ဒွေးရဲ့ အသက် ၅၃ နှစ်ပြည့်မွေးနေ့မှာ အလွမ်းတွေနဲ့စာတစ်စောင်ရေးလိုက်တဲ့ သားညီ

ဒီကနေ့ မေလ (၇) ရက်နေ့ကတော့ ကြွေလွင့်သွားခဲ့ပြီဖြစ်တဲ့ အကယ်ဒမီသရုပ်ဆောင်ဒွေးရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ လာမယ့် ဇူလှိုင်လ ၁၁ရက်နေ့မှာဆိုရင်တော့ ဒွေး သေဆုံးသွားခဲ့တဲ အချိန် ၁၂ နှစ်တောင်ရှိပြည့်တော့မှာဖြစ်ပါတယ်။ ဒွေးကတော့ လူသေဆုံးသွားပေမဲ့ နာမည်မသေဆုံးတဲ့ အနုပညာရှင်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့ထိတိုင်အောင် ဒွေးရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးတဲ့ ပရိသတ်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။

သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ သားညီကတော့ သူရဲ့ အစ်ကိုဖြစ်သူ ဒွေးအတွက် လွမ်းဆွတ်သတိရခြင်းများစွာနဲ့ မွေးနေ့မှာ စာတစ်စောင်ရေးပေးလိုက်တာဖြစ်ပါတယ်။

အချိန်တွေကြာခဲ့ပြီဖြစ်ပေမဲ့ အခုအချိန်ထိတိုင် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိနေဆဲဖြစ်တဲ့ ဒွေးအတွက်တော့ မေလ ၇ ရက်နေ့က အသက် ၅၃ နှစ်ပြည့်မွေးနေ့လည်းဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဒွေးအတွက် ဆုတောင်းမေတ္တာပို့သပေးလိုက်ပါဦးနော်။

SOurce: Thar Nyi

SHARE