ထိုင်းနိုင်ငံရဲ့ ရာမဘုရင်(၁၀) အကြောင်း သိထားသင့်သမျှ အချက်အလက်များ

AP

ထိုင်းနိုင်ငံရဲ့တော်ဝင်မိသားစုဟာ ဗြိတိန်တော်ဝင်မိသားစုတွေလိုမျိုး မဟုတ်ပါဘူး။ ထိုင်းတော်ဝင်မိသားစုရဲ့  ဂုဏ်သိက္ခာကို ထိပါးစေမယ့်အရာမျိုး မရှိရလေအောင် နိုင်ငံတွင်းမှာ တင်းကြပ်တဲ့ ဥပဒေတွေကို ပြဌာန်းထားပါတယ်။ လက်ရှိထိုင်းရဲ့ သက်ဦးဆံပိုင်ဘုရင်ကတော့ ရာမဘုရင် အမှတ်(၁၀) ပဲ ဖြစ်ပါတယ်။ ရာမဘုရင်(၁၀) အကြောင်းကိုတော့ insider သတင်းကနေ ဖော်ပြပေးလိုက်ပါတယ်။

ရာမဘုရင်ကို (၁၉၅၂) ခုနှစ် ဇူလိုင် (၂၈) ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ သူဟာ ဘန်ကောက်က နန်းတော်တွင်း ကျောင်းတစ်ကျောင်းမှာပဲ ပညာသင်ကြားခဲ့ပါတယ်။ အင်္ဂလန်နဲ့ သြစတေးလျတို့မှာလည်း ပညာသွားရောက်ဆည်းပူးခဲ့ပြီး စစ်ပညာကိုလေ့လာလိုက်စားခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့အခါမှာတော့ ရာမဘုရင်ဟာ ထိုင်းစစ်တပ်ထဲကို ၀င်ခဲ့ပါတယ်။ သူဟာ ထိုင်းနိုင်ငံတွင်းမှာတင် စစ်လေ့ကျင့်ရေးတွေကို ပြုလုပ်ခဲ့တာ မဟုတ်ပဲ အင်္ဂလန်၊ အမေရိကန်နဲ့ သြစတေးလျတို့မှာပါ လေ့ကျင့်ရေးပေါင်းများစွာ ဆင်းခဲ့တာပါ။ ထို့နောက်မှာတော့ သူဟာ အရပ်သားနဲ့ စစ်သားသုံး လေယာဉ်တွေကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်တဲ့ စစ်သူရဲတစ်ဦးဖြစ်လာခဲ့ပါတယ်။

instagram/thairoyalfamily

ဘီဘီစီအရတော့ ရာမဘုရင်ဟာ နိုင်ငံရပ်ခြား ခရီးသွားတဲ့အခါတိုင်း သူ့ကိုယ်ပိုင် Boeing 737 ကို ကိုယ်တိုင်မောင်းနှင်လေ့ရှိကြောင်း သိရပါတယ်။ ရာမဘုရင်ဟာ စစ်အရေးအရာမှာ လေ့ကျင့်ရေးပေါင်းများစွာ ပြုလုပ်ခဲ့ပေမယ့်လည်း သူဟာ ထိုင်းနိုင်ငံရဲ့ စစ်မှန်တဲ့ဆက်ခံသူ ဖြစ်ထိုက်၊ မဖြစ်ထိုက်နဲ့ပတ်သက်လို့ မေးခွန်းများစွာ ရှိခဲ့ပါတယ်။ ရာမဘုရင်ဟာ လောင်းကစားကြိုက်တယ်၊ မိန်းမလိုက်စားတယ်၊ တရားမ၀င်စီးပွားရေးတွေရှိနေတယ်ဆိုတဲ့ ကောလဟာလပေါင်းများစွာလည်း ထွက်ရှိခဲ့ပါတယ်။

READ
ကမ္ဘာ့အချမ်းသာဆုံး အိမ်မွေးတိရစ္ဆာန်များ
instagram/thairoyalfamily

သူဟာ (၁၉၉၉) ခုနှစ်မှာ မောင်နှမ၀မ်းကွဲတစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။ ပြီးတဲ့နောက် မင်းသမီးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး (၁၉၉၄) ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ အဆိုပါမင်းသမီးနဲ့ ကလေး(၅) ယောက်မွေးပါတယ်။ (၂) နှစ်လောက်လည်း ကြာရော ၄င်းမင်းသမီးကို လူကြားထဲမှာ စွပ်စွဲရှုံ့ချပြီး ကလေး(၅) ယောက်ထဲက သား(၄) ယောက်ကိုလည်း တာဝန်မယူဘူးလို့ ဆိုခဲ့ပါတယ်။ (၂၀၀၁) ခုနှစ်မှာတော့ တတိယအကြိမ် မိန်းမထပ်ယူပြီး မိဖုရားနေရာကိုလည်း သူမကို လျာထားခဲ့ပါတယ်။ ဒါပေမယ့် (၂၀၁၄) လည်းရောက်ရော အဆိုပါ အမျိုးသမီးဟာ မိဖုရားနေရာ ရုတ်သိမ်းခံရတဲ့အပြင် သူမရဲ့ဆွေမျိုးသားချင်းပေါင်း (၉) ယောက်တို့ဟာလည်း ဘုရင်လောင်းရဲ့ နာမည်ကို အလွဲသုံးစားလုပ်တယ်ဆိုပြီး အဖမ်းခံခဲ့ရပြန်ပါတယ်။

(၂၀၁၆) ခုနှစ် အောက်တိုဘာလမှာတော့ ဘုရင်ကြီးဘူမိဘောသေဆုံးပြီးနောက်ပိုင်း သူဟာ ထိုင်းထီးနန်းကို ဆက်ခံခဲ့ပါတယ်။ ဒါပေမယ့် ရာမဘုရင်လောင်းဟာ တရားဝင်နန်းသိမ်းပွဲအခမ်းအနား ကျင်းပဖို့အတွက်တော့ (၃) နှစ်တာ စောင့်ဆိုင်းနေခဲ့ပါတယ်။ သူနန်းတက်တဲ့အချိန်မှာတော့ စတုတ္ထမြောက် ဇနီးသည်အဖြစ် စစ်တပ်ထဲက အကြီးတန်းလုံခြုံရေးအရာရှိတစ်ဦးကို မိဖုရားမြှောက်တင်ခဲ့ပါတယ်။

READ
သူငယ်ချင်းနဲ့အတူ အလုပ်,လုပ်ရခြင်းက သင့်ရဲ့စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်
AP

သိပ်မကြာခင်မှာပဲ သူဟာ တော်ဝင်မောင်းမငယ်တစ်ယောက်ကို အခမ်းအနားနဲ့ ထပ်မံရွေးကောက်ပြန်ပါတယ်။ ဒါပေမယ့် အဲ့ဒီ တော်ဝင်မောင်းမငယ်က ဘုရင်မကြီးနဲ့ ဂုဏ်ပြုဂုဏ်ပြိုင်တွေလိုက်လုပ်ခဲ့တဲ့အတွက် (၃) လအကြာမှာပဲ သူမကို ဘွဲ့ထူး၊ ရာထူးတွေနဲ့အဆောင်အယောင်တွေကိုပါ ရုတ်သိမ်းခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာတော့ lèse-majesté ဆိုတဲ့ ဥပဒေရှိပြီး ဒီဥပဒေဟာ ဘုရင် သို့မဟုတ် ဘုရင်မကို အသရေညှိုးနွမ်းအောင် ပြုလုပ်တာ၊ ခြိမ်းခြောက်တာ၊ အနှောင့်အယှက်ပေးတာမျိုးဆိုရင်တော့ ထောင်ဒဏ်(၃) နှစ်ကနေ (၁၅) နှစ်အထိ ကျခံရနိုင်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE