အမျိုးသမီးအင်္ဂါအနံ့နဲ့ ရေမွှေးဖယောင်းတိုင်ကို ထုတ်လုပ်လိုက်တဲ့ ဟောလိဝုဒ် မင်းသမီး

Instagram/Gwyneth Palthrow

အမေရိကန် အမျိုးသမီး သရုပ်ဆောင်Gwyneth Paltrow ဆိုရင် နာမည်ကျော် Marvel Cinematic Universe (MCU) ဇာတ်ကားတွေထဲက Iron Man (Tony Stark)ရဲ့ ချစ်သူ Pepper Potts ဇာတ်ရုပ်နဲ့တွဲပြီး မှတ်မိကြမှာပါ။ Gwyneth ဟာ  အော်စကာဆု အပါအ၀င် ရုပ်ရှင်ထူးချွန်ဆုပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ ၀ါရင့်မင်းသမီး ဖြစ်သလို အမျိုးသမီး အသုံးအဆောင်ပစ္စည်းတွေကို ထုတ်လုပ်ဖြန့်ချီနေတဲ့ Goop ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။

Instagram/JonFavreau

Gwyneth ရဲ့ Goop ၀က်ဘ်ဆိုက်မှာ သင် သွားရှာကြည့်မယ်ဆိုရင် အသစ်ထုတ်လုပ်ထားတဲ့ ဖယောင်းတိုင်(၃)ခုအကြောင်းတွေ့ရမှာပါ။ ပထမဆုံးတစ်ခုက နွေးထွေးတဲ့ နေရောင်ခြည်ရဲ့ အနံ့ကို ပေးစွမ်းနိုင်မှာဖြစ်ပြီး ဒုတိယတစ်ခုကတော့ လေအေးရနံ့ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးတတိယတစ်ခုကတော့ Gawyneth Paltrow ရဲ့ အမျိုးသမီးအင်္ဂါနံ့အတိုင်း ရရှိစေမှာ ဖြစ်ပါတယ်။

READ
ဆိတ်ကိုစားဖို့ ရစ်ပတ်နေတဲ့ စပါးအုံးမြွေကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ အမျိုးသမီး
[email protected] Paltrow

အဲဒီ ဖယောင်းတိုင်ကို စပြီးထွင်ဖြစ်သွားတာကတော့ ရေမွှေးပညာရှင် Douglas Little နဲ့ အသက်(၄၇)နှစ်ရှိပြီဖြစ်တဲ့ Gwyneth Paltrow တို့ နှစ်ဦးဟာ စကားဝိုင်းတစ်ခုမှာ ဟာသတစ်ခုပြောရင်းကနေ စတင်ခဲ့တာဖြစ်ကြောင်း LAD BIBLE သတင်းဌာနရဲ့ ဖော်ပြချက်အရ  သိရှိရပါတယ်။ သူတို့နှစ်ဦးဟာ ရေမွှေးအသစ်တစ်ခုရဲ့ အနံ့ကို စမ်းသပ်နေတုန်း Gwyneth မှ “ဟာ….ဒီရေမွှေးအနံ့က အမျိုးသမီးအင်္ဂါအနံ့ကြီးပါလား” လို့ Douglass ကို အရွှန်းဖောက်လိုက်ရာမှ အဆိုပါရေမွှေးနံ့ကို ရေမွှေးဖယောင်းတိုင်အဖြစ် ပြောင်းလဲတီထွင်ဖို့ စိတ်ကူးရခဲ့ကြောင်း သိရပါတယ်။

GOOP

Goop ၀က်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ အဆိုပါ ဖယောင်းတိုင်နံ့ဟာ သင်းသင်းလေးနဲ့ မွှေးနေပြီး ဆန့်ကျင်ဘက်လိင်ရဲ့စိတ်ကို နှိုးဆွနိုင်ကြောင်း သိရှိရပါတယ်။ ရေမွှေးဖယောင်းတိုင် တစ်ထုပ်ကို အမေရိကန် ၇၅ ဒေါ်လာ(မြန်မာငွေ ၁သိန်း၁သောင်းကျော်) ကျသင့်မှာ ဖြစ်ပါတယ်။ အဆိုပါ  ရေမွှေးဖယောင်းတိုင်ဟာ စထုတ်,ထုတ်ချင်းနေ့ ဈေးကွက်ထဲရောက်ပြီး နာရီပိုင်းအကြာမှာတင်ပဲ လက်မလည်အောင် ရောင်းချခဲ့ရကြောင်း သိရှိရပါတယ်။

READ
မသေခင်မှာငယ်ချစ်ဦးနဲ့လက်ထပ်ချင်တဲ့သနားစရာကောင်မလေး

Pyi Hein Kyaw

SHARE