ဆေးဖိုးအကြွေးတွေ ဆပ်ဖို့ အပျိုစင်ဘဝကို ဈေးအမြင့်ဆုံးပေးသူထံ ရောင်းချမယ့်အမျိုးသမီး

Twitter/Amada

ဆွစ်ဇာလန်နိုင်ငံက အသက်(၂၀)အရွယ် Amanda အမည်ရ အမျိုးသမီးငယ်တစ်ဦးဟာ ဆေးဖိုးအကြွေးတွေ ဆပ်ဖို့အတွက် အပျိုစင်ဘဝကို ဈေးအမြင့်ဆုံး ပေးသူထံ ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ The mirror သတင်းစာရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။ သူမဟာ ကမ္ဘာကျော် အပျိုစင်လေလံဈေးကွက် ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ Cinderella Escort နဲ့ ချိတ်ဆက်ခဲ့တာပါ။

Amanda ဟာ ယာဉ်မတော်တဆမှုတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့ပြီးနောက် ဆေးကုသမှုခံယူခဲ့ရရာ၊ အဲဒီဆေးဘိုးအကြွေးတွေ သောင်တင်နေခဲ့လို့ ဖြေရှင်းဖို့နည်းလမ်း ရှာနေတာလို့ ဆိုပါတယ်။ သူမက ငွေရဖို့ အဓိကဖြစ်တာကြောင့် အပျိုစင်ဘဝကို ဝယ်မယ့်သူက ဘယ်သူဖြစ်နေနေ အရေးမကြီးပါဘူးတဲ့။

Twitter/Amada128

ယာဉ်မတော်တဆမှုဟာ သူမ အသက်(၁၈)နှစ်အရွယ်ကတည်းက ဆွစ်ဇာလန်နိုင်ငံ ပြင်ပမှာ  ဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။ အဲဒီအတွက် အိမ်ပြန်လာဖို့စာရိတ်၊ ယာဉ်ပျက်စီးမှုအတွက် ကျခံရတဲ့စာရိတ်နဲ့ ဆေးကုသစာရိတ် အကြွေးတွေရှိခဲ့ပါတယ်။ ဒီအကြွေးတွေကို မိဘတွေက စိုက်ပေးထားတာပါတဲ့။

အခုအခါမှာတော့ Amanda အနေနဲ့ မိဘကို ဒီပိုက်ဆံတွေ ပြန်ပေးဖို့ ပြင်ဆင်နေတာပါတဲ့။ သူမအနေနဲ့ အပျိုစင်ဘဝကို အနည်းဆုံး ပေါင်(၅၀၀၀၀)လောက်နဲ့ ရောင်းချနိုင်မယ်လို့ ယုံကြည်နေပါတယ်။ သူမက “ ဒီမတော်တဆမှုက ဘဝဆိုတာ စီစဉ်ထားသလို မဖြစ်နိုင်ဘူးဆိုတာ ကျွန်မကို သတိပေးသလို ဖြစ်စေခဲ့တယ် ”လို့ ပြောခဲ့ပါတယ်။

သူမက ဆက်လက်ပြီး “ အသက်(၂၀)အရွယ်မှာ အပျိုစင်ဖြစ်နေသေးတယ်ဆိုရင် ရယ်စရာ ဖြစ်နေမယ်ထင်တယ် .. တကယ်တော့ အပျိုစင်ဘဝဆိုတာ ဒီမတိုင်ခင်မှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြောင့် တူညီတဲ့အဓိပ္ပါယ်အဖြစ် တည်ရှိမနေတော့ပါဘူး .. ဒီတော့ အပျိုစင်ဘဝကို ဘယ်သူ့ဆီမှာ ဆုံးရှုံးရမယ်ဆိုတာကို ကျွန်မ ဂရုမစိုက်တော့ပါဘူး ”လို့ ပြောခဲ့ပါတယ်။

Twitter/Amada128

ဆွစ်ဇာလန်နိုင်ငံမှာ ပြည်တန့်ဆာလုပ်ငန်းဟာ ဥပဒေနဲ့အညီ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ သို့သော်လည်း Amanda အနေနဲ့ အခုလို ပြဿနာကိုဖြေရှင်းဖို့ရွေးချယ်လိုက်တဲ့ နည်းလမ်းက တစ်ခြားအမျိုးသမီးတွေအတွက်လည်း နမူနာယူစရာဖြစ်လာနိုင်ပါတယ်။ ဒါကို အာဏာပိုင်တွေဘက်က စိုးရိမ်နေပါတယ်။

အခုကိစ္စဟာ သူမအနေနဲ့ သင့်တော်မှန်ကန်တယ်လို့ Amanda က ပြောပါတယ်။ တချို့သောအမျိုးသမီးတွေမှာ အပျိုစင်ဘဝကို ရောင်းချခြင်းကနေ ပေါင်သန်းနဲ့ချီ ရရှိခဲ့တာမျိုးလည်း ရှိကြောင်း သိရပါတယ်။ ဒါပေမယ့် တချို့ကတော့ ဒီလိုကိစ္စရပ်တွေမှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှာကို စိုးရိမ်တာမျိုးလည်း ရှိနေပါတယ်။

လင်းသူရိန်

SHARE