သန္တာလှိုင်ဝေမျှလိုက်တဲ့ လက်မောင်းကျစ်လစ်လှပစေမယ့် လေ့ကျင့်ခန်းများ

မိန်းကလေးတိုင်းအားကျရတဲ့ Body မျိုးကို ပိုင်ဆိုင်ထားတဲ့ စူပါမော်ဒယ် သန္တာလှိုင်ကတော့ သူမလိုပဲ တခြား မိန်းကေ လးတိုင်း လှပအောင် လေ့ကျင့်ခန်းဗီဒီယိုဖိုင်လေးတွေကို ဝေမျှပေးနေပါတယ်။ ဒီတစ်ခါမှာတော့ လက်မောင်းကြီးလို့ စိတ် ညစ်နေရတဲ့ ပျိုမေတို့ အတွက် လက်မောင်းကျစ်လစ်လှပစေမယ့် လေ့ကျင့်ခန်းဗီဒီယိုဖိုင်ကို ဝေမျှပေး လိုက်ပါတယ်။

“လက်မောင်းလေးတွေ ကျစ်ပြီး တင်းဆင်းရင်းရင်းလေးဖြစ်ဖို့ ၁၅ မိနစ်ကစားဖို့ပဲ လိုပါတယ်။ အရင်အပတ်က ပေးထားတဲ့ လေ့ကျင့်ခန်းနဲ့ ဒီနေ့ဟာကို တစ်ရက်တစ်မျိုးစီ အလှည့်ကျ ကျင့်ပေးမယ်ဆိုရင် တစ်ကိုယ်လုံး တင်းရင်းကျစ်လစ် လာပါလိမ့်မယ်… တစ်ယောက်ထဲ သိမ်းမထားပဲ အချင်းချင်း ရှယ်ပေးကြပါနော်… ကုသိုလ်ရပါတယ်…”

“Iron Fist x ၆၀ စက္ကန့် (၁၅ စက္ကန့်နားပါ)
Shoulder Tap x ၆၀ စက္ကန့် (၁၅ စက္ကန့်နားပါ)
Tricep Dip x ၆၀ စက္ကန့် (၁၅ စက္ကန့်နားပါ)
Negative Push Up x ၆၀ စက္ကန့် (၁၅ စက္ကန့်နားပါ)
Side to Side High Plank x ၆၀ စက္ကန့် (၁၅ စက္ကန့်နားပါ)
———————————————-
အားလုံးဆက်တိုက်ပြီးမှ ၂ မိနစ်နားပြီး အစအဆုံး ၃ခါ ပြန်ကျော့ ကစားပါ…
ပြီးရင် အကြောလျှော့ပါ….” ဆိုပြီး ဝေမျှပေးထားပါတယ်။

READ
ကလေးတွေကျန်းမာရေးအတွက် ဒီလိုအစားအသောက်၊ နေထိုင်မှုပုံစံကို ပြောင်းပေးသင့်ပါတယ်။

သန္တာလှိုင်ကတော့ အသက် (၄၀) ကျော်၊ သားသမီး နှစ်ယောက်ရဲ့ မေမေဆိုပေမယ့် တကယ့်ကို အပျိုလေးတွေ ရှုံးရလောက်တဲ့ ကျစ်လစ်ကျန်းမာ လှပတဲ့ အချိုးအစားကို ပိုင်ဆိုင်ထားသူပါ။ ဒီလို Body မျိုးကိုရအောင် ကိုယ် တိုင် လည်း Body Fitness ကို ဂရုတစိုက်နဲ့ အချိန်ပေးကြိုးစား လုပ် တတ်သူပါ။ T’s Workshop ဆိုတဲ့ Fitness Gym ကိုလည်း ဖွင့်လှစ်ပြီး Body Fitness နဲ့ပတ်သက်ပြီး လူတိုင်းရဲ့ အိမ်မက်စိတ်ကူးထဲက Body လေးမျိုး ရအောင် ဘေးကနေ ပံ့ပိုးကူညီပေးနေပါတယ်။

Source: Thandar Hlaing

SHARE