြင့်တဲ့ pilot program ကို အောင်မြင်ပြီးရင်တော့ ထိုင်းကရဲစခန်းတွေဟာ သူတိုရဲ့ ၀၀တုတ်တုတ် ရဲ တွေကို Pak Chong မြို့မှာရှိတဲ့ ရဲလေ့ကျင့်ရေးစင်တာကို ပို့ပါတယ်။အဲ့ဒီမှာတော့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ကို လုပ်ရပါတယ်။လေ့ကျင့်ခန်းတွေက ရဲအများစုမှာတွေ့ရတဲ့ ပူနေတဲ့ ဗိုက်တွေကို ဖြုတ်ချပေးတဲ့ ၊အဓိကတော့ ဗိုက် လေ့ကျင့်ခန်းတွေကို လုပ်ရတာပါ။ရဲစခန်းတွေက သူတို့စခန်းမှာရှိနေတဲ့ အ၀လွန်ရဲတွေကို လေ့ကျင့်ရေးစင် တာကို နှစ် ယောက်ကနေ သုံးယောက်အထိ ပုံမှန်ပို့ ပေးရပါတယ်။စင်တာရောက်နေတဲ့ ရဲဝတုတ်လေးတွေကတော့ ဟို ရောက် တာနဲ့ ပြင်းထန်တဲ့ work out တွေ လုပ်ရတဲ့ အပြင်၊စက်ဘီးစီးတာ၊ကျန်းမာတဲ့ စားသောက်မှု ပုံစံ Diet လုပ် တာ. .အစရှိတဲ့ ၀ိတ်ကျစေမယ့် အရာတွေကို လုပ်ရပါတယ်။ ရဲဝတုတ်လေးတွေ ပင်ပင်ပန်းပန်းနဲ့ လေ့ကျင့်ခန်း လုပ်နေရတဲ့ ပုံတွေကို တင်လိုက်ပြီးနောက်မှာတော့ ဗိုက်ဖြုတ် အစီအစဉ်ဟာ အခုဆိုရင် တော်တော် လေးကို လူစိတ် ၀င်စားခံနေရပါ တယ်။

READ
အင်ဒိုနီးရှားက ဘာသာရေးပွဲတော်တစ်ခုမှာ တံတားကျိုးကျလို့ (၉)ဦးသေဆုံး
แจ้งข่าวการเปิดสอบ นายสิบตำรวจ

စီနီယာရဲအရာခံဗိုလ် Sornpetch Chantarak က ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ပြောရာမှာ..ရဲတစ်ယောက် က ၀နေ ရင် ပြဿနာတွေ အများကြီးရှိကြောင်း၊သွားတာလာတာ နှေးနှေးကွေးကွေးဖြစ်နေရင် ဘယ်လိုမှ အဆင်မပြေ ကြောင်း ၊ရဲဆိုတာက ရာဇ၀တ်သားတွေကို ဖမ်းရတာဖြစ်ပြီး ၀နေလို့ မဖမ်းနိုင်တာမျိုးက လက်ခံနိုင်စရာမရှိကြောင်း၊ရဲတစ်ေ ယာက်ဟာ သွက်လက်ဖျက်လတ်နေဖို့ လိုတယ်ဆိုပြီး  ပြောခဲ့ပါတယ်။(၂၀၀ kg) လောက်ဖြစ်နေတဲ့ ရဲတွေ အနေနဲ့ (၆၀) kg) လောက်ချပေးဖို့ လိုပြီး နည်းနည်းပဲ ၀တယ် (80 kg) လောက်ဆိုရင်တော့ (20 kg) လောက်ပဲ လျှော့ ဖို့ လိုတယ်လို့ ဒေသခံမီဒီယာတစ်ချို့ရဲ့ ဖော်ပြချက်အရသိရပါတယ်။ထိုင်းမှာတော့ Oversize Cops  ဇာတ်ကားထဲက လို မျိုး ရဲတွေ ကို အမှန်အကန်ဝိတ်လျှော့ပေးနေပြီနော် ……..

YouTube
YouTube

Source odditycentral

SHARE