ဒီအချက်တွေကြောင့် သင့်အသားအရေ မကောင်းဘဲ ပျက်ဆီးနေရတာပါ။

မွေးကင်းစရွယ်ကလေးတွေရဲ့ အသားအရေလေးတွေက နူးနူးအိအိလေးနဲ့ စိုပြေနေတာကို သတိထားမိပါသလား။ အသက်အရွယ် ကြီးလာတာနဲ့အမျှ အသားအရေတွေက ပျက်ဆီးလာကြသလို ဒီအကျင့်ဆိုးတွေကြောင့် အသားအရေမကောင်းဘဲ ဖြစ်သွားတတ်ကြတာပါ။

(၁) ရေဓာတ်နည်းရင် 

ရေဓာတ်နည်းလာရင် အာခေါင်ခြောက်လာမယ် ၊ အသားအရေတွေခြောက်လာမယ် ၊ အရေပြားပါ ယားယံလာမှာပါ။ ကျွန်တော် အရေပြားတွေက ရေနဲ့လုပ်ထားတာပဲဖြစ်ပါတယ် ။ ဆိုလိုချင်တာကတော့ ရေဓာတ်ရှိနေမှ အသားအရေ စိုပြေမှာ ဖြစ်သလို ခန္ဓာကိုယ်အတွင်းပိုင်းကလည်း ရေဓာတ်ပြည့်နေမှ ကျန်းမာရေးကောင်းတာပါ။ ဒါကြောင့် ရေများများသောက်ပေးတာက အသားအရေအတွက် အကောင်းဆုံးအစားပဲဖြစ်ပါတယ်။

(၂) ဆေးလိပ်သောက်ရင် 

အသားအရေမကောင်းဖြစ်နေရတဲ့ နောက်အကြောင်းတစ်ခုကတော့ ဆေးလိပ်သောက်လို့ပါပဲ။ ဆေးလိပ်သောက်ရတဲ့အကြောင်းက စိတ်ဖိစီးမှုကို လျှော့နည်းစေလို့ဆိုပေမယ့် သင့်ရဲ့နှလုံးကျန်းမာရေးကိုထိခိုက်စေနိုင်လို့ အသားအရေတွေကိုပါ ခြောက်လာစေနိုင်တယ်။ ဆေးလိပ်က  သင့်ခန္ဓာကိုယ်အတွင်းပိုင်း ကို ပျက်စီးစေနိုင်သလို အသားအရေတွေကိုလည်း ပျက်ဆီးစေနိုင်ပါတယ်။

(၃) နေလောင်ရင် 

ကျန်းမာရေးအတွက် နေဓာတ်ကို ခံပေးရမှာ မှန်ပါတယ်။ ဒါပေမယ့် ဒီနေဓာတ်ကတော့ မနက် (၇-၉)နာရီက ထွက်လာတဲ့ နေဓာတ်ကိုပဲခံရတာပါ။ မနက် (၉)နာရီနောက်ပိုင်း နေက အရမ်းပြင်းလို့ ထီးမပါဘဲ အပြင်သွားပါများလာရင် အရေပြားကင်ဆာထိပါဖြစ်လာစေပါတယ်။ ဒါအပြင် နေလောင်ဒဏ်ကြောင့်လည်း အသားအရေပျက်ဆီးစေနိုင်သလို တင်းတိတ် ၊ မှင်ခြောက်တွေလည်းဖြစ်လာစေနိုင်တယ်။ ဒါကြောင့် နေပူထဲသွားမယ်ဆိုရင် sunscreen ကိုလိမ်းပေးပါ။ မမေ့ပါနဲ့။

READ
တွဲကျလာသောရင်သားများကို အရင်လိုပြန်လည်တင်းရင်းစေနိုင်မည့်နည်းလမ်းများ

(၄)အစားအသောက်မမှန်ရင်

 

အသားအရေတွေပျက်ဆီးပြီး မကောင်းဖြစ်တာ အစားအသောက်မမှန်တာတွေကြောင့်လည်းဖြစ်တယ်။ အသားအရေကကလည်း လိုအပ်တဲ့ အာဟာရဓာတ်တွေ လိုအပ်ပါတယ်။ သင့်အရမ်းကြိုက်တဲ့ ဆီကြော် ၊ အဆီများတဲ့ အစားအစာတွေက သင့်အသားအရေကို ပျက်ဆီးစေနိုင်တယ်။ ဒါကြောင့် အသားအရေအတွက် မှန်ကန်တဲ့ အသီးအနှံနဲ့ အစားအသောက်တွေကိုပဲစားပေးဖို့လိုပါတယ်။

Hannwe Soe (Shwemom)
SHARE