ခန္ဓာကိုယ်အောက်ပိုင်း ကျစ်လစ်လှပလိုသူတွေအတွက် လေ့ကျင့်ခန်းများကို သန္တာလှိုင်ဝေမျှ

ကျစ်လစ်လှပတဲ့ Body အချိုးအစားကို ပိုင်ဆိုင်ချင်တဲ့ လူတိုင်းရဲ့ အထူးသဖြင့် မိန်းကလေးတိုင်းရဲ့ အိမ်မက် ဆန္ဒပါ။အဲ့ဒီလို မိန်းကလေးတွေအတွက် စူပါမော်ဒယ်သန္တာလှိုင်က ခန္ဓာကိုယ်အလှအပနဲ့ပတ်သက်ပြီး လုပ်သင့်တဲ့ လေ့ ကျင့်ခန်းတွေ ကို သူမရဲ့ fb page ကနေ ဝေမျှပေးနေပါတယ်။ဒီတစ်ခါမှာတော့ ခန္ဓာကိုယ်အောက်ပိုင်း က ၀၀တုတ်တုတ်ကြီး ဖြစ်နေ လို့ စိတ် ညစ်နေရတယ်၊Body အောက်ပိုင်းကို ကျစ်ကျစ်လစ်လစ်လေး ဖြစ်ချင်ပါတယ်ဆိုတဲ့ မိန်းကလေးတွေ အတွက် လေ့ကျင့် ခန်းဗီဒီယိုဖိုင်ကို ဝေမျှပေးလိုက်ပါတယ်။

 

လေ့ကျင့် ခန်းတွေ ကို လုပ်ရမယ့် အကြိမ်ရေနဲ့ပတ်သက်ပြီး လည်း သေချာ ပြောခဲ့ပါတယ်။ဒီလေ့ကျင့်ခန်း တွေကို လုပ်မယ် ဆိုရင်တော့ ပေါင်မှာ ရှိတဲ့ ကြွက် သားတွေကို အာရုံစိုက်ပြီး သုံးပေးဖို့ မမေ့ပါနဲ့ လို့လည်း မှာထားပါ တယ်။ပေါင်က ကြွက်သားတွေကို သုံးပြီး ကစားပေးမှသာ လေ့ကျင့်ခန်းက ထိရောက်လာမယ်လို့ လည်း သတိပေးထားပါတယ်။

“ဒီနေ့ လေ့ကျင့်ခန်းကတော့ ပေါင်နဲ့ ခြေသလုံးတွေမှာ အဆီများနေတဲ့ သူတွေ၊ တင်သား လျော့လျော့ရဲရဲ ဖြသ်နေတဲ့ သူတွေအတွက် အဓိက ဆော့ရမယ့် လေ့ကျင့်ခန်းတွေပါ။ သေချာလေး လိုက်ကစားမယ်ဆိုရင် ခန္ဓာကိုယ်အောက်ပိုင်းက တင်းရင်းကျစ်လစ်ပြီး လှလာပါလိမ့်မယ်နော်..အောက်ပါ မိနစ် စက္ကန့်အတိုင်း ph ထဲက timer နဲ့ alarm ပေးပြီး အတိအကျကစားပါ… လှုပ်ရှာတဲ့အခါ တင်ပါးနဲ့ ပေါင်မှာ ရှိတဲ့ ကြွက်သားတွေကို အာရုံစိုက်ပြီး အသုံးပြုဖို့ မနေ့ပါနဲ့။ မသုံးရင် လှုပ်ရှားနေပေမယ့်လဲ ကျစ်လစ်လာအောင်လောက်တော့ မထိရောက်ပါဘူး။

READ
စွန့်ပစ်ရမှာကို သင်မေ့လျော့နေတတ်တဲ့ အိမ်သုံးပစ္စည်းများ

Ali Shuffle x ၆၀ စက္ကန့်
Squat with Reach x ၆၀ စက္ကန့်
Skater x ၆၀ စက္ကန့်
Reverse Lunge x ၆၀ စက္ကန့်
Calf Raise x ၆၀ စက္ကန့်
—————————————-
၂ မိနစ်နားပြီ အစအဆုံး ၃ ခါ ပြန်ကျော့ ကစားပါ…

ပြီးရင် အကြောလျှော့ပါ………………..” ဆိုပြီး ပြောထားပါတယ်။

အိမ်မှာပဲ လေ့ကျင့်ခန်းတွေ လုပ်ရတာ အားမရပါဘူးဆိုတဲ့ သူတွေ၊ သူမဖွင့်လှစ် ထားတဲ့ T’s Work shop မှာ ဆရာတွေနဲ့ နည်းလမ်းတကျ သင်ချင်တယ်ဆိုရင်တော့  ၀၁၃၉၃၃၆၀ ကို ဆက်ပြီး သို့မဟုတ် မက်ဆေ့ကို နှိပ်ပြီး စုံစမ်းနိုင် တယ်လို့လည်း ပြောထားပါတယ်။

LEG DAY FINAL

ဒီနေ့ လေ့ကျင့်ခန်းကတော့ ပေါင်နဲ့ ခြေသလုံးတွေမှာ အဆီများနေတဲ့ သူတွေ၊ တင်သား လျော့လျော့ရဲရဲ ဖြသ်နေတဲ့ သူတွေအတွက် အဓိက ဆော့ရမယ့် လေ့ကျင့်ခန်းတွေပါ။ သေချာလေး လိုက်ကစားမယ်ဆိုရင် ခန္ဓာကိုယ်အောက်ပိုင်းက တင်းရင်းကျစ်လစ်ပြီး လှလာပါလိမ့်မယ်နော်၉ ရက်နေ့ နေ့လည် ၂:၀၀ နာရီမှာလဲ ကျွန်မရဲ့ Thandar Hlaing Page နဲ့ Mizzima Page တို့ကနေ ကျန်းမာဖို့အတွက် တစ်နေ့ဓူဝ လုပ်သင့်လုပ်ထိုက်တဲ့ နေထိုင်လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို live လွှင့်ပြီးဟောပြောဆွေးနွေးပြီး ဖြေပေးမှာဖြစ်ပါတယ်… သိချင်တာတွေ Comment ကနေလဲ မေးထားလို့ ရပါတယ်ကျွန်မတို့ T's Workshop မှာ လူကိုယ်တိုင် နည်းလမ်းတကျ ဆရာတွေနဲ့ သင်ချင်တဲ့သူတွေအတွက် မိမိရဲ့ ဖုန်းနံပတ်ကို ကော်မင့်မှာ မန့်ထားခဲ့ပါ… ဒါမှမဟုတ် အခုပဲ ၀၁၃၉၃၃၆၀ ကို ဆက်ပြီး သို့မဟုတ် မက်ဆေ့ကို နှိပ်ပြီး စုံစမ်းလိုက်ပါ။ အောက်ပါ မိနစ် စက္ကန့်အတိုင်း ph ထဲက timer နဲ့ alarm ပေးပြီး အတိအကျကစားပါ… လှုပ်ရှာတဲ့အခါ တင်ပါးနဲ့ ပေါင်မှာ ရှိတဲ့ ကြွက်သားတွေကို အာရုံစိုက်ပြီး အသုံးပြုဖို့ မနေ့ပါနဲ့။ မသုံးရင် လှုပ်ရှားနေပေမယ့်လဲ ကျစ်လစ်လာအောင်လောက်တော့ မထိရောက်ပါဘူး။ Ali Shuffle x ၆၀ စက္ကန့် Squat with Reach x ၆၀ စက္ကန့် Skater x ၆၀ စက္ကန့် Reverse Lunge x ၆၀ စက္ကန့် Calf Raise x ၆၀ စက္ကန့် —————————————-၂ မိနစ်နားပြီ အစအဆုံး ၃ ခါ ပြန်ကျော့ ကစားပါ… ပြီးရင် အကြောလျှော့ပါ အားလုံး လှပကျန်းမာစေဖို့… ♥️♥️♥️🥰

Posted by Thandar Hlaing သန္တာလှိုင် on Tuesday, 8 January 2019

Source သန္တာလှိုင်

SHARE