ဝင့်ယမုံနိုင်အတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ သံသာမိုးသိမ့်

Image:fb/Wint Yamone Naing

ဒီကနေ့ သြဂုတ်လ တစ်ရက် နေ့က တော့ MRTV 4 ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးလာတဲ့ မင်းသမီးချော လေး ၀င့်ယမုံနိုင်ရဲ့ မွေးနေ့ လေးပါ။အ ချစ်ရဲ့ သင်္ကေတာ(the sign of love)ဇာတ်ကားထဲက မာယာချိုဆိုတဲ့ နာမည်နဲ့ ပရိသတ်အားပေးလက်ခံ မှု ကို ရခဲ့ သူမ ဟာ အခုဆိုရင်တော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေပါပြီ။မာယာချို ဇာတ်ကောင်အပြီး အဲ့ဒီနောက်ပိုင်း ရိုက်တဲ့ သူမရဲ့ ဇာတ်လမ်းတွဲတွေကလည်း  ပရိသတ်တွေ ကြားမှာ အရမ်းကို နာမည်ကြီးအောင်မြင်ခဲ့ပါတယ်။

Image:fb/Wint Yamone Naing
Image:fb/Wint Yamone Naing

ပြီးခဲ့တဲ့ လပိုင်းလောက် တုန်း ကလည်း သူမရဲ့ ဇာတ်လမ်းတွဲ နှစ်ခုကို MRTV 4 မှာ တစ်ပြိုင်နက်တည်းပြခဲ့ပါတယ်။ “စိတ်၏ခြေရာ ” နဲ့ “ကျမက မဟေသီ” ဆိုတဲ့ ဇာတ်လမ်းတွဲနှစ်ခုကို ပြခဲ့တာပါ။အဲ့ဒီဇာတ်လမ်းတွဲ ထဲမှာ သူမနဲ့ အတူတူ အတွဲညီညီတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ ၀င့်ယမုံနိုင် အတွက် မွေး နေ့ ဆုတောင်းစကားဆိုခဲ့ပါတယ်။ထားဝယ်သူ သူငယ်ချင်း ၀င့်ယမုံနိုင်ဆီက ထားဝယ်မုန့်တီနဲ့ ၀ါးပလုတ်လေး သောက်ချင်တယ်လို့ လည်း တောင်းဆိုခဲ့ပါတယ်။

READ
ရုပ်ရှင်အထူးပွဲသို့ တက်ရောက်လာခဲ့တဲ့ (Mr. Bean) Rowan Atkinson
Image:fb/Wint Yamone Naing
Image:fb/Wint Yamone Naing

“Happy birthday အချစ်ဆုံးအမော်မို 💙
ထားဝယ်မုန့်တီနဲ့ဝါးပလုတ်လေးသောက်ချင်တယ်😕……………..” ဆိုပြီး မွေးနေ့ ဆုတောင်း စကားဆို ခဲ့ပါတယ်။ “သိပ်ချစ်ရတဲ့ သမော်ဒီးလေး .. ကျေးဇူးပါ … ပြန်လာရင် ထပ်ချက်ကျွေးမယ်ကွာ .. 😘😘😘…….” လို့ လည်း သံသာမိုးသိမ့်က Reply ပြန်ထားပါတယ်။

Image:fb/Wint Yamone Naing
Image:fb/Wint Yamone Naing

”ကျမက မဟေသီ” ဆိုတဲ့ ဇာတ်လမ်းတွဲပါ ဒီဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာအိ အိခိုင်က ရိုက်ကူးထားတာပါ။သရုပ်ဆောင်တွေ အနေနဲ့ ကတော့ အောင်ရေချမ်း၊သံသာမိုးသိမ့်၊၀င့်ယမုံနိုင်၊ဇင်မျိုး၊မေ သဉ္ဇာဦး…အစရှိတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင် ထားပါတယ်။ဒီကားမှာတော့ ၀င့်ယမုံနိုင်က သူနာပြုမလေး အဖြစ် သရုပ်ဆောင်ထားပါတယ်။ဒီကားမှာတော့ မင်းမျိုးနွယ် ( အောင်ရေချမ်း)ကို အရမ်းချစ်တဲ့ ဇနီးကောင်းလေး စံမြန်း(၀င့်ယမုံနိုင်)က သရုပ်ဆောင်ထားပါတယ်။သံသာမိုးသိမ့်ကတော့ မင်းမျိုးနွယ်ရဲ့ ဇနီးအဖြစ် ဟန်ဆောင် တဲ့  ချော ဆိုတဲ့ ဗီလိန် ဇာတ်ကောင် နေရာကနေ သရုပ်ဆောင်ခဲ့တာပါ။ဇာတ်လမ်းထဲမှာတော့ အားပြိုင်မှုတွေရှိခဲ့တဲ့ သူမတို့ နှစ်ယောက်ဟာ အပြင်မှာတော့ တကယ့်ကို ရင်းနှီးချစ်ခင်ကြတဲ့ သူငယ်ချင်း တွေပါ။

READ
အောင်ရေချမ်းနဲ့ လမ်းခွဲလိုက်တဲ့အကြောင်းကို အသိပေးလိုက်တဲ့ ဂျက်စီကာမွန်
Image:fb/Wint Yamone Naing
Image:fb/Wint Yamone Naing

Source :၀င့်ယမုံနိုင်၊သံသာမိုးသိမ့်

SHARE