ပရိသတ်တွေ မမှတ်မိလောက်အောင် လှနေလွန်းတဲ့ သင်္ကြန်မယ်လေး သံသာမိုးသိမ့်

“ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲမှာ မိန်းမချောအဖြစ် ပါဝင်သရုပ်ဆောင်နေတဲ့သူတစ်ယောက်ဖြစ်တဲ့ သံသာမိုးသိမ့်ကတော့ သူမရဲ့ ထူးချွန်တဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေတာဖြစ်ပါတယ်။ သံသာမိုးသိမ့်ကတော့ ဖေစ်ဘုတ်ပေါ်မှာလည်း ပရိသတ်တွေနဲ့လည်း တရင်းတနှီးရှိလှတာကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့သူလေးလည်းဖြစ်ပါတယ်။

သူမကတော့ ဒီကနေ့မှာ နှစ်သစ်သင်္ကြန်အတွက် ဓါတ်ပုံလေးတွေကို ဝေမျှပေးလိုက်တာဖြစ်ပါတယ်။ အဝါရောင်မြန်မာဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ သံသာမိုးသိမ့်ကတော့ “ရှာပုံတော်မင်းသားကြီးရေ ဘယ်မာလဲရှင့် 💙
ချောချောလေး ရှာနေပါတယ်နော်” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

သံသာမိုးသိမ့်ရဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Than Thar Moe Theint,aye zaw moe

 

SHARE