မိသားစုဓါတ်ပုံလေးတွေကို ဝေမျှလိုက်တဲ့ သန္တာလှိုင်

စူပါမော်ဒယ် သန္တာလှိုင်ကတော့ သူမတို့ မိသားစုဓါတ်ပုံလေးတွေကို fb ပေါ်မှာ ဝေမျှပေးလိုက်ပါတယ်။ဓါတ်ပုံတွေထဲမှာတော့ အရင်ခင်ပွန်းဟောင်းနဲ့ အတူ မိသားစု လေးယောက်စုပြီး ရိုက်ထားတဲ့ ကလေးတွေ ငယ်ငယ်က ပုံလေးတွေ လည်း ပါဝင်ပါတယ်။

သားဖြစ်သူက ကျောင်းမှာ project  ရှိလို့ မိသားစုဓါတ်ပုံယူလာဖို့ လိုအပ်တာေ ကြာင့် ပုံတွေကို ရှာဖြစ်ခဲ့ပြီး fb ပေါ်တင်ဖြစ်ခဲ့တာလို့ ဆိုထားပါတယ်။နောက်မှ လူစုံရင် မိသားစု(၄)ယောက် ဓါတ်ပုံ ရိုက်အုံးမယ်လို့ လည်း ပြောထားပါ တယ်။   ဒီ အကြောင်းကိုတော့ fb ပေါ်မှာ…….

“ကျောင်းမှာ project ရှိလို့တဲ့ မိသားစု ဓါတ်ပုံ ယူလာခဲ့ရမယ် ဆိုတော့ သားအမိ ၂ယောက် မိသားစုပုံတွေ ရှာကြတာပေါ့ သူ့အဖေနဲ့ အတူရိုက်ထားတဲ့ ပုံက ငယ်ငယ်တုန်းက ပုံပဲ ရှိတယ်။သူက အခု လူပျိုကြီုးဖြစ်သွားပြီဆိုတော့ ဟိုပုံက သူ baby တုန်းကပုံတဲ့ နှာခေါင်း နှိုက်နေတဲ့ ပုံက နဲနဲပိုကြီးတယ်တဲ့ အဲ့ဒီပုံကိုပဲ ရွှေးသွားတယ်။ အမေတစ်ယောက် အနေနဲ့ မိသားစု ၄ ယောက်ပုံကို သေချာ ထည့်ပေးလိုက်ပါတယ်။ တစ်ခုတော့ သတိထားမိသွားတယ် လူဆုံရင် မိသားစု ၄ ယောက်ပုံ ကောင်းကောင်းတော့ သေချာ ထပ်ရိုက်ရအုံးမယ် ” ဆိုပြီး တင်ထားပါတယ်။

READ
အကောင်းဆုံးသီချင်းဆုရခဲ့တဲ့ ဘန်ကောက် မှ မန္တလေးသို့ 

from သန္တာလှိုင်ရဲ့ fb

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE