ဝန်ကြီးချုပ်နေရာဝင်အရွေးခံတော့မည့် ထိုင်းဘုရင်ရဲ့ အကြီးဆုံးသမီးတော် Ubolratana

EPA

ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုများဟာ ရွေးကောက်ပွဲတွေ ဝင်ပြိုင်လေ့ မရှိပါဘူး။ ဒါကြောင့်ပဲ လတ်တလော ထွက်လာတဲ့ သတင်းတွေကြောင့် ထိုင်းတော်ဝင်မိသားစုရဲ့အယူအဆတွေများ ပြောင်းသွားကြပြီလား သို့မဟုတ် မောင်ဖြစ်သူဘုရင်ဖြစ်သွားတဲ့အတွက် ပြုလုပ်လိုက်တဲ့ နိုင်ငံရေးလှည့်ကွက်များလား ဆိုပြီး ပြည်သူတွေကြားထဲ သို့လောသို့လောဖြစ်နေကြပါတယ်။

EPA

ထိုင်းတော်ဝင်မင်းသမီးလို့ပြောလိုက်တာနဲ့ လူအများဟာ Maha Chakri Sirindhorn ကိုပဲ အများဆုံးသိကြမှာပါ။ သို့ပေမယ့် Sirindhorn ဟာ အလတ်ဖြစ်ပြီး သူ့ရဲ့အထက်မှာ အကြီးဆုံးအစ်မတော်တစ်ယောက်ရှိပါသေးတယ်။ မောင်ဖြစ်သူအငယ်ဆုံးကတော့ ဖခင်ကြီးနတ်ရွာစံပြီးနောက် ဘုရင်အဖြစ် ဆက်ခံခဲ့ပါတယ်။

သူမနာမည်ကတော့ Ubolratana Rajakanya ပါ။ ငယ်စဉ်ကတည်းက မိသားစုများနဲ့သဘောထားကွဲလွဲမှုတွေကြောင့် ၁၉၇၂ ခုနှစ်မှာ သူမခင်ပွန်းဟောင်း Peter Ladd Jensen နဲ့အတူ အမေရိကမှာအခြေချခဲ့ပါတယ်။ သို့ပေမယ့် ၁၉၉၈ ခုနှစ်မှာတော့ နှစ်ဦးသားကွာရှင်းခဲ့ပြီး အမေရိကမှာနေထိုင်ရင်း တော်ဝန်အမှုကိစ္စတွေကို တစ်ဖက်တစ်လှမ်းမှ လုပ်ဆောင်နေခဲ့ပါတယ်။

READ
ဇိမ်မယ်နဲ့ပျော်ပါးနေချိန် သတို့သမီးလောင်းဆီကို မတော်တဆဖုန်းမှားခေါ်မိတဲ့ အမျိုးသား
EPA

နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံသို့ ခဏခဏပြန်လာခဲ့ပြီး ၂၀၀၁ ခုနှစ်မှာပဲ အပြီးပြန်လာခဲ့ကာ တော်ဝင်ပွဲအခန်းအနားတွေ အားလုံးနီးပါးတိုင်းကို ဦးစီးဦးဆောင် လုပ်ခဲ့ပါတယ်။ ပရဟိတလုပ်ငန်းတွေ များစွာကိုတည်ထောင်ပြီး ထိုင်းပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း မြှင့်ရေးရေးလုပ်ငန်းတွေမှာ အားသွန်ခွန်စိုက် ပြုလုပ်ခဲ့ပါတယ်။

Ubolratana Rajakanya ဟာ (၁၉၅၁) ခုနှစ် ဖွားဖြစ်တာကြောင့် အခုအချိန်မှာ အသက် (၆၇) နှစ်ရှိနေပါပြီ။

ပြီးခဲ့တဲ့ သောကြာနေ့၊ ၂၀၁၉ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာတော့ သူမဟာ ၂၀၁၉ ရဲ့ ဝန်ကြီးချုပ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ သူမကိုယ်စားပြုမယ့်အဖွဲ့ကတော့ Thai Raksa Chart ပါတီဖြစ်ပါတယ်။ ဒီပါတီဟာ ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ Yingluck နဲ့ Thaksin Shinawatra တို့ပါဝင်နေတဲ့ ပါတီလည်းဖြစ်ပါတယ်။

ပါတီမှ Ubolratana Rajakanya အား သူတို့ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ ပါတီခေါင်းဆောင် Preechapol Pongpanich ကဆိုပါတယ်။ Ubolratana Rajakanya အနေနဲ့ အဲဒီပါတီအတွက် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သော်လည်း ပါတီဝင်တစ်ဦးမဟုတ်ပါဘူးဆိုတာကိုလည်း ထည့်သွင်းပြောထားသေးပါတယ်။

READ
အလယ်ခေတ်အပြစ်ပေးတဲ့ ပုံစံများနဲ့ ကြွက်များကို အမျိုးမျိုး နှိပ်စက်ခဲ့ကြသူများ

Source: SCMP, Guardian

Source: Penny

SHARE