နတ်ဝင်ပူးတဲ့ လူကို တက်နင်းခိုင်းပြီး ကလေးရဖို့ဆုတောင်းတဲ့ အိန္ဒိယအမျိုးသမီးများ

အိန္ဒိယနိုင်ငံတောင်ပိုင်းကဒေသခံ ရိုးရာယဉ်ကျေးမှုတစ်ခုဟာ အင်တာနက်ပေါ်ပျံ့နှံ့လျက်ရှိပါတယ်။ အဲဒီရိုးရာယဉ်ကျေးမှု ပွဲတော်က အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ သားသမီးရတနာထွန်းကားနိုင်ဖို့အတွက် နတ်ဝင်ပူးတဲ့ ဘာသာရေး လူကြီးကို တက်နင်းခိုင်းပြီး ကလေးဆုတောင်းတဲ့ ရိုးရာဓလေ့ပွဲတော်ပဲဖြစ်ပါတယ်။

အဲဒီရိုးရာဓလေ့ပွဲတော်ကို နှစ်စဉ် ဇူလိုင်လမှာ ကျင်းပလေ့ရှိပြီး Anantapur ခရိုင်ရှိ Lakshmi Narasimha Swami
ဘုရားကျောင်းမှာ ပွဲတော်ကို ကျင်းပကြတာဖြစ်ပါတယ်။ ကလေးမရသေးတဲ့အဓိကအိမ်ထောင်သည်အမျိုးသမီးများ အတွက် ကလေးဆုတောင်းပွဲတော်ဖြစ်ပါတယ်။  Lakshmi Narasimha Swami ဘုရားကျောင်းကို နှစ်စဉ် အနီးအနားမြို့တွေမှ ကလေးမရသေးတဲ့ အိမ်ထောင်ရှင်
မိန်းမတွေနဲ့ မိသားစုတွေက သွားရောက်ကြပြီး ကလေးရဖို့ ဆုတောင်းကြပါတယ်။ အိမ်ထောင်ရှင်မိန်းမတွေဟာ တန်း
စီပြီး မှောက်ရက် အနေအထားနဲ့ လဲလှောင်းနေရပါတယ်။ နတ်ဝင်ပူးတဲ့ ဘာသာရေးလူကြီးတစ်ဦး (ဒေသခံ အခေါ်
အဝေါ် God-Man)က လှဲလျောင်းနေတဲ့ အမျိုးသမီးတွေအပေါ် လမ်းလျှောက်ခဲ့ကာ သားသမီးရစေဖို့ ဆုတောင်းပေး
ခဲ့တာဖြစ်ပါတယ်။

နှစ်စဉ် ရပ်ဝေးမှပြည်သူတွေအပြင် ဒေသခံပြည်သူတွေပါ ပါဝင်ဆင်နွှဲတဲ့ ရိုးရာပွဲတော်ဖြစ်တာကြောင့် နှစ်စဉ်စည်ကား
လေ့ရှိကြပါတယ်။ အဲဒီပွဲတော်မှာ ဆင်နွှဲတဲ့ ပြည်သူတွေကတော့ အဆိုပါ သားသမီးရတနာဆုတောင်းပွဲတော်မှာ မှန်
ကန်တယ်လို့ ပြောကြပါတယ်။

READ
ဗိုက်မှအဆီကို ဦးခေါင်းခွံအတွင်း ထိုးသွင်းခြင်းဖြင့်၊ ထိပ်ပြောင်ခြင်းကို (6)လအတွင်း ကုလို့ရပြီ

Andhra Pradesh ပြည်နယ် တရားသူကြီးချုပ်ဖြစ်တဲ့ Harilal Nayakက ”ဒီရိုးရာဓလေ့ဟာ မျိုးဆက်တစ်ဆက်ပြီး
တစ်ဆက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဒေသခံပြည်သူတွေက အဲဒီကလေးရနိုင်မယ့် ဓလေ့ကို ပြင်းပြင်းထန်ထန် ယုံကြည်
နေကြပြီး အမျိုးသမီးတွေကလည်း ပါဝင်ဆင်နွှဲကြပါတယ်။ God-manက လမ်းလျှောက်ယုံနဲ့ သူတို့တွေ ကလေးမရ
နိုင်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ယုံကြည်မှုကတော့ ဆက်ဖြစ်နေဦးပါ”လို့ ပြောခဲ့ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom)
Source ; dailymail.co.uk
SHARE