ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဇူလိုင် ၁၁ မှစတင်ပြီး တစ်နိုင်ငံလုံးမှ အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြ သတော့ မှာပါ။ဇာတ်ကား စတင်ရိုက်ကူးတော့မယ်ဆိုတည်းက ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားမှုကို ရခဲ့တဲ့ ဇာတ် ကားကြီးတစ်ကားဖြစ်ပြီး ရုံတင်ပြသဖို့ ကိုလည်း မျှော်လင့်နေခဲ့ရတာ ကြာခဲ့ပါပြီ။ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားရဲ့  Red Carpet ပွဲကိုတော့ (၃)ရက်နေ့က Junction City မှာ ပြုလုပ်ခဲ့ပါတယ်။ဒီပွဲကိုတော့ ဒဏ္ဍာရီမိုး ကို ပုံဖော်ခဲ့ကြတဲ့ သူ တွေ၊တခြားဖိတ်ကြားထားတဲ့ ဧည့်သည်တွေ အများကြီးတက်ရောက်ပေးခဲ့ပါတယ်။ပွဲတက်ရောက်ဖြစ်တဲ့ သူတွေက ပြန် မျှ ဝေထားတဲ့ ဒဏ္ဍာရီမိုး နဲ့ ပတ်သက်တဲ့ ကောင်းတဲ့ Feedback တွေကလည်း အွန်လိုင်းပေါ်မှာ အများကြီး ထွက် ပေါ် ခဲ့ပါတယ်။

Image:fb/ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီး
Image:fb/ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီး
Image:fb/ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီး

ဒီပွဲကို တက်ရောက်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်မင်းသား အခုဆိုရင်တော့ ဒါရိုက်တာ သားညီက ဒီဇာတ်ကားကို ကြည့်ပြီး ရဲ တိုက် ရဲ့ သရုပ်ဆောင်ချက်တွေကို ဖွင့်ထုတ်ချီးကျူးခဲ့ပါတယ်။ပီပြင်လွန်းတဲ့ ရဲတိုက်ရဲ့ သရုပ်ဆောင် ချက်တွေ အထူး သဖြင့် မျက်လုံးတွေက တစ်ခေတ်တခါက နာမည်ကြီး သရုပ်ဆောင် ကိုသားကြီးနဲ့ အရမ်းတူ ကြောင်း၊ကိုသားကြီးကို အစား ပြန်ရလိုက်သလိုပါပဲ လို့ ပြောခဲ့ပါတယ်။ကိုသားညီ ရဲ့ ချီးကျူးစကား အပြည့်အစုံကတော့ …..

READ
အပြစ်ပြောစရာမရှိအောင်လှတဲ့ခန္ဓာကိုယ်အချိုးအစားတွေကိုပိုင်ဆိုင်ထားတဲ့ အမျိုးသမီးအိုင်ဒေါများ
Image:fb/ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီး
Image:fb/သားညီ
Image:fb/ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီး

“ကိုသားကြီးကို
အစားပြန်ရလိုက်သလိုပါပဲ ရဲတိုက်ရယ် …

ဒီည ရုပ်ရှင်ကြည့်နေတဲ့တစ်ချိန်လုံး
ဒါကိုပဲတွေးနေမိတာ …
မျက်လုံးတွေ မျက်လုံးတွေ တူလိုက်ကြတာဗျာ …

တိုက်ဆိုင်လွန်းတာက
July 11 မှာ
ဒွေး ဆိုတဲ့ သရုပ်ဆောင်တစ်ယောက်ကို
ခေါ်သွားခဲ့ပြီး …
July 11 မှာပဲ
ရဲတိုက် ဆိုတဲ့ အမိုက်စား သရုပ်ဆောင်တစ်ယောက်ကို
ပရိတ်သတ်ကို ပြန်ပေးလိုက်သလိုပါပဲ …

သားညီ…………………” ဆိုပြီး ရဲတိုက်ရဲ့ သရုပ်ဆောင်ချက်တွေကို ချီးကျူးထားပါတယ်။

Image:fb/ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီး
Image:fb/ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီး
Image:fb/ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီး

ဒဏ္ဍာရီမိုး ကတော့ အချစ်တွေ အားပြိုင်ကြမယ့် ဇာတ်လမ်းလေးပါ။ရဲတိုက်ကတော့ အညို (ခ) လူညို ဆိုတဲ့ ဇာတ်ကောင် နေရာကနေ ပါဝင်ထားပါတယ်။မိုးနှောင်း၊လူညို ၊ဒီလှိုင်း ၊မိုးတိမ်ညို တို့က ဒဏ္ဍာရီမိုး   ကို ဘယ်လို အကောင်းဆုံးပုံ ဖော်ကြမလဲ ဆိုတာကိုတော့ ဇူလိုင် (၁၁) ရက်နေ့မှာ ပရိသတ်တွေ တွေ့ ရတော့မှာပါ။ပရိသတ် ရုံပြည့် ရုံလျှံ အားပေးကြမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်လာမှာတော့ မြေကြီးလက်ခတ် မလွဲပါ။

READ
ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေနဲ့ ဖမ်းစားလိုက်ပြန်တဲ့ ဆုမြတ်နိုးဦး

OFFICIAL TRAILER

ဒဏ္ဍာရီမိုး [[ OFFICIAL TRAILER ]] ဇူလိုင် (၁၁) ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးတွင် ပြသပါပြီ။

ဒဏ္ဍာရီမိုး [[ OFFICIAL TRAILER ]]မိုးတွေရွာတိုင်း ငိုမှာလား….. ဒဏ္ဍာရီဆို တစ်သက်စာ သူတို့အတွက်ကတော့ တိမ်တွေပြိုနေတဲ့ တိမ်ညိုမှိုင်းပြာ မိုးကောင်းကင်ဆိုတာ မြင်နေကြပဲမို့ မိုးတွေလေတွေမြင်တိုင်း လွမ်းနေရတော့တာပါပဲ…။⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈၂၀၁၉ ၊ ဇူလိုင် (၁၁)ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးမှ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသပါပြီ။ ☔️☔️☔️☔️☔️ဒါရိုက်တာ – ဝင်းလွင်ထက်Art Director – သြရသဇာတ်လမ်း ၊ ဇာတ်ညွှန်း – မိုးနီလွင်Director of Photography – အာကာတိုးProduced by 7th Sense Film Production

Posted by ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီး on Wednesday, June 26, 2019

Image:fb/သားညီ

Source သားညီ၊ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီး

SHARE