နေ ဒွေးနဲ့ သံဇဉ်မောင် တို့ ရဲ့ အမှုကိစ္စကို ကြားဝင် စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့ ဂျွန်လွင်

Image:Fb/John Lwin

သရုပ်ဆောင် မင်းသား နေ ဒွေး နဲ့ သံဇဉ် မောင်တို့ကြားမှာ ဖြစ်နေတဲ့ အမှု ကိစ္စ ကို ဂျွန်လွင်က ကြားဝင် စေ့စပ် ညှိနှိုင်း ပေးခဲ့ပါတယ်။နေ ဒွေးနဲ့ သံဇဉ် မောင် က တော့ (၃)နှစ်လောက် တွဲ ခဲ့ကြတာပါ။ လမ်းခွဲ တဲ့ အချိန် မှာတော့  တခြား သမီးရည်းစားစုံတွဲ တွေ လို အေးဆေး လမ်းခွဲ လိုက်တာမျိုး မဟုတ်ပဲ နောက်ဆက်တွဲ ပြဿနာ တွေ နဲ့ ကြုံ ခဲ့ရပါတယ်။နေ ဒွေး ရော သံဇဉ် မောင် ကပါ နှစ်ယောက်လုံးက သူ့ရဲ့ တပည့် တွေ မို့ ကြား ၀င် စေ့စပ် ညှိနှိုင်း ပေး ခဲ့တာပါ။

Image:Fb/NayDway & Than Sin Maung

နှစ်ယောက်ကြားမှာ ပြဿနာ စဖြစ်ပြီး အမှု ကိစ္စ တွေ ပေါ် လာတည်းက နှစ်ယောက်လုံးရဲ့ ပြဿနာ ကို ကြီးလာ တာမျိုး မဖြစ် စေချင်ပဲ အေးအေး ဆေးပဲ ဖြစ်စေချင်တယ်လို့ ဂျွန် လွင်က သူ့ရဲ့ အင်တာဗျူး တွေမှာ ဖြေခဲ့ဖူးပါတယ်။ သံဇဉ် မောင် က တော့ နေ  ဒွေး ကို  တရား စွဲဆိုထား ပါတယ်။တွဲလာတဲ့ သမီး ရည်စားသက် တမ်း မှာ သူမ အ ပေါ် နေ ဒွေး ဘက်က လက်ပါ တာမျိုးတွေ ရှိတယ်လို့ ထုတ် ပြောခဲ့ပြီး တရားစွဲ ဆို ခဲ့တာပါ။ တရား စ စွဲ တဲ့ အချိန် မှာတော့ နှစ်ယောက်ကြား အ ချေ အတင် ပြောဆို ကြတာ မျိုးတွေလည်း ရှိခဲ့ဖူးပါတယ်။

READ
ကလောရောက်နေတဲ့အကြောင်း ဓါတ်ပုံတွေတင်ပြီး အသိပေးလိုက်တဲ့ မေပန်းချီ
Image:Fb/NayDway & Than Sin Maung

နှစ် ယောက်ကြားက ကိစ္စကို မျက်နှာ ညီစုံညီနဲ့ မီဒီယာတွေ ရှေ့ မှောက် မှာ ဂျွန် လွင်ရဲ့ ဦးဆောင်မှု နဲ့ အတူ ဖြေရှင်း ခဲ့ကြပါတယ်။ဂျွန်လွင်ရဲ့ Fb မှာတော့ တပည့်နှစ်ယောက်နဲ့ အတူတူ တွဲရိုက်ထားတဲ့ ပုံကို တင်ထားပါတယ်။ “အေးချမ်း သွားပါပြီ အၾကင္နာ ထွန်းကားရေးဆိုပြီး Caption ရေးပြီး တင်ထားပါတယ်။

Source:Fb/John Lwin

SHARE