ကျောင်းနဲ့ တခြားနေရာတွေ ပြန်ဖွင့်ဖို့ ကို အဆင့်တွေခွဲပြီး လုပ်ဆောင်မယ့် ထိုင်းနိုင်ငံ

Image:shutterstock/By Trekkathon

ထိုင်းမှာရှိတဲ့ စာ သင်ကျောင်းတွေ ၊တက္ကသိုလ် ကောလိပ်နဲ့ အများပြည်သူ အပန်း ဖြေရာ နေရာ တွေကို တော့ မကြာ ခင်မှာ ပြန်ဖွင့် ဖို့  စီစဉ် နေပါပြီ။ပြန်ဖွင့်တဲ့ အခါ မှာ တော့ အားလုံးကို တစ်ပြိုင်နက်တည်း ပြန် ဖွင့် တာ မျိုး မလုပ်ပဲ အဆင့် (၄)ဆင့် နဲ့ သတ်မှတ်ပြီး ပြန် ဖွင့် မှာပါ။စ တင် ဖြေ လျော့ ဖွင့်လှစ်မှု တွေကိုတော့ ဇွန် (၁၅) မှာ စ တင် တော့မှာပါ။ဒီအ  ကြောင်းနဲ့ ပတ်သက်ပြီး Covid-19 အ ခြေအ နေ စောင့်ကြည့် ရေး နဲ့ ပတ်သက်ပြီး  ပြော ခွင့် ရသူ Dr Taweesin Visanuyothin က ဇွန်လ (၁၀)ရက်နေ့ မှာ ထုတ်ပြောခဲ့တာပါ။ဒီသတင်းကိုတော့ Asiaone မှာ ဖော်ပြထားတာပါ။

Image:shutterstock/By Nicoleta Ionescu

ဇွန် (၁၂)မှာတော့ ဖြေ လျော့ ခြင်း အဆင့် (၄)ဆင့် မူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ် ကြမှာပါ။အဲ့ဒီ အဆင့် (၄) ဆင့်မှာမှ ပညာရေး၊စီးပွားရေးနဲ့ ကျန်းမာရေး ဆိုပြီး အမျိုးအစား(၃)မျိုး ခွဲ ခြား သွားမှာပါ။Dr Taweesin Visanuyothin ကတော့ ကိုဗစ် ကြောင့် ဆိုးဆိုးရွားရွား ထိုခိုက်ခဲ့ရတဲ့ ကျောင်းသူ၊ ကျောင်းသား တွေရဲ့ ပညာ ရေး ကို  အ လေး ထား လုပ် ဆောင်မယ်လို့ ပြောခဲ့ပါတယ်။မူကြမ်းမှာတော့ အဓိက နဲ့ အဓိက မကျ တဲ့ သတ်မှတ် ချက် တွေ ဆို ပြီး ပါဝင်ကာ ဒါ တွေ ကို ကျောင်းနဲ့ တက္ကသိုလ် တွေ၊တခြား ပညာရေးဝန်ဆောင်မှု လုပ်ငန်းတွေ ပြန် ဖွင် တဲ့ အ ခါ မှာ အသုံးချ သွားမယ်လို့ ဆိုပါတယ်။အဓိက မဖြစ် မ နေ လုပ်ရမယ့် အထဲမှာတော့ Mask တပ်တာ၊ လက် သန့် ရှင်း ရေးလုပ်တာ၊မကြာခဏ သန့်ရှင်းရေးလုပ်တာ၊စားပွဲ ခုံ တွေ ကို အနည်းဆုံး တစ်မီတာ ခွာ ထားတာ၊တစ် ယောက် နဲ့ တစ်ယောက် ငါးမီတာ ခပ်ခွာ ခွာ နေတာ၊စာသင်ချိန် တွေ လျှော့ ချ တာ၊ အ၀င် အထွက် တွေကို ThaiChana platform က နေ စစ်ဆေး တာ .. တို့ ပါဝင် ပါတယ်။အဓိကမဟုတ် တဲ့ အရာ တွေ ထဲမှာတော့ ကိုဗစ် သံသယ ရှိ  လူနာ ရှိ၊ မရှိ စစ်ဆေးတာ၊သတင်းပို့တာ ၊e-learning အစရှိတာ တွေ ပါဝင်ပါတယ်။

READ
တော်ရုံလူ သတိမထားမိနိုင်တဲ့ ဖိုတိုရှော့အမှားတွေနဲ့ မြစ်နံဘေးက အဆောက်အဦး
Image:shutterstock/By pang_oasis

ဒုတိယ ဖြစ်တဲ့ စီးပွားရေး မှာဆိုရင်တော့ စားသောက်ဆိုင်၊ဟိုတယ်၊သောက်တဲ့ ဆိုင် တွေ (ဥပ မာ – ကာရာအိုကေ ၊ဘား .) တွေ မှာဆိုရင် ကိုဗစ် ကာကွယ်ရေး အတွက် ကျန်းမာရေးဆိုင်ရာ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ရေချိုးခန်း တွေ သန့်ရှင်းရေး၊၀န်ထမ်းနဲ့ စားသုံးသူတွေ တစ်မီတာ ခွာ နေဖို့၊ကြိုတင်ဘိုကင် စနစ်၊ ThaiChana check-in platform ကို အသုံးပြု ရေး အစရှိတဲ့ စည်းကမ်းသတ်မှတ် ချက်တွေ နဲ့ အညီ ပြန် ဖွင့်မှာပါ။အ ရေးကြီးတဲ့ အချက် တွေ ထဲက တစ်ချက် အ နေနဲ့ ကတော့ Buffet ဆိုင်တွေမှာ ကိုယ်တိုင်ယူ စနစ်ကိုတော့ လုံးဝ တားမြစ် သွားမှာပါ။အများ ပြည် သူ သုံး သယ်ယူ ပို့ ဆောင် ရေး လုပ်ငန်းတွေ မှာ ဆိုရင်လည်း တစ်ကိုယ်ရည် သန့်ရှင်းရေး၊social distancing နဲ့ ထိုင်ခုံ သုံးခုံမှာဆိုရင် တစ်ခုံ လွတ် ထားပြီး ခပ်ခွာ ခွာ နေကြဖို့  နဲ့ အများဆုံး ခရီးသည် ၀င်ဆံ့ မှု ကိုတော့ (၇၀) ရာ ခိုင်နှုန်းနဲ့သာ သတ်မှတ် သွားမှာပါ။နှစ်ရာ ကီလို မီတာ ကျော်ပြီး ခရီးဝေး သွားမယ့် သူတွေ အ နေနဲ့ ကျန်းမာရေး Form ကို ဖြည့်ဖို့ လိုပါတယ်။

READ
ကမ္ဘာ့ပထမဆုံး သစ်တောမြို့တော်ကြီး တည်ဆောက်မယ့်တရုတ်နိုင်ငံ
Image:pixabay/nnoeki

ရုပ်ရှင်နဲ့ TV ၀န်ထမ်းတွေကိုတော့  စတူဒီယို ပရိသတ် အ နေနဲ့ ဆိုရင်တော့ လူ (၅၀) ၊အများဆုံး လူ (၁၅၀) နဲ့ ပြန် ပြီး လုပ်ငန်း စတင်နိုင်တယ်လို့ ကန့်သတ်ထားပါတယ်။Spa နဲ့ ချွေးထုတ် ခန်းတွေ ဆိုရင် တော့ ကျန်းမာရေး ညွှန် ကြားချက် တွေကို လိုက်နာပြီး Mask တပ်ဆင်ဖို့၊လက်သန့်ရှင်းဖို့၊social distancing နေ ဖို့၊Customer တစ်ယောက်ကို အများဆုံး(၂)နာရီ ပဲ ၀န်ဆောင်မှု ပေးဖို့ နဲ့ ThaiChana platform မှာ Check In လုပ်ဖို့ ဆိုတဲ့ စည်းကမ်းချက်တွေ ထုတ်ထားပါတယ်။အပန်းဖြေဥယျာဉ် ၊Water Park တွေ ကိုတော့ နောက်ဆုံး အဆင့် မှာ ပါဝင်ပြီး စတုရန်းမီတာ (၈)မီတာ မှာ Customer တစ်ယောက်နှုန်းနဲ့ ၀န်ဆောင်မှု အချိန်ကို နှစ်နာရီ ကန့် သတ် ထားပါတယ်။

#SHWEMOM

SHARE