နေထွက် နေ၀င် အလှကို အခမ်းအနားဆုံး ခံစားရမယ့် အမေရိကန်နိုင်ငံက နေရာ (၁၀) ခု

အမေရိကန်နိုင်ငံမှာ တစ်နေ့ နှစ်ကြိမ် ထာဝရဖြစ်နေမယ့် နေ၀င် နေထွက် အချိန်ရဲ့ အလှအပတွေကို အပြည့်အ၀ခံစားနိုင်တဲ့အမျိုးသားဥယျာဉ် (၁၀) ခုရှိပါတယ်။ ဒီနေရာတွေမှာ မှော်ဝင်တဲ့ အာရုံဦးအလှ၊ ဆည်းဆားအလှတွေကို တွေ့ရမှာဖြစ်သလို အခွင့်ရရင် သွားသင့်တဲ့ အမေရိကန်နိုင်ငံရဲ့ ထိန်းသိမ်းထားတဲ့ ဧရိယာတွေဖြစ်တယ်။ ဘယ်လိုနေရာတွေလဲ သိရအောင် ဖော်ပြပေးလိုက်ပေးပါတယ်။

Acadia National Park

National Geographic

အမေရိကနိုင်ငံရဲ့ ပထမဆုံး နေထွက်ချိန်ကို ခံစားဖို့ Acadia အမျိုးသား ဥယျာဉ်ကို မနက်စောစောထတတ်တဲ့ သူတွေဟာ သွားရောက်စုဝေးကြပါတယ်။ အောက်တိုကနေ မတ်လအတွင်း အမေရိကန် ပြည်ထောင်စုပေါ်ကို ကျရောက်မယ့် အလင်းနေ့တာများရဲ့ ပထမဆုံးနေ့ကို  Maine ကမ်းရိုးတန်းပေါ်က Acadia ဥယျာဉ်မှာရှိတဲ့ Cadillac တောင် (၁၅၂၈ ပေ) ပေါ်မှာ  ခံစားကြပါတယ်။

Yosemite Valley

National Geographic

နေ့ဝင်ချိန် ဆည်းဆာအလှကို ဖော်ကျူးချင်တဲ့ သဘာဝအလှ ဓာတ်ပုံဆရာတွေဟာ California  ပြည်နယ် အမျိုးသားဥယျာဉ်ထဲက Yosmite တောင်ကြားမှာ ရှိတဲ့ နာမည်ကျော် Half Dome (လိပ်ခုံးတောင်) ကိုသွားရောက်ပြီး ထူးခြားတဲ့ ပုံရိပ်တွေကို မလွှတ်တမ်း ဖမ်းယူကြပါတယ်။

Canaveral National Seashore

National Geographic

ဖလော်ရီဒါပြည်နယ်က Atlantic ကမ်းရိုးတန်းပေါ်က အလွတ်ထားထားတဲ့ Canaveral အမျိုးသား ပင်လယ်ကမ်းရိုးတန်ပေါ်က Klondike ကမ်းခြေကနေ နေထွက်ချိန် အခိုက်အတန့်ကို ရင်သပ်ရှုမောဖွယ် ခံစားနိုင်ပါသေးတယ်။ လွန်ခဲ့တဲ့ (၁၉၇၅) ခုနှစ်လောက်ကတည်းက ထိန်းသိမ်းထားတာဖြစ်ပြီး ခြေကျင်သာ သွားခွင့်ပြုထားတယ်လို့ သိရတယ်။

READ
လျှောက်ကြည့်ရင်း အချိန်ကုန်လို့ ကုန်မှန်းမသိဖြစ်ရမယ့် ကမ္ဘာ့အလှပဆုံး လေဆိပ်များ

National Mall

National Geographic

Washington D.C မြို့က Jefferson အောက်မေ့ဖွယ် အဆောက်အဦးနဲ့ Tidal မြစ်ဝှမ်း အပေါ်လွှမ်းခြုံထားတဲ့ ညနေ နေ၀င်ဆည်းဆာဟာ အင်မတန်မှ ရင်သပ်ရှုမောဖွယ်ကောင်းတယ်လို့ သိရပါတယ်။

Joshua Tree National Park

National Geographic

Joshua Tree အမျိုးသားဥယျာဉ်ဟာ ကယ်လီဖိုးနီးယာပြည်နယ် တောင်ပိုင်းက ထိန်းသိမ်းထားတဲ့ ဧရိယာတစ်ခုဖြစ်တယ်။ ကျောက်သားကျောက်ဆောင်တွေ၊ သဲကန္တရ လွင်ပြင်တွေ၊ ရှားစောင်းပင်တွေ ပင်ယွန်ပင်တွေနဲ့ နာမည်ကျော် ဒီ အမျိုးသားဥယျာဉ်မှာ ပန်းရောင် ဆည်းဆာအလှကို ထူးခြားစွာ ခံစားနိုင်ပါတယ်။

Badlands National Park

National Geographic

Badlands National Park ကတော့ ဒါကိုတာ ပြည်နယ်တောင်ပိုင်းမှာ ရှိပါတယ်။ ကောင်းဘွိုင်ဇာတ်ကားတွေထဲကလို နေ၀င် နေထွက် အလှနှစ်မျိုးလုံးကို တွေ့ရမယ်။ နောက်ပြီး ပြုပြုမွမ်းမံထားခြင်းမရှိတဲ့ ကျောက်စိုင် ကျောက်သားတွေနဲ့ မတူညီ လတ်ဆတ်တဲ့ စိတ်အာရုံတွေကို ခံစားရမယ်။

Death Valley National Park

National Geographic

‘ဒီ အမျိုးသား ဥယျာဉ်ကတော့ ကယ်လီဖိုးနီးယားက နာမည်ကျော်တစ်ခုပဲဖြစ်တယ်။ ဒီ ဥယျာဉ်မှာဆိုလည်း နေ၀င် နေထွက် နှစ်မျိုးလုံးကို Zabriskie နဲ့ Sand Dunes ဆိုတဲ့ အဓိက ပွိုင့်နှစ်နေရာကနေပြီး ကြည့်ရှု့ ခံစားနိုင်ပါတယ်။

READ
သည်းထိတ်ရင်ဖို ရသအပြည့်နဲ့ ကမ္ဘာ့အန္တရာယ်အများဆုံး တောက်တက်လမ်း

Arches National Park

National Geographic

Utah ပြည်နယ်က Arches National Park မှာဆို သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ကျောက်ခုံးတွေဟာ ကန္တာရ နေရောင်အောက်မှာ  မီးတောက် မီးညွှန့်တွေ အလားမှတ်ထင်ရပြီး အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းရဲ့ သင်္ကေတအဖြစ် ဖော်ဆောင်လျက်ရှိနေပါတယ်။

Petrified Forest National Park

National Geographic

အာရီဇိုးနား ပြည်နယ်က Petrified Forest National Park မှာဆိုလည်း အမေရိကားရဲ့ မှော်ဝင် နေထွက်ချိန် အလှကို ခံစားဖို့ ဆက်တင်တွေရှိနေပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရှေးကလူတွေဟာ ဒီနေရာနေ စပြီး အချိန်တွေကို တွက်ချက်ခဲ့တယ်လို့သိရတယ်။

Saguaro National Park

National Geographic

အာရီဇိုးနား ပြည်နယ် Tucson မြို့ရှိ အမျိုးသား ဥယျာဉ်က Saguaro ရှားစောင်ပင်တွေဟာ ညနေမှာ နေမင်းကို လက်မြှောက်နှုတ်ဆက်နေသလို ရှိနေပါတယ်။ ဒီ ဥယျာဉ်မှာလည်း နေ၀င်ဆည်းဆာ အလှကို ခံစားနိုင်မယ့် နေရာနှစ်နေရာရှိပါတယ်။ အရှေ့ပိုင် Rincon တောင်တန်းတွေပေါ်ကလည်းကောင်း၊ ရှားစောင်းပင်တွေ၊ ကျားလျှာသီးပင်တွေ ပေါက်ရောက်နေတဲ့ မြေပြင်ပေါ်ကနေလည်းကောင်း အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းရဲ့ နေ၀င်ချိန် ရှုခင်းတွေကို ခံစားနိုင်ပါတယ်။

Matthew (ShweMom)

Source : NationalGeographic

SHARE