သူမရဲ့ တစ်နေ့တာလှုပ်ရှားမှုကို ဝေမျှပေးလိုက်တဲ့ သဇင်နွယ်ဝင်း

Image: Fb/Thazin Nwe Win

သဇင်နွယ်ဝင်း ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး TV Presenter တစ်ယောက်ပါ။ရုပ်ရည်ရော သူမရဲ့ ရုပ်သံ အစီအစဉ် တင်တင်ဆက်မှုမှာပါ လုံးဝ ပြီးပြည့်စုံသူလေးပါ။ချစ်စရာ ကောင်းတဲ့ Presenter လေးမို့ ချစ် ခင်အားပေးတဲ့ ပရိသတ်တွေ  အများကြီးပါ။ အစီအစဉ် တင်ဆက်တဲ့ နေရာမှာ တင်မဟုတ်ပဲ က တဲ့ နေရာမှာပါ တော်သူ လေးဆိုတာကိုတော့ Dancing with the Stars Myanmar မှာ ပါဝင်ခဲ့တဲ့ သူမရဲ့ အက Skill တွေကို ကြည့်ရင် သိနိုင်ပါတယ်။

Image: Fb/Thazin Nwe Win
Image: Fb/Thazin Nwe Win

သဇင်နွယ်ဝင်းက တော့ သူမရဲ့ အလုပ်တွေ အရမ်းများတဲ့ တစ်နေ့တာ အကြောင်းကို Fb မှာ ဝေမျှ ပေးလိုက်ပါတယ်။MRTV 4 ရဲ့ Presenter ဇော်ထက်ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ရာကနေ တစ်နေကုန် သူမ သွားခဲ့ရတဲ့ ပွဲ တွေကို ပြောပြခဲ့တာပါ။သူမ တက်ခဲ့တဲ့ ပွဲတွေ ထဲမှာတော့ YCDC Golf Club  ရဲ့ပွဲလည်း ပါပါတယ်။YCDC Golf Club ရဲ့ (၅၂)နှစ်ပြည့် ပွဲလေးမှာ MC အဖြစ်နဲ့ ပါဝင် ပေးခဲ့တာပါ။ဒီပွဲမှာတော့ အေးမြဖြူ လေးနဲ့ပါ တွေ့ ဖြစ် ခဲ့ပါတယ်။နှစ်ယောက် တွဲ ရိုက်ထားတဲ့ အမှတ် တရ ပုံလေးကိုပါ ဝေမျှ ထားပါတယ်။

READ
စစ်တပ်ထဲမှာ ဒဏ်ရာရရှိထားတဲ့ G-Dragon ရဲ့ ဓါတ်ပုံတွေထွက်ပေါ်
Image: Fb/Thazin Nwe Win
Image: Fb/Thazin Nwe Win

“နေ့က Yesterday ပေါ့နော်… တနေကုန်တနေခမ်းသဇင်လျှမ်းခဲ့တဲ့ လမ်းကြောင်းလေးကို Story ကြိပီး ဘယ်ရောက်လို့ရောက်နေမှန်းမသိ ဝေခွဲမရတဲ့အတွက် လာရောက်မေးမြန်းသူများကို ပို့စ်နဲ့တကွ ရှင်းပြတာပါ…
မနက်ခင်း Hotel Melia မှာကျင်းပတဲ့ Z&Zရဲ့ မင်္ဂလာပွဲကို မြန်မာဝတ်စုံနဲ့တက်ရောက်ခဲ့တယ်ပေါ့နော်..အဲ့ဒီနောက်မှာတော့ အိမ်ပြန် ထမင်းစား အမှိုင်းတဖြတ် အိပ် ရေမိုးချိုး မော်စကော်ပြင်ပီး YCDC Golf Club 52yrs anniversary ပွဲမှာ MC သွားလုပ်, မိုးသိုလေးနဲ့ ဆုံ, ပွဲပြီးတဲ့နောက် ဝေဇယန္တတာလမ်းမကြီးပေါ်

Image: Fb/Thazin Nwe Win
Image: Fb/Thazin Nwe Win

က ရေကူးstudioမှာကျင်းပနေတဲ့ DWTS Grand Finale ပြိုင်ပွဲကြီးသို့ တဖြတ်သွားရောက်ကြည့်ရှုအားပေးစဉ် ပွဲသို့လာရန်အင်တိုက်အားတိုက်ခေါ်နေသော Scriptမတ်မတ် Myat Noe Layလေးနဲ့ တွေ့,တဖြတ်ခွီ selfieရိုက်,လဝန်လေးနဲ့ storyတင်, မောင်လေးစိုင်းဘိုကိုအကူညီတောင်းဓါတ်ပုံတွေရိုက်ပီး Z&Z ရဲ့ Wedding dinner ကိုဆက်လက်ထွက်ခွာခဲ့ရာ တပျော်တပါးပါဝင်ဆင်နွှဲပြီး ဗိုက်ဆာတဲ့အတွက် မယု ဆိတ်စွပ်ဆိုင်မှာ ထမင်းဒေထပ်စားပြီးနောက် အိမ်သို့ပြန်လည်​ရောက်ရှိခဲ့ရာ မေကြီးနဲ့ နာရီဝက်ခန့်စကားပြောပြိီး sleep musicလေးဖွင့်ကာ အိပ်ယာဝင်ခဲ့ဘာဒယ်….  မောထှာ!……………….” ဆိုၿပီး သဇင်နွယ်ဝင်း ကတော့ သူမရဲ့ အလုပ်များတဲ့ တစ်နေ့တာ အ ကြောင်းကို သူမကို ချစ်တဲ့ ပရိသတ် တွေ အတွက် ဝေမျှပေးခဲ့ပါတယ်။

Source:Fb/Thazin Nwe

SHARE